သံချေးတက် မာရှယ်နဲ့ ဆီဗီလာနည်းပြ
မာရှယ်အနေနဲ့ အခုထက်ပိုပြီးပေးဆပ်ဖို့လိုနေတယ်လို့ သူ့အသင်းသစ် ဆီဗီလာရဲ့
နည်းပြဖြစ်တဲ့ လိုပက်တီဂူ ကဝေဖန်လိုက ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ
ပြီးခဲ့တဲ့လက ဗီလာနဲ့မန်ယူတို့ရဲ့ပွဲမှာပါဝင်ကစားဖို့ငြင်းပယ်ခဲ့တာကြောင့်
နည်းပြရန်းနစ်ခ် နဲ့ အခြေအတင်ဖြစ်ခဲ့ပြီး ဆီဗီလာကိုရောက်ရှိလာတဲ့သူဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိတဲ့ မာရှယ်ဟာစနေနေ့ညက အိုဆာ ဆူနာနဲ့ ဂိုးမရှိသရေကျတဲ့ပွဲမှာ
ဆီဗီလာအတွက်ပွဲထွက်ကစားခဲ့ပေမယ့် ထင်သလောက်ခြေစွမ်းမပြနိုင်ဘဲ
ဂိုးပေါက်တည့် အောင်ကန်ချက်လည်းတစ်ကြိမ်မှမရှိခဲ့လို့ ၇၆ မိနစ်မှာလူစားလဲခံခဲ့ရပါတယ်။
ဆီဗီလာကို ရာသီကုန်ချိန်အထိအငှားစာချုပ် နဲ့ လာကစားနေရတဲ့ မာရှယ်ဟာ မန်ယူအသင်းမှာ
ဒဏ်ရာပြဿနာအချို့နဲ့အတူ ၄ လကြာအောင်ကစားခဲ့ရခြင်းမရှိခဲ့တာကြောင့်
အိုဆာဆူနာနဲ့ပွဲက သူ့အတွက် ၄ လအတွင်းပထမဆုံးပြိုင်ပွဲတစ်ရပ်ဖြစ်ခဲ့ရတာပါ။
သူဟာဒီပွဲမှာခြေစွမ်းပြဖို့ကြိုး စားခဲ့ပေမယ့် ဘာမှသိပ်မတတ်နိုင်ခဲ့ဘဲ ခြေစွမ်းကလည်း
ပုံမှန်အောက်မှာသာရှိနေခဲ့တာပါ။ ဒါကြောင့်လည်းပွဲအပြီးမှာ လိုပက်တီဂူက မာရှယ်ရဲ့
ခြေစွမ်းကိုသူမနှစ်သက်သေးဘူးဆိုတာကို စကားလုံးအသုံးအနှုန်းရွေးချယ်ကာ
ကြည့်ကောင်းအောင်ပြောသွားခဲ့ပါတယ်။
သူက” သူပိုပြီးလုပ်ပြနိုင်ရမှာပါ။ ဒီပွဲဟာသူ့အတွက် ပထမဆုံးပွဲဖြစ်တာကြောင့်
မလွယ်ကူမှန်းတော့သိပါတယ်။ သူဟာဘောလုံးမကစားခဲ့ရတာကြာနေလို့
ဒီကိုရောက်လာတဲ့အချိန်မှာလည်း ဝန်စည်စလယ်တွေထမ်းပိုးထားရသလိုဖြစ်နေပါတယ်။
ဒါကြောင့်သူ့အမြန်နှုန်းကိုလည်းမြှင့်တင်ဖို့ လိုအပ်နေပါတယ်” လို့ ပြောသွားပါတယ်။
ဒီပွဲမှာဆီဗီလာအတွက်အနိုင်ရဖို့အကောင်းဆုံးအခိုက်အတန့်က နာကျင်အချိန်ပိုမှာ
ရောက်လာခဲ့ပြီး ပင် နယ်တီရခဲ့ပေမယ့် ကွင်းလယ်လူ ရာကီတစ်က
ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိလို့ အများကြီးနစ်နာခဲ့ရပါတယ်။ ဆီဗီလာဟာ
လာမယ့်သောကြာနေ့မှာ အယ်လ်ချီနဲ့အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။
Zawgyi