
အဒမ်ယာနူဇိုက်ကြောင့် ကျောနံပါတ် ၄၄ ကို ရွေးချယ်တဲ့ ကူလူဆက်ဗ်စကီး
ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံးနေ့
Transfer Deadline Day မှာပဲ ဂျူဗင်တပ်စ်အသင်းကနေ
စပါးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား
ဒီဂျန်ကူလူဆက်ဗ်စကီးက သူပါဝင်ကစားခဲ့တဲ့
ကလပ်အသင်းဟောင်းတွေမှာ ကျောနံပါတ်(၄၄)ကိုပဲ
ရွေးချယ်ဝတ်ဆင်ရခြင်းက သူအားကျရတဲ့ ဘောလုံးသမား
အဒမ်ယာနူဇိုက်ကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့
ယာနူဇိုက်ဟာ ယူနိုက်တက်မှာ သူရဲ့စီနီယာ ကစားသမားဘဝကို
စတင်ခွင့် ရရှိခဲ့တုန်းက ကျောနံပါတ်(၄၄)ကို ဝတ်ဆင်ခဲ့ပြီး
ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်လာတဲ့အထိ
ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ယာနူဇိုက်ဟာဆာအဲလက်စ်ဖာဂူဆန်ရဲ့
ယူနိုက်တက်အတွက်နောက်ဆုံးပွဲတွင်
အသက်၁၈နှစ်အရွယ်သာရှိနေပေမဲ့လည်းအရန်စာရင်းတွင်ထည့်သွင်းခံခဲ့ရပါတယ်။
ကူလူဆက်ဗ်စကီး ဆယ်ကျော်သက်အရွယ်တုန်းက
ယာနူဇိုက်တစ်ယောက်ယူနိုက်တက်အသင်းနဲ့အတူ ဆွီဒင်နိုင်ငံအတွင်းမှာ
ခြေစမ်းပွဲတွေမှာ လာရောက်ကစားစဉ်၊ မကြောက်မရွံ့ ကစားတတ်တဲ့
ယာနူဇိုက်ရဲ့ ကစားဟန်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့
ကူလူဆက်ဗ်စကီးက ယာနူဇိုက်ကို သူရဲ့ idol အဖြစ်
သတ်မှတ်ခဲ့တဲ့အပြင် သူဘောလုံးသမားတစ်ဦး ဖြစ်လာတဲ့အခါမှာလည်း
သူ့ idol ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၄၄)ကို ဆက်တိုက်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အသက်၂၁နှစ်ရှိကူလူဆပ်ဗ်စကီးဟာအတ္တလန္တာ၊ပါးမားနှင့်
ဂျူဗင်တပ်စ်တို့တွင်ကစားစဉ်တုန်းကလည်းကျောနံပါတ်၄၄ကိုသာ
ဝတ်ဆင်ခဲ့သူဖြစ်ပြီး စပါးတွင်လည်းကျောနံပါတ်၄၄ကိုပင်ဝတ်ဆင်သွားပါမယ်။
စပါးဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်
ကူလူဆပ်ဗ်စကီးကိုဂျူဗင်တပ်စ်မှ၁၈လအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီ
စာချုပ်အတွင်းတွင်ပေါင်သန်း၃၀ဖြင့်
အပြီးသတ်ခေါ်ယူမယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။
zawgyi
သူ႔ idol ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၄၄)ကို ဆက္တိုက္ဝတ္ဆင္ခဲ့တဲ့ စပါးဆီေရာက္ ဂ်ဴဗင္တပ္စ္ကစားသမား
အဒမ္ယာႏူဇိုက္ေၾကာင့္ ေက်ာနံပါတ္ ၄၄ ကို ေ႐ြးခ်ယ္တဲ့ ကူလူဆက္ဗ္စကီး
ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ရဲ႕ ေနာက္ဆုံးေန႔
Transfer Deadline Day မွာပဲ ဂ်ဴဗင္တပ္စ္အသင္းကေန
စပါးအသင္းဆီကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ ေတာင္ပံကစားသမား
ဒီဂ်န္ကူလူဆက္ဗ္စကီးက သူပါဝင္ကစားခဲ့တဲ့
ကလပ္အသင္းေဟာင္းေတြမွာ ေက်ာနံပါတ္(၄၄)ကိုပဲ
ေ႐ြးခ်ယ္ဝတ္ဆင္ရျခင္းက သူအားက်ရတဲ့ ေဘာလုံးသမား
အဒမ္ယာႏူဇိုက္ေၾကာင့္ ျဖစ္တယ္လို႔ သိရွိရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့
ယာႏူဇိုက္ဟာ ယူႏိုက္တက္မွာ သူရဲ႕စီနီယာ ကစားသမားဘဝကို
စတင္ခြင့္ ရရွိခဲ့တုန္းက ေက်ာနံပါတ္(၄၄)ကို ဝတ္ဆင္ခဲ့ၿပီး
ပရိသတ္ အခ်စ္ေတာ္ ကစားသမားတစ္ဦး ျဖစ္လာတဲ့အထိ
ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ယာႏူဇိုက္ဟာဆာအဲလက္စ္ဖာဂူဆန္ရဲ႕
ယူႏိုက္တက္အတြက္ေနာက္ဆုံးပြဲတြင္
အသက္၁၈ႏွစ္အ႐ြယ္သာရွိေနေပမဲ့လည္းအရန္စာရင္းတြင္ထည့္သြင္းခံခဲ့ရပါတယ္။
ကူလူဆက္ဗ္စကီး ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက
ယာႏူဇိုက္တစ္ေယာက္ယူႏိုက္တက္အသင္းနဲ႔အတူ ဆြီဒင္ႏိုင္ငံအတြင္းမွာ
ေျခစမ္းပြဲေတြမွာ လာေရာက္ကစားစဥ္၊ မေၾကာက္မ႐ြံ႕ ကစားတတ္တဲ့
ယာႏူဇိုက္ရဲ႕ ကစားဟန္ကို မ်က္ဝါးထင္ထင္ ျမင္ခဲ့ရတဲ့
ကူလူဆက္ဗ္စကီးက ယာႏူဇိုက္ကို သူရဲ႕ idol အျဖစ္
သတ္မွတ္ခဲ့တဲ့အျပင္ သူေဘာလုံးသမားတစ္ဦး ျဖစ္လာတဲ့အခါမွာလည္း
သူ႔ idol ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၄၄)ကို ဆက္တိုက္ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။
အသက္၂၁ႏွစ္ရွိကူလူဆပ္ဗ္စကီးဟာအတၱလႏၲာ၊ပါးမားႏွင့္
ဂ်ဴဗင္တပ္စ္တို႔တြင္ကစားစဥ္တုန္းကလည္းေက်ာနံပါတ္၄၄ကိုသာ
ဝတ္ဆင္ခဲ့သူျဖစ္ၿပီး စပါးတြင္လည္းေက်ာနံပါတ္၄၄ကိုပင္ဝတ္ဆင္သြားပါမယ္။
စပါးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္
ကူလူဆပ္ဗ္စကီးကိုဂ်ဴဗင္တပ္စ္မွ၁၈လအငွားစာခ်ဳပ္ျဖင့္ေခၚယူခဲ့ၿပီ
စာခ်ဳပ္အတြင္းတြင္ေပါင္သန္း၃၀ျဖင့္
အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။