
ဝက်စ်ဟမ်းအသင်းနောက်ခံလူဖြစ်တဲ့ ကာ့တ်ဇူးမားဟာ
သူ့မွေးထားတဲ့ကြောင်ကို နှိပ်စက်ခဲ့လို့
တရားစွဲခံရဖို့ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ရှိတဲ့ ဇူးမားဟာသူ့ကြောင်ကိုမျက်နှာတွေဖြတ်ရိုက်၊
လေထဲကိုမြှောက်ပြီး ပြန်အကျမှာဘော လုံးလိုကန်၊
ထပ်ပြီးကိုင်ပေါက်တာတွေလုပ်ခဲ့တာပါ။
ဒီလိုနှိပ်စက်နေတာကို သူ့ရဲ့ပေါင် ၂ သန်းတန်စံအိမ်ကသူ့မိသားစုဝင် တွေနဲ့
သူ့ကလေးတွေရှေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး
သူ့အစ်ကိုဖြစ်သူက ဗီဒီယို ရိုက်ကူးခဲ့တာပါ။
ဒီဗီဒီယို ဖိုင်ပျံ့နှံ့လာပြီးနောက် ဝက်စ်ဟမ်းအသင်းက ဇူးမားရဲ့
ရက်စက်တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့သလို ကလပ်အတွင်း
အရေးယူမှုပြုလုပ်သွားမယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။
ဖြစ်ချင်တော့အသက် ၂၇ နှစ်ရှိတဲ့ ဇူးမားဟာ ကြောင်ကြီးမျိုးနွယ်ဝင်တွေဖြစ်တဲ့
ကျားတွေ၊ ခြေင်္သေ့တွေအတွက် ခိုလှုံနိုင်ဖို့နေရာရစေရေးအကူအညီပေးနေတဲ့
ပြင်သစ်က Seed အဖွဲ့ရဲ့သံတမန်တစ်ဦးဖြစ်နေတာပါဘဲ။
သူဟာအဲဒီ အဖွဲ့အတွက်ပြီးခဲ့တဲ့နှစ်ကပေါင် ၂၀၀၀၀ အထိ
ရှာဖွေပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒီအဖွဲ့ဟာ မတရားနှိပ်စက်တတ် တဲ့ ပိုင်ရှင်တွေလက်ထဲကနေ
ကျားတွေ၊ ခြေင်္သေ့တွေကို ကယ်ဆယ်ပြီး ခိုလှုံရာနေရာ
ရှာဖွေပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ဒီ တိရိစ္ဆာန်တွေဟာ တောထဲကိုသဘာတအတိုင်းလွှတ်ရင်
အသက်ရှင်သန်နိုင်ဖို့မရှိလို့ အခုလိုရှာဖွေပေးနေတာလည်းဖြစ် ပါတယ်။
ဒီဗီဒီယိုဖိုင်ထွက်လာပြီးနောက် ဇူးမားက စိတ်မကောင်းကြီးစွာနဲ့တောင်းပန်ခဲ့ပေမယ့်
ရဲတပ်ဖွဲ့ကတော့သူ့ကို တိရိစ္ဆာန်ညှင်း ပမ်း နှိပ်စက်မှုနဲ့တရားစွဲဖို့ရှိနေပါတယ်။
ဇူးမားက” ကျွန်တော့်လုပ်ရပ်အတွက်တောင်းပန်ချင်ပါတယ်။
အခုလိုနှိပ်စက်ခဲ့တာ အတွက်လည်း ဘာအကြောင်းပြချက်မှ
ပေးလို့မရတာလည်း သိပါတယ်။
ကျွန်တော်တကယ့်ကိုနောင်တရမိသလို တောင်း လည်းတောင်းပန်ပါတယ်။
ဒီဗီဒီယိုကိုမြင်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရသူတွေအတွက်လည်း စိတ်မကောင်းပါဘူး။
ကျွန် တော်တို့မိသားစုဟာ တိရိစ္ဆာန်တွေကိုချစ်မြတ်နိုးကြပြီး
အခုဖြစ်ရပ်ကမထင်ဘဲဖြစ်ခဲ့တာပါ။ ဒါမျိုးထပ်မဖြစ်စေရပါဘူး” လို့ပြောသွားပါတယ်။
သတင်းတွေအရသူ့ကြောင်ဟာ ကျားသစ်ပုံစံနဲ့တူတယ့်
Bengal မျိုးနွယ်ဝင်ဈေးကြီးတဲ့ကြောင်ဖြစ်ပြီး
သူ့ကြောင့်အိမ်ထဲမှာညစ်ပေရှုပ်ပွခဲ့လို့
ဇူးမားကဒေါသထွက်ပြီးလုပ်ခဲ့တာလို့လည်း သိရပါတယ်။
zawgyi
သံတမန္ေၾကာင္ကို ကိုင္ေပါက္လိုက္ ျပန္ေကာက္လိုက္နဲ႔ ႏွိပ္စက္ေနလို႔ တရားစြဲခံရဖို႔ရွိေနတဲ့ ဇူးမား
ဝက္စ္ဟမ္းအသင္းေနာက္ခံလူျဖစ္တဲ့ ကာ့တ္ဇူးမားဟာ
သူ႔ေမြးထားတဲ့ေၾကာင္ကို ႏွိပ္စက္ခဲ့လို႔
တရားစြဲခံရဖို႔ရွိေနတယ္လို႔ သိရပါတယ္။
အသက္ ၂၇ ႏွစ္ရွိတဲ့ ဇူးမားဟာသူ႔ေၾကာင္ကိုမ်က္ႏွာေတြျဖတ္႐ိုက္၊
ေလထဲကိုေျမႇာက္ၿပီး ျပန္အက်မွာေဘာ လုံးလိုကန္၊
ထပ္ၿပီးကိုင္ေပါက္တာေတြလုပ္ခဲ့တာပါ။
ဒီလိုႏွိပ္စက္ေနတာကို သူ႔ရဲ႕ေပါင္ ၂ သန္းတန္စံအိမ္ကသူ႔မိသားစုဝင္ ေတြနဲ႔
သူ႔ကေလးေတြေရွ႕မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး
သူ႔အစ္ကိုျဖစ္သူက ဗီဒီယို ႐ိုက္ကူးခဲ့တာပါ။
ဒီဗီဒီယို ဖိုင္ပ်ံ႕ႏွံ႔လာၿပီးေနာက္ ဝက္စ္ဟမ္းအသင္းက ဇူးမားရဲ႕
ရက္စက္တဲ့လုပ္ရပ္ကို ရႈတ္ခ်ခဲ့သလို ကလပ္အတြင္း
အေရးယူမႈျပဳလုပ္သြားမယ္လို႔ ထုတ္ ျပန္ခဲ့ပါတယ္။
ျဖစ္ခ်င္ေတာ့အသက္ ၂၇ ႏွစ္ရွိတဲ့ ဇူးမားဟာ ေၾကာင္ႀကီးမ်ိဳးႏြယ္ဝင္ေတြျဖစ္တဲ့
က်ားေတြ၊ ေျခေသၤ့ေတြအတြက္ ခိုလႈံႏိုင္ဖို႔ေနရာရေစေရးအကူအညီေပးေနတဲ့
ျပင္သစ္က Seed အဖြဲ႕ရဲ႕သံတမန္တစ္ဦးျဖစ္ေနတာပါဘဲ။
သူဟာအဲဒီ အဖြဲ႕အတြက္ၿပီးခဲ့တဲ့ႏွစ္ကေပါင္ ၂၀၀၀၀ အထိ
ရွာေဖြေပးႏိုင္ခဲ့တယ္လို႔လည္းသိရပါတယ္။
ဒီအဖြဲ႕ဟာ မတရားႏွိပ္စက္တတ္ တဲ့ ပိုင္ရွင္ေတြလက္ထဲကေန
က်ားေတြ၊ ေျခေသၤ့ေတြကို ကယ္ဆယ္ၿပီး ခိုလႈံရာေနရာ
ရွာေဖြေပးေနတဲ့အဖြဲ႕ျဖစ္ပါတယ္။
ဒီ တိရိစာၦန္ေတြဟာ ေတာထဲကိုသဘာတအတိုင္းလႊတ္ရင္
အသက္ရွင္သန္ႏိုင္ဖို႔မရွိလို႔ အခုလိုရွာေဖြေပးေနတာလည္းျဖစ္ ပါတယ္။
ဒီဗီဒီယိုဖိုင္ထြက္လာၿပီးေနာက္ ဇူးမားက စိတ္မေကာင္းႀကီးစြာနဲ႔ေတာင္းပန္ခဲ့ေပမယ့္
ရဲတပ္ဖြဲ႕ကေတာ့သူ႔ကို တိရိစာၦန္ညႇင္း ပမ္း ႏွိပ္စက္မႈနဲ႔တရားစြဲဖို႔ရွိေနပါတယ္။
ဇူးမားက” ကြၽန္ေတာ့္လုပ္ရပ္အတြက္ေတာင္းပန္ခ်င္ပါတယ္။
အခုလိုႏွိပ္စက္ခဲ့တာ အတြက္လည္း ဘာအေၾကာင္းျပခ်က္မွ
ေပးလို႔မရတာလည္း သိပါတယ္။
ကြၽန္ေတာ္တကယ့္ကိုေနာင္တရမိသလို ေတာင္း လည္းေတာင္းပန္ပါတယ္။
ဒီဗီဒီယိုကိုျမင္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ရသူေတြအတြက္လည္း စိတ္မေကာင္းပါဘူး။
ကြၽန္ ေတာ္တို႔မိသားစုဟာ တိရိစာၦန္ေတြကိုခ်စ္ျမတ္ႏိုးၾကၿပီး
အခုျဖစ္ရပ္ကမထင္ဘဲျဖစ္ခဲ့တာပါ။ ဒါမ်ိဳးထပ္မျဖစ္ေစရပါဘူး” လို႔ေျပာသြားပါတယ္။
သတင္းေတြအရသူ႔ေၾကာင္ဟာ က်ားသစ္ပုံစံနဲ႔တူတယ့္
Bengal မ်ိဳးႏြယ္ဝင္ေဈးႀကီးတဲ့ေၾကာင္ျဖစ္ၿပီး
သူ႔ေၾကာင့္အိမ္ထဲမွာညစ္ေပရႈပ္ပြခဲ့လို႔
ဇူးမားကေဒါသထြက္ၿပီးလုပ္ခဲ့တာလို႔လည္း သိရပါတယ္။