သေချာရှင်းပြဖို့ လိုအပ်နေတဲ့ ပက်ဒရီရဲ့ Pre-Assist Pass

စပိန်အသင်းလူငယ်ကွင်းလယ်လူ ပက်ဒရီဟာ ယမန်နေ့ညက

အယ်လ်ဘေးနီးယားကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ
အံ့အားသင့်စရာကောင်းတဲ့ Pre-Assist Pass နဲ့အတူ
သူ့ရဲ့စူပါအရည်အချင်းကို နောက်ထပ် ပြသလိုက်ပါတယ်။
စပိန်အသင်းဟာ ပွဲချိန် ၇၅ မိနစ်မှာ ပက်ဒရီရဲ့ဘာစီလိုနာအသင်းဖော်
ဖာရန်တောရက်စ်ရဲ့ ဦးဆောင်ဂိုးနဲ့အတူ အယ်လ်ဘေးနီးယားဘက်

ဂိုးစတင်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ
အူဇူနီက ဧည့်သည်အသင်းအတွက် မထင်မှတ်ဘဲ ချေပဂိုးသွင်းယူသွားပါတယ်။
နာကျင်အချိန်ပိုမှာ တောင်ပံကစားသမားအိုလ်မိုက
ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာရဲ့ပေးပို့မှုကနေ
ဂိုးသမားရဲ့အဝေးတိုင်ထောင့်ထဲ လှလှပပကန်သွင်းကာ

အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပက်ဒရီရဲ့ အမြင်စူးရှမှုနဲ့ တိကျတဲ့ပေးပိုမှုသာမရှိရင်
အိုလ်မိုရဲ့လှပတဲ့ဂိုးကလည်း ဖြစ်ပေါ်လာမှာမဟုတ်ဘဲ
ပက်ဒရီက အယ်လ်ဘာရဲ့ပြေးလမ်းထဲ ပြိုင်ဘက်ကို
ခေါင်းပေါ်ကနေ ကျော်ချကာ အသာလေးခုတ်တင်ပေးလိုက်တာပါ။

စပိန်အသင်းရဲ့ကျောနံပါတ် ၁၀ ဂျာစီကို ပထမဆုံးအကြိမ်
ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့ ပက်ဒရီဟာ ဇာဗီနဲ့ အင်နီယေစတာတို့
ပေါင်းစပ်ထားသူလို့တောင် ဆိုနိုင်ပြီး သူ့ရဲ့အသက်က
အခုမှ ၁၉နှစ်ပဲရှိသေးလို့ အလားအလာကောင်းတွေအများကြီးပိုင်ဆိုင်ထားပါတယ်။
”ပက်ဒရီက အခုမှ အသက် ၁၉ နှစ်ပဲရှိသေးပေမယ့်

ကမ္ဘာ့အကြီးကျယ်ဆုံးကွင်းလယ်လူတစ်ဦးဖြစ်နေပြီ”လို့
ပရိသတ်တစ်ဦးက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ပက်ဒရီဟာ ၁၁ လတာကာလအတွင်း ပွဲပေါင်း ၇၀
ကစားခဲ့ပြီးနောက် သူ့ရဲ့အလားအလာတွေနဲ့ပတ်သက်လို့
စိုးရိမ်ခဲ့ကြပေမယ့် ကစားသမားဖြစ်သူကတော့

လက်ရှိပုံစံကောင်းကို ဆက်ထိန်းထားပြီး ကလပ်နဲ့
လက်ရွေးစင်အသင်းတို့အတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။

Zawgyi

ေသခ်ာရွင္းျပဖို႔ လိုအပ္ေနတဲ့ ပက္ဒရီရဲ႕ Pre-Assist Pass
စပိန္အသင္းလူငယ္ကြင္းလယ္လူ ပက္ဒရီဟာ ယမန္ေန႔ညက
အယ္လ္ေဘးနီးယားကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲမွာ
အံ့အားသင့္စရာေကာင္းတဲ့ Pre-Assist Pass နဲ႔အတူ
သူ႔ရဲ႕စူပါအရည္အခ်င္းကို ေနာက္ထပ္ ျပသလိုက္ပါတယ္။

စပိန္အသင္းဟာ ပြဲခ်ိန္ ၇၅ မိနစ္မွာ ပက္ဒရီရဲ႕ဘာစီလိုနာအသင္းေဖာ္
ဖာရန္ေတာရက္စ္ရဲ႕ ဦးေဆာင္ဂိုးနဲ႔အတူ အယ္လ္ေဘးနီးယားဘက္
ဂိုးစတင္သြင္းယူႏိုင္ခဲ့ေပမယ့္ ပြဲၿပီးဖို႔ ၅ မိနစ္အလိုမွာ
အူဇူနီက ဧည့္သည္အသင္းအတြက္ မထင္မွတ္ဘဲ ေခ်ပဂိုးသြင္းယူသြားပါတယ္။
နာက်င္အခ်ိန္ပိုမွာ ေတာင္ပံကစားသမားအိုလ္မိုက

ဘယ္ေနာက္ခံလူ ေဂ်ာ္ဒီအယ္လ္ဘာရဲ႕ေပးပို႔မႈကေန
ဂိုးသမားရဲ႕အေဝးတိုင္ေထာင့္ထဲ လွလွပပကန္သြင္းကာ
အသင္းအတြက္ အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ပက္ဒရီရဲ႕ အျမင္စူးရွမႈနဲ႔ တိက်တဲ့ေပးပိုမႈသာမရွိရင္
အိုလ္မိုရဲ႕လွပတဲ့ဂိုးကလည္း ျဖစ္ေပၚလာမွာမဟုတ္ဘဲ

ပက္ဒရီက အယ္လ္ဘာရဲ႕ေျပးလမ္းထဲ ၿပိဳင္ဘက္ကို
ေခါင္းေပၚကေန ေက်ာ္ခ်ကာ အသာေလးခုတ္တင္ေပးလိုက္တာပါ။
စပိန္အသင္းရဲ႕ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ပထမဆုံးအႀကိမ္
ဝတ္ဆင္ကစားခြင့္ရခဲ့တဲ့ ပက္ဒရီဟာ ဇာဗီနဲ႔ အင္နီေယစတာတို႔
ေပါင္းစပ္ထားသူလို႔ေတာင္ ဆိုႏိုင္ၿပီး သူ႔ရဲ႕အသက္က

အခုမွ ၁၉ႏွစ္ပဲရွိေသးလို႔ အလားအလာေကာင္းေတြအမ်ားႀကီးပိုင္ဆိုင္ထားပါတယ္။
”ပက္ဒရီက အခုမွ အသက္ ၁၉ ႏွစ္ပဲရွိေသးေပမယ့္
ကမာၻ႔အႀကီးက်ယ္ဆုံးကြင္းလယ္လူတစ္ဦးျဖစ္ေနၿပီ”လို႔
ပရိသတ္တစ္ဦးက လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။
ပက္ဒရီဟာ ၁၁ လတာကာလအတြင္း ပြဲေပါင္း ၇၀

ကစားခဲ့ၿပီးေနာက္ သူ႔ရဲ႕အလားအလာေတြနဲ႔ပတ္သက္လို႔
စိုးရိမ္ခဲ့ၾကေပမယ့္ ကစားသမားျဖစ္သူကေတာ့
လက္ရွိပုံစံေကာင္းကို ဆက္ထိန္းထားၿပီး ကလပ္နဲ႔
လက္ေ႐ြးစင္အသင္းတို႔အတြက္ အေရးႀကီးတဲ့ေနရာကေန ပါဝင္ေနပါတယ္။