သူ လုပ်ရမယ့်အလုပ်ကို မလုပ်သေးဘူး ဆိုးရွားလွန်းတဲ့ VAR

ပရိသတ်တွေ အံ့သြရတဲ့အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲက အဆိုးရွားဆုံး VAR ဆုံးဖြတ်ချက်

ယမန်နေ့က လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၂-၀ နဲ့

အနိုင် ရသွားခဲ့ပါတယ် ။ ဒါပေမယ့် ပွဲချိန် အတွင်းမှာ ဝက်စ်ဟမ်း အသင်းဟာ

ကစားသမား တစ်ဦး ထုတ်ပယ် ခံခဲ့ရတဲ့ အပြင် ပင်နယ်တီ တစ်ကြိမ်ပါ ပေးခဲ့ရပါတယ် ။

ပွဲချိန် ၆၇ မိနစ်မှာ ဝက်စ်ဟမ်း နောက်ခံလူ ကူဖယ်လ် ဟာ လာကာဇက် ကို

ဂိုးဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် ဒုတိယ အဝါကဒ်

ထပ်မံ ပြသ ခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရတာပါ ။ အဆိုပါ ပင်နယ်တီကို

လာကာဇက် က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

ပရိသတ်တွေဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းပေးခဲ့ရတဲ့

ပင်နယ်တီနဲ့ အနီကတ်ပြသခံရမှုကို ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းမရှိခဲ့တဲ့

VAR ကို အယုံအကြည်မရှိ ဖြစ်ခဲ့ကြပါတယ်။

အများစုက VAR အနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးလိမ့်မယ်လို့

မျှော်မှန်းခဲ့ကြပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာနဲ့ ကွင်းအတွင်းက

ဆုံးဖြတ်ချက်အတိုင်းပဲ အတည်ဖြစ်သွားခဲ့တာကြောင့် အများစုက

လုံးဝကို အံ့အားသင့်တုန်လှုပ်ခဲ့ကြတာဖြစ်ပါတယ်။

“VAR က အခုထက်ထိ သူ လုပ်ရမယ့်အလုပ်ကို မလုပ်သေးဘူး”လို့

တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း

“ကျွန်တော် စိတ်မကောင်းပါဘူး။ အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်နေတာတောင်မှပဲ

ဒါက ကျွန်တော်တို့အတွက် ပင်နယ်တီမဟုတ်ခဲ့ပါဘူး။ ပိုဆိုးရွားတာက

ဝက်စ်ဟမ်းကစားသမားအတွက် ဒုတိယမြောက် အဝါကတ်ပြားပြသခံခဲ့ရတာပါ။

လာကာဇက် အခွင့်ကောင်းယူသွားတာပါ။ ဒီဆုံးဖြတ်ချက်ကို

ပြန်လည်ပြောင်းလဲဖို့ လိုအပ်ပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

zawgyi

သူ လုပ္ရမယ့္အလုပ္ကို မလုပ္ေသးဘူး ဆိုး႐ြားလြန္းတဲ့ VAR

ပရိသတ္ေတြ အံ့ၾသရတဲ့အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းပြဲက အဆိုး႐ြားဆုံး VAR ဆုံးျဖတ္ခ်က္

ယမန္ေန႔က လန္ဒန္ဒါဘီမွာ အာဆင္နယ္ အသင္းဟာ ဝက္စ္ဟမ္း အသင္းကို ၂-၀ နဲ႔

အႏိုင္ ရသြားခဲ့ပါတယ္ ။ ဒါေပမယ့္ ပြဲခ်ိန္ အတြင္းမွာ ဝက္စ္ဟမ္း အသင္းဟာ

ကစားသမား တစ္ဦး ထုတ္ပယ္ ခံခဲ့ရတဲ့ အျပင္ ပင္နယ္တီ တစ္ႀကိမ္ပါ ေပးခဲ့ရပါတယ္ ။

ပြဲခ်ိန္ ၆၇ မိနစ္မွာ ဝက္စ္ဟမ္း ေနာက္ခံလူ ကူဖယ္လ္ ဟာ လာကာဇက္ ကို

ဂိုးဧရိယာ အတြင္း ျပစ္ဒဏ္ က်ဴးလြန္ ခဲ့တာေၾကာင့္ ဒုတိယ အဝါကဒ္

ထပ္မံ ျပသ ခံခဲ့ရသလို ပင္နယ္တီလည္း ေပးခဲ့ရတာပါ ။ အဆိုပါ ပင္နယ္တီကို

လာကာဇက္ က ဂိုးဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ျခင္းေတာ့ မရွိပါဘူး ။

ပရိသတ္ေတြဟာ အာဆင္နယ္နဲ႔ ပြဲစဥ္မွာ ဝက္စ္ဟမ္းအသင္းေပးခဲ့ရတဲ့

ပင္နယ္တီနဲ႔ အနီကတ္ျပသခံရမႈကို ျပန္လည္ျပင္ဆင္ေပးႏိုင္ျခင္းမရွိခဲ့တဲ့

VAR ကို အယုံအၾကည္မရွိ ျဖစ္ခဲ့ၾကပါတယ္။

အမ်ားစုက VAR အေနနဲ႔ အဲဒီဆုံးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္ေပးလိမ့္မယ္လို႔

ေမွ်ာ္မွန္းခဲ့ၾကေပမယ့္လည္း အံ့အားသင့္စရာေကာင္းစြာနဲ႔ ကြင္းအတြင္းက

ဆုံးျဖတ္ခ်က္အတိုင္းပဲ အတည္ျဖစ္သြားခဲ့တာေၾကာင့္ အမ်ားစုက

လုံးဝကို အံ့အားသင့္တုန္လႈပ္ခဲ့ၾကတာျဖစ္ပါတယ္။

“VAR က အခုထက္ထိ သူ လုပ္ရမယ့္အလုပ္ကို မလုပ္ေသးဘူး”လို႔

တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး အျခားတစ္ဦးကလည္း

“ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ အာဆင္နယ္ပရိသတ္တစ္ေယာက္ျဖစ္ေနတာေတာင္မွပဲ

ဒါက ကြၽန္ေတာ္တို႔အတြက္ ပင္နယ္တီမဟုတ္ခဲ့ပါဘူး။ ပိုဆိုး႐ြားတာက

ဝက္စ္ဟမ္းကစားသမားအတြက္ ဒုတိယေျမာက္ အဝါကတ္ျပားျပသခံခဲ့ရတာပါ။

လာကာဇက္ အခြင့္ေကာင္းယူသြားတာပါ။ ဒီဆုံးျဖတ္ခ်က္ကို

ျပန္လည္ေျပာင္းလဲဖို႔ လိုအပ္ပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။