သဲကန္တာရထဲမှာ ရေသွားခပ်ကြမယ့် အာဆင်နယ်နဲ့ လီဗာပူး

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ကတော့ ဈေးကွက်စီးပွားရေးမှာ တခြားဥရောပ ကလပ်အသင်းတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတယ်လို့ ဆိုရလေမလားပါပဲ။

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးကို နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ရက်ပေါင်း ၄၀ နီးပါးလောက် အနားရနေပါတယ်။

ဒါပေမဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ကတော့ အ နားယူမှာ မဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေတဲ့ ယူအေအီးမှာ ၂၀၂၂ ဒူဘိုင်းစူပါဖလားပြိုင်ပွဲကို သွားပြီးကစားမှာ ဖြစ်ပါတယ်။

ဒူဘိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒူဘိုင်း စူပါဖလားပြိုင်ပွဲကို ဒီဇင်ဘာလထဲမှာ ကစားမှာ ဖြစ်ပြီး အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကို

အချိန်မီ ပြန်ရောက်လာကြမယ်လို့ သိရပါတယ်။ ၂၀၂၂ ဒူဘိုင်း စူပါဖလားပြိုင်ပွဲကို အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အာဆင်နယ်၊ လီဗာပူးနဲ့ ကျန်တဲ့ ၂ သင်းကတော့ စီးရီးအေထိပ်သီး အေစီမီလန်နဲ့

ပြင်သစ်ထိပ်သီး လိုင်ယွန်တို့ ဖြစ်ကြပါတယ်။ ပြိုင်ပွဲက ဒီဇင်ဘာ ၈ ရက် မှာ စတင်မှာဖြစ်ပြီး ၁၆ ရက်နေ့မှာ ပြီးဆုံးမှာပါ။ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ မီလန်၊ လိုင်ယွန်တို့နဲ့ ထိပ်တိုက် ဆုံတွေ့မှာဖြစ်ပြီး

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းအချင်းချင်း တွေ့ဆုံဖို့ ပွဲစဉ်ဇယား ရေးဆွဲ ထားတာမျိုး မရှိပါဘူး။ အာဆင်နယ်က ဒီဇင်ဘာ ၈ ရက်မှာ လိုင်ယွန်နဲ့ စတင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီနောက် ၃ ရက်အကြာမှာ

လီဗာပူးက ပြင်သစ်ကလပ်နဲ့ ထိပ်တိုက်ဆုံရမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဒီဇင်ဘာ ၁၃ ရက်မှာ မီလန်နဲ့ ကစားရဖို့ရှိနေပြီး အဲဒီနောက် ၃ ရက်အကြာမှာပဲ လီဗာ ပူးက အီတလီကလပ်နဲ့ ဆက်ပြီး ရင်ဆိုင်ရမှာပါ။

အဲဒီပွဲစဉ် ၄ ပွဲစလုံးကို ပရိ သတ် ၁၅၀၀၀ ဝင်ဆံ့တဲ့ အယ်လ်မာတွန် ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ် ပြီး နိုင်ပွဲရတဲ့အသင်းက ၃မှတ်၊ သရေကျတဲ့အသင်းက ၂ မှတ် ရရှိမှာ ဖြစ်ပါတယ်။

ပွဲစဉ်တစ်ပွဲ ပြီးသွားတဲ့အခါ အနိုင်အရှုံးကို ပဓာန မထားဘဲ ပင်နယ်တီ ကန်ကြရမှာဖြစ်ပြီး ပင်နယ်တီမှာ အနိုင်ရသွားတဲ့ အသင်းကို တစ်မှတ်ပေါင်း ထည့်ပေးမှာ ဖြစ်သလို ပွဲစဉ် ၄ ပွဲစလုံး ပြီးသွားတဲ့အချိန်မှာ

ရမှတ် အများဆုံး အသင်းက ချန်ပီယံဆုကို ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆုကြေး ငွေကိုတော့ အတိအကျ သိရှိရတာမျိုး မရှိပေမဲ့ အီးမရိတ်စ်လေကြောင်းလိုင်း အပါအဝင်

ယူအေအီးနိုင်ငံစီးပွားရေး ထိပ်သီး ကုမ္ပဏီကြီးတွေက စပွန်ဆာ ပေးထားတဲ့ ပြိုင်ပွဲဖြစ်နေလို့ ဆုကြေးအပြင် တခြား ဘောက်ဆူးတွေလည်း မြိုးမြိုးမြက်မြက်ရဖို့ သေချာနေတော့ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ

သဲကန္တာ ရထဲကိုသွားပြီး ရေခပ်ကြမ်းကြပါတော့မယ်။

(Zawgyi)

သဲကႏၲာရထဲမွာ ေရသြားခပ္ၾကမယ့္ အာဆင္နယ္နဲ႔ လီဗာပူး

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ေတြျဖစ္ၾကတဲ့ အာဆင္နယ္နဲ႔ လီဗာပူးတို႔က ေတာ့ ေဈးကြက္စီးပြားေရးမွာ တျခားဥေရာပ ကလပ္အသင္းေတြထက္ ေခါင္း တစ္လုံး ပိုျမင့္ေနတယ္လို႔ ဆိုရေလမလားပါပဲ။

ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲ ႀကီးကို ႏိုဝင္ဘာ ၂၀ ရက္ေန႔ကစၿပီး ဒီဇင္ဘာ ၁၈ ရက္အထိ က်င္းပမွာ ျဖစ္ တာေၾကာင့္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ ရက္ေပါင္း ၄၀ နီးပါး ေလာက္

အနားရေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္နဲ႔ လီဗာပူးတို႔ကေတာ့ အ နားယူမွာ မဟုတ္ဘဲ အေရွ႕အလယ္ပိုင္းေဒသမွာ ရွိေနတဲ့ ယူေအအီးႏိုင္ငံမွာ ၂၀၂၂ ဒူဘိုင္းစူပါဖလားၿပိဳင္ပြဲကို သြားၿပီး ကစားမွာ ျဖစ္ပါတယ္။

ဒူဘိုင္းက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ဒူဘိုင္း စူပါဖလားၿပိဳင္ပြဲကို ဒီဇင္ဘာလထဲမွာ ကစားမွာ ျဖစ္ၿပီး အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အဂၤလန္ပရီးမီးယားလိဂ္ကို

အခ်ိန္မီ ျပန္ေရာက္လာၾကမယ္လို႔ သိရပါတယ္။ ၂၀၂၂ ဒူဘိုင္း စူပါဖလားၿပိဳင္ပြဲကို အသင္း ၄ သင္း ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အာဆင္နယ္၊ လီဗာပူးနဲ႔ က်န္တဲ့ ၂ သင္းကေတာ့ စီးရီးေအထိပ္သီး ေအစီမီ လန္နဲ႔

ျပင္သစ္ထိပ္သီး လိုင္ယြန္တို႔ ျဖစ္ၾကပါတယ္။ ၿပိဳင္ပြဲက ဒီဇင္ဘာ ၈ ရက္ မွာ စတင္မွာျဖစ္ၿပီး ၁၆ ရက္ေန႔မွာ ၿပီးဆုံးမွာပါ။ အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ မီလန္၊ လိုင္ယြန္တို႔နဲ႔ ထိပ္တိုက္

ဆုံေတြ႕မွာျဖစ္ၿပီး အဂၤလန္ ပရီးမီးယားလိဂ္ ကလပ္အသင္းအခ်င္းခ်င္း ေတြ႕ဆုံဖို႔ ပြဲစဥ္ဇယား ေရးဆြဲ ထားတာမ်ိဳး မရွိပါဘူး။ အာဆင္နယ္က ဒီဇင္ဘာ ၈ ရက္မွာ လိုင္ယြန္နဲ႔ စတင္

ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီေနာက္ ၃ ရက္အၾကာမွာ လီဗာပူးက ျပင္သစ္ကလပ္နဲ႔ ထိပ္တိုက္ဆုံရမွာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ဒီဇင္ဘာ ၁၃ ရက္မွာ မီလန္နဲ႔ ကစားရဖို႔ရွိေနၿပီး အဲဒီေနာက္ ၃ ရက္အၾကာမွာပဲ လီဗာပူးက

အီတလီကလပ္နဲ႔ ဆက္ၿပီး ရင္ဆိုင္ရမွာပါ။ အဲဒီပြဲစဥ္ ၄ ပြဲစလုံးကို ပရိ သတ္ ၁၅၀၀၀ ဝင္ဆံ့တဲ့ အယ္လ္မာတြန္ ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ ၿပီး ႏိုင္ပြဲရတဲ့အသင္းက ၃မွတ္၊

သေရက်တဲ့အသင္းက ၂ မွတ္ ရရွိမွာ ျဖစ္ပါ တယ္။ ပြဲစဥ္တစ္ပြဲ ၿပီးသြားတဲ့အခါ အႏိုင္အရႈံးကို ပဓာန မထားဘဲ ပင္နယ္တီ ကန္ၾကရမွာျဖစ္ၿပီး ပင္နယ္တီမွာ အႏိုင္ရသြားတဲ့ အသင္းကို တစ္မွတ္ေပါင္း ထည့္ေပးမွာ

ျဖစ္သလို ပြဲစဥ္ ၄ ပြဲစလုံး ၿပီးသြားတဲ့အခ်ိန္မွာ ရမွတ္ အမ်ားဆုံး အသင္းက ခ်န္ပီယံဆုကို ရမွာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ဆုေၾကး ေငြကိုေတာ့ အတိအက် သိရွိရတာမ်ိဳး မရွိေပမဲ့

အီးမရိတ္စ္ေလေၾကာင္းလိုင္း အပါအဝင္ ယူေအအီးႏိုင္ငံစီးပြားေရး ထိပ္သီး ကုမၸဏီႀကီးေတြက စပြန္ဆာ ေပးထားတဲ့ ၿပိဳင္ပြဲျဖစ္ေနလို႔ ဆုေၾကးအျပင္ တျခား ေဘာက္ဆူးေတြလည္း

ၿမိဳးၿမိဳးျမက္ျမက္ရဖို႔ ေသခ်ာေနေတာ့ အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ သဲကႏၲာ ရထဲကိုသြားၿပီး ေရခပ္ၾကမ္းၾကပါေတာ့မယ္။