‘သေး’ဘူးနဲ့ပစ်ပေါက်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ဝက်စ်ဟမ်းအသင်းဒဏ်ငွေချမှတ်ခံရ

မန်ချက်စတာယူနိုက်တက်နဲ့ဝက်စ်ဟမ်းအသင်းတို့ဟာ ပြီးခဲ့တဲ့လအတွင်း

ကစားခဲ့တဲ့ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပွဲတွေတုန်းက ပရိသတ်တွေရဲ့ဆိုးရွားတဲ့

အပြုအမူတွေကြောင့် ဒဏ်ငွေပြစ်ဒဏ်တွေအသီးသီးချမှတ်ခံခဲ့ရပါတယ်။

စက်တင်ဘာ(၂၉)ရက်တုန်းက ဗီလာရီးယဲလ်အသင်းနဲ့အိမ်ကွင်းပွဲစဉ်အဖြစ်

ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့

နောက်ကျဂိုးကြောင့်(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပရိသတ်တွေက ကွင်းထဲထိ

ကျူးကျော်ဝင်ရောက်ပြီးတော့ အောင်ပွဲခံခဲ့သလို ပွဲကစားချိန်အတွင်းမှာလည်း

ပြိုင်ဘက်ပရိသတ်တွေကို အရာဝတ္ထုပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့ကြတဲ့အတွက်

UEFA က ယူနိုက်တက်အသင်းကို ဒဏ်ငွေအဖြစ်ယူရို(၈,၃၇၅)ပြစ်ဒဏ်

ချမှတ်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ(၂၈)ရက်မှာ ဝက်စ်ဟမ်းနဲ့ရက်ပစ်

ဗီယင်နာတို့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ နှစ်ဖက်ပရိသတ်အချင်းချင်း

အရာဝတ္ထုတွေနဲ့အပြန်အလှန်ပစ်ပေါက်ခဲ့သလို တချို့ပရိသတ်တွေက

‘ဆီး’သွားထားတဲ့ဘူးနဲ့ပစ်ပေါက်ခဲ့တဲ့အထိ ဆိုးရွားခဲ့ပြီး အဲဒီအဖြစ်အပျက်အတွက်

UEFA က ဝက်စ်ဟမ်းအသင်းကို ယူရို(၆၀,၀၀၀)ဒဏ်ငွေချမှတ်ခဲ့တဲ့အပြင်

ရက်ပစ်ဗီယင်နာအသင်းကိုလည်း ဒဏ်ငွေယူရို(၆၀,၀၀၀)နဲ့ လာမယ့်ဥရောပ

ပွဲစဉ်တစ်ပွဲကို အသင်းပရိသတ်တွေလာရောက်ကြည့်ရှုခွင့်ပိတ်ပင်ခဲ့ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ရက်ပစ်ဗီယင်နာတို့ပွဲမှာ ဝက်စ်ဟမ်းအသင်းအတွက် ဒီကလန်ရိုက်စ်က

ဂိုးသွင်းယူအပြီးမှာပဲ ရက်ဗစ်ဗီယင်နာပရိသတ်တွေ ဆူပူသောင်းကျန်းခဲ့ကြပြီး

နှစ်ဖက်ပရိသတ်တွေ စတင်အချင်းများခဲ့တာကြောင့် ကွင်းလုံခြုံရေးတွေနဲ့

ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ထိန်းသိမ်းခဲ့ကြပေမယ့် ပရိသတ်အချင်းချင်း

တာ(၂၀)ဝင်ရေသန့်ဘူးကြီးအခွံနဲ့ပစ်ပေါက်ခဲ့သလို တချို့ကလည်း ဆီးသွား

ထားတဲ့ရေဘူးနဲ့ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့သောင်းကျန်းမှု

ကြောင့် အရေးယူခံခဲ့ရတာက ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ရက်ပစ်ဗီယင်နာတို့

တင်မဟုတ်ဘဲ PSG ၊ လီဂီယာဝါဆောအသင်းတို့လည်းပါဝင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ(၂၈)ရက်က မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ

PSG ပရိသတ်တွေက လူသွားလမ်းကို ပိတ်ဆို့ခဲ့တဲ့အပြင် ကွင်းအတွင်းမီးရှူး

မီးပန်းတွေပစ်ဖောက်ခဲ့တာကြောင့် UEFA က PSG အသင်းကို ဒဏ်ငွေယူရို

(၄၀,၂၅၀)ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လက်စတာနဲ့ကစားခဲ့တဲ့ပွဲမှာ လီဂီယာဝါဆော

ပရိသတ်တွေက လူသွားလမ်းကို ပိတ်ဆို့ခဲ့တဲ့လုပ်ရပ်အတွက် လီဂီယာဝါဆော

အသင်းဟာလည်း ဒဏ်ငွေယူရို(၁၆,၀၀၀)ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

Zawgyi

‘ေသး’ဘူးနဲ႔ပစ္ေပါက္ခဲ့ၾကတဲ့ ပရိသတ္ေတြရဲ႕လုပ္ရပ္ေၾကာင့္ ဝက္စ္ဟမ္းအသင္းဒဏ္ေငြခ်မွတ္ခံရ

မန္ခ်က္စတာယူႏိုက္တက္နဲ႔ဝက္စ္ဟမ္းအသင္းတို႔ဟာ ၿပီးခဲ့တဲ့လအတြင္း

ကစားခဲ့တဲ့ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္ပြဲေတြတုန္းက ပရိသတ္ေတြရဲ႕ဆိုး႐ြားတဲ့

အျပဳအမူေတြေၾကာင့္ ဒဏ္ေငြျပစ္ဒဏ္ေတြအသီးသီးခ်မွတ္ခံခဲ့ရပါတယ္။

စက္တင္ဘာ(၂၉)ရက္တုန္းက ဗီလာရီးယဲလ္အသင္းနဲ႔အိမ္ကြင္းပြဲစဥ္အျဖစ္

ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုရဲ႕

ေနာက္က်ဂိုးေၾကာင့္(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပရိသတ္ေတြက ကြင္းထဲထိ

က်ဴးေက်ာ္ဝင္ေရာက္ၿပီးေတာ့ ေအာင္ပြဲခံခဲ့သလို ပြဲကစားခ်ိန္အတြင္းမွာလည္း

ၿပိဳင္ဘက္ပရိသတ္ေတြကို အရာဝတၳဳပစၥည္းေတြနဲ႔ပစ္ေပါက္ခဲ့ၾကတဲ့အတြက္

UEFA က ယူႏိုက္တက္အသင္းကို ဒဏ္ေငြအျဖစ္ယူ႐ို(၈,၃၇၅)ျပစ္ဒဏ္

ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ စက္တင္ဘာ(၂၈)ရက္မွာ ဝက္စ္ဟမ္းနဲ႔ရက္ပစ္

ဗီယင္နာတို႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ႏွစ္ဖက္ပရိသတ္အခ်င္းခ်င္း

အရာဝတၳဳေတြနဲ႔အျပန္အလွန္ပစ္ေပါက္ခဲ့သလို တခ်ိဳ႕ပရိသတ္ေတြက

‘ဆီး’သြားထားတဲ့ဘူးနဲ႔ပစ္ေပါက္ခဲ့တဲ့အထိ ဆိုး႐ြားခဲ့ၿပီး အဲဒီအျဖစ္အပ်က္အတြက္

UEFA က ဝက္စ္ဟမ္းအသင္းကို ယူ႐ို(၆၀,၀၀၀)ဒဏ္ေငြခ်မွတ္ခဲ့တဲ့အျပင္

ရက္ပစ္ဗီယင္နာအသင္းကိုလည္း ဒဏ္ေငြယူ႐ို(၆၀,၀၀၀)နဲ႔ လာမယ့္ဥေရာပ

ပြဲစဥ္တစ္ပြဲကို အသင္းပရိသတ္ေတြလာေရာက္ၾကည့္ရႈခြင့္ပိတ္ပင္ခဲ့ခဲ့ပါတယ္။

ဝက္စ္ဟမ္းနဲ႔ရက္ပစ္ဗီယင္နာတို႔ပြဲမွာ ဝက္စ္ဟမ္းအသင္းအတြက္ ဒီကလန္႐ိုက္စ္က

ဂိုးသြင္းယူအၿပီးမွာပဲ ရက္ဗစ္ဗီယင္နာပရိသတ္ေတြ ဆူပူေသာင္းက်န္းခဲ့ၾကၿပီး

ႏွစ္ဖက္ပရိသတ္ေတြ စတင္အခ်င္းမ်ားခဲ့တာေၾကာင့္ ကြင္းလုံၿခဳံေရးေတြနဲ႔

ရဲတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္ထိန္းသိမ္းခဲ့ၾကေပမယ့္ ပရိသတ္အခ်င္းခ်င္း

လီတာ(၂၀)ဝင္ေရသန႔္ဘူးႀကီးအခြံနဲ႔ပစ္ေပါက္ခဲ့သလို တခ်ိဳ႕ကလည္း ဆီးသြား

ထားတဲ့ေရဘူးနဲ႔ပစ္ေပါက္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ေသာင္းက်န္းမႈ

ေၾကာင့္ အေရးယူခံခဲ့ရတာက ယူႏိုက္တက္၊ ဝက္စ္ဟမ္း၊ ရက္ပစ္ဗီယင္နာတို႔

တင္မဟုတ္ဘဲ PSG ၊ လီဂီယာဝါေဆာအသင္းတို႔လည္းပါဝင္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာ(၂၈)ရက္က မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ

PSG ပရိသတ္ေတြက လူသြားလမ္းကို ပိတ္ဆို႔ခဲ့တဲ့အျပင္ ကြင္းအတြင္းမီးရႉး

မီးပန္းေတြပစ္ေဖာက္ခဲ့တာေၾကာင့္ UEFA က PSG အသင္းကို ဒဏ္ေငြယူ႐ို

(၄၀,၂၅၀)ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီး လက္စတာနဲ႔ကစားခဲ့တဲ့ပြဲမွာ လီဂီယာဝါေဆာ

ပရိသတ္ေတြက လူသြားလမ္းကို ပိတ္ဆို႔ခဲ့တဲ့လုပ္ရပ္အတြက္ လီဂီယာဝါေဆာ

အသင္းဟာလည္း ဒဏ္ေငြယူ႐ို(၁၆,၀၀၀)ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။