သူ ပြန်လာပြီဆိုတာကို ဂိုးပြတ်နိုင်ပွဲနဲ့ အားလုံးကို သတိပေးသွားခဲ့တဲ့ လမ်းပတ်

ချယ်လ်ဆီးမှာ ကျရှုံးခဲ့တဲ့ လမ်းပတ်ကတော့ အဲဗာတန်နည်းပြဘ၀

ပထမဆုံးပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်လိုက်ပါတယ်။

အဲဒီပွဲကို ဘယ်လောက်ထိတောင်မှ သူ အနိုင်ရချင်နေလဲတော့မသိဘူး

ကွင်းဘေးမှာတော့ တစ်ပွဲလုံးကို အသံကျယ်ကျယ်နဲ့အော်ဟစ်ပြီး

လမ်းညွှန်မှုတွေလုပ်ပေးနေခဲ့တဲ့ လမ်းပတ်ကို မြင်တွေ့နေရတာက

အဲဗာတန်ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာပါပဲ။

အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ်

ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၄-၁ နဲ့ အနိုင်ရရှိခဲ့ကာ

နိုင်ပွဲပျောက်ဆုံးနေတာကြာမြင့်နေပြီဖြစ်တဲ့

အဲဗာတန်ကို ပထမဆုံးပွဲမှာပဲ နိုင်ပွဲပြန်ရှာပေးခဲ့ပါတယ်။

ယယ်ရီမီနာ၊ ရစ်ချာလီဆန်၊ ဟိုးလ်ဂိတ်၊ တောင်းဆန့်တို့က

အဲဗာတန်အတွက် ဂိုးတွေသွင်းပေးခဲ့ပြီး ဘရန့်ဖို့ဒ်အတွက်တော့

တိုနေးက ပင်နယ်တီကနေ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

“ဒါက ကျွန်တော့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့ နေ့တစ်နေ့ပါပဲ၊

ဒီခံစားချက်ကို ကျွန်တော်မထိန်းချုပ်နိုင်ခဲ့ပါဘူး” လို့

ပွဲအပြီးမှာ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

အချိုးအကွေ့တစ်ခု၊ အလှည့်အပြောင်းတစ်ခုရဲ့အစပိုင်းရလဒ်လား၊

အမှန်တကယ်ပြောင်းလဲသွားခြင်းလားဆိုတာကိုတော့

နောက်ပွဲတွေမှာ စောင့်ကြည့်ရဦးမှာပါ။

အခုအချိန်မှာတော့ လမ်းပတ်က သူ ပြန်လာပြီဆိုတာကို

ဂိုးပြတ်နိုင်ပွဲနဲ့ အားလုံးကို သတိပေးသွားခဲ့ပါပြီ။

zawgyi

သူ ျပန္လာၿပီဆိုတာကို ဂိုးျပတ္ႏိုင္ပြဲနဲ႔ အားလုံးကို သတိေပးသြားခဲ့တဲ့ လမ္းပတ္

ခ်ယ္လ္ဆီးမွာ က်ရႈံးခဲ့တဲ့ လမ္းပတ္ကေတာ့ အဲဗာတန္နည္းျပဘ၀

ပထမဆုံးပြဲကို ဂိုးျပတ္ႏိုင္ပြဲနဲ႔ စတင္လိုက္ပါတယ္။

အဲဒီပြဲကို ဘယ္ေလာက္ထိေတာင္မွ သူ အႏိုင္ရခ်င္ေနလဲေတာ့မသိဘူး

ကြင္းေဘးမွာေတာ့ တစ္ပြဲလုံးကို အသံက်ယ္က်ယ္နဲ႔ေအာ္ဟစ္ၿပီး

လမ္းၫႊန္မႈေတြလုပ္ေပးေနခဲ့တဲ့ လမ္းပတ္ကို ျမင္ေတြ႕ေနရတာက

အဲဗာတန္ပရိသတ္ေတြအတြက္ေတာ့ စိတ္ေက်နပ္စရာပါပဲ။

အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္အျဖစ္

ဘရန႔္ဖို႔ဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ကာ

ႏိုင္ပြဲေပ်ာက္ဆုံးေနတာၾကာျမင့္ေနၿပီျဖစ္တဲ့

အဲဗာတန္ကို ပထမဆုံးပြဲမွာပဲ ႏိုင္ပြဲျပန္ရွာေပးခဲ့ပါတယ္။

ယယ္ရီမီနာ၊ ရစ္ခ်ာလီဆန္၊ ဟိုးလ္ဂိတ္၊ ေတာင္းဆန႔္တို႔က

အဲဗာတန္အတြက္ ဂိုးေတြသြင္းေပးခဲ့ၿပီး ဘရန႔္ဖို႔ဒ္အတြက္ေတာ့

တိုေနးက ပင္နယ္တီကေန ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

“ဒါက ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွမေမ့ႏိုင္တဲ့ ေန႔တစ္ေန႔ပါပဲ၊

ဒီခံစားခ်က္ကို ကြၽန္ေတာ္မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး” လို႔

ပြဲအၿပီးမွာ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

အခ်ိဳးအေကြ႕တစ္ခု၊ အလွည့္အေျပာင္းတစ္ခုရဲ႕အစပိုင္းရလဒ္လား၊

အမွန္တကယ္ေျပာင္းလဲသြားျခင္းလားဆိုတာကိုေတာ့

ေနာက္ပြဲေတြမွာ ေစာင့္ၾကည့္ရဦးမွာပါ။

အခုအခ်ိန္မွာေတာ့ လမ္းပတ္က သူ ျပန္လာၿပီဆိုတာကို

ဂိုးျပတ္ႏိုင္ပြဲနဲ႔ အားလုံးကို သတိေပးသြားခဲ့ပါၿပီ။