သူ့အနာဂတ်နဲ့ပတ်သက်လို့ အရိပ်အမြွက်ဖွင့်ဟလိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုက အမြဲတမ်းနည်းပြအဖြစ်

တန်ဟတ်ကို ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့ စိတ်လှုပ်ရှား ပျော်ရွှင်မိတယ်လို့
ဖွင့်ဟလိုက်ရာ ရာသီသစ်မှာ ယူနိုက်တက်နဲ့အတူ
ရော်နယ်ဒိုကို ဆက်လက်တွေ့မြင်ရဖွယ်ရှိနေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ
သူ့အနာဂတ်နဲ့ပတ်သက်လို့ အခြေအနေစောင့်ကြည့်နေပြီး

တကယ်လို့ တန်ဟတ်ကသာ အလိုရှိရင် သူလည်း
အသင်းမှာ ဆက်ကစားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက
အသင်းတာဝန်ရှိသူတွေအနေနဲ့ ၅နှစ်ကြာ
ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ရေးအတွက်

တန်ဟတ်ကို လုံလောက်တဲ့အချိန် ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး
သွင်းယူပေးထားတဲ့ ရော်နယ်ဒိုက ”တန်ဟတ်ကို
နည်းပြသစ်အဖြစ် ခန့်အပ်လိုက်လို့ ကျွန်တော်တို့
စိတ်လှုပ်ရှားပျော်ရွှင်နေပါတယ်။ ပြီးတော့

ကျွန်တော်တို့ ကစားသမားတွေတင်မဟုတ်ဘဲ
ပရိသတ်တွေကလည်း စိတ်လှုပ်ရှားနေပါတယ်။
အကောင်းဆုံးအရာတွေဖြစ်ပါစေလို့ ဆုတောင်းပေးပြီး
ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
သူဟာ အေဂျက်စ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး

အတွေ့အကြုံရင့်ကျက်ပေမယ့် တန်ဟတ်ကို
အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။
သူလိုချင်တဲ့ပုံစံအတိုင်း ကိစ္စတွေ ပြောင်းလဲရပါမယ်”လို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်
မရပေမယ့် အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ

ဆက်ကစားသွားဖို့ များနေပြီး ယူနိုက်တက်က
ယူရိုပါလိဂ်တောင် မသေချာသေးဘဲ ယူရိုပါ
ကွန်းဖရန့်လိဂ်တောင် ကစားရကိန်း ဆိုက်သွားနိုင်ပါတယ်။

Zawgyi

သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ အရိပ္အျမြက္ဖြင့္ဟလုိက္တဲ့ ေရာ္နယ္ဒို
ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ေရာ္နယ္ဒိုက အၿမဲတမ္းနည္းျပအျဖစ္
တန္ဟတ္ကို ခန္႔အပ္ခဲ့တာနဲ႔ပတ္သက္လို႔ စိတ္လႈပ္ရွား ေပ်ာ္ရႊင္မိတယ္လုိ႔
ဖြင့္ဟလုိက္ရာ ရာသီသစ္မွာ ယူႏုိက္တက္နဲ႔အတူ

ေရာ္နယ္ဒိုကို ဆက္လက္ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုဟာ
သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ အေျခအေနေစာင့္ၾကည့္ေနၿပီး
တကယ္လုိ႔ တန္ဟတ္ကသာ အလုိရွိရင္ သူလည္း
အသင္းမွာ ဆက္ကစားဖို႔ အသင့္ရွိေနတယ္လုိ႔ သိရပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက
အသင္းတာ၀န္ရွိသူေတြအေနနဲ႔ ၅ႏွစ္ၾကာ
ဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္ႏိုင္ေရးအတြက္
တန္ဟတ္ကို လုံေလာက္တဲ့အခ်ိန္ ေပးသင့္တယ္လုိ႔ တုိက္တြန္းထားပါတယ္။
ယခုရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၄ ဂိုး

သြင္းယူေပးထားတဲ့ ေရာ္နယ္ဒိုက ”တန္ဟတ္ကို
နည္းျပသစ္အျဖစ္ ခန္႔အပ္လုိက္လုိ႔ ကၽြန္ေတာ္တို႔
စိတ္လႈပ္ရွားေပ်ာ္ရႊင္ေနပါတယ္။ ၿပီးေတာ့
ကၽြန္ေတာ္တုိ႔ ကစားသမားေတြတင္မဟုတ္ဘဲ
ပရိသတ္ေတြကလည္း စိတ္လႈပ္ရွားေနပါတယ္။

အေကာင္းဆုံးအရာေတြျဖစ္ပါေစလုိ႔ ဆုေတာင္းေပးၿပီး
ရာသီသစ္မွာ ဆုဖလားေတြ ရယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္။
သူဟာ ေအဂ်က္စ္မွာ အေကာင္းဆုံးလုပ္ေဆာင္ႏုိင္ခဲ့ၿပီး
အေတြ႕အႀကံဳရင့္က်က္ေပမယ့္ တန္ဟတ္ကို
အခ်ိန္ေပးဖုိ႔လည္း လိုအပ္ပါတယ္။

သူလိုခ်င္တဲ့ပုံစံအတုိင္း ကိစၥေတြ ေျပာင္းလဲရပါမယ္”လုိ႔ ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္
မရေပမယ့္ အသင္းမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ
ဆက္ကစားသြားဖုိ႔ မ်ားေနၿပီး ယူႏုိက္တက္က
ယူရိုပါလိဂ္ေတာင္ မေသခ်ာေသးဘဲ ယူရိုပါ

ကြန္းဖရန္႔လိဂ္ေတာင္ ကစားရကိန္း ဆုိက္သြားႏိုင္ပါတယ္။