သူ့ရဲ့ Idol ကိုမမေ့သေးတဲ့ ဂါနာချို အဲဗာတန်နဲ့ အက်ဖ်အေဖလားပွဲမှာ CR 7 အတွင်းခံဝတ်ပြီးကစားခဲ့

လက်ရှိမှာ ရော်နယ်ဒိုတစ်ယောက် အယ်လ်နက်ဆာကိုပြောင်းရွှေ့ခဲ့ပြီး

သူ့ရဲ့ပထမဆုံးပွဲစဉ်ပါဝင်ကစားခွင့်ကို စောင့်ဆိုင်းနေပါတယ်။

ဖီဖာရဲ့ ၂ပွဲ ပယ်ပြစ်ဒဏ်မိနေသလို ကလပ်အသင်းမှာ

စာရင်းမသွင်းနိုင်သေးတာကြောင့် ပေါ်တူဂီစူပါစတားဟာ

ဆော်ဒီမြေမှကစားခွင့်မရသေးတာဖြစ်တယ်။ အခြားတစ်ဖက်မှာတော့

ရော်နယ်ဒိုရဲ့အရိပ်ဟာ ယူနိုက်တက်နဲ့ယှဉ်တွဲနေဆဲပဲလို့ The Sun

သတင်းစာကဖော်ပြလိုက်ပါတယ်။ အဲဗာတန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ လူငယ်ကြယ်ပွင့်

ဂါနာချိုဟာ CR 7 အတွင်းခံဘောင်းဘီကို ဝတ်ဆင်ကစားခဲ့တာဖြစ်တယ်။

ဂါနာချိုဟာ ပွဲချိန် ၇၁ မိနစ်မှာ အရန်ခုံကထလာပြီး မာရှယ်နေရာကို

လူစားဝင်ကစားခဲ့ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်လေးဟာ

သရဲနီတွေအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပရိသတ်တွေကတော့

သူ့ရဲ့လုပ်ရပ်တစ်ခုကိုအမိဖမ်းနိုင်ခဲ့တာဖြစ်တယ်။

ဂါနာချိုဟာ ကွင်းထဲမှာအင်္ကျီကိုလှန်တင်လိုက်ပြီး

အောက်ခံဘောင်းဘီကိုဆွဲထုတ်လိုက်ချိန်မှာ CR 7 အမှတ်တံဆိပ်ကို

အထင်အရှားကြီးမြင်ခဲ့ရတာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ

ရော်နယ်ဒိုမရှိတော့ပေမဲ့ ဂါနာချိုရဲ့လေးစားမှုလျော့မကျ

သေးဘူးဆိုတာ ပြသနေတာဖြစ်တယ်။ ဂါနာချိုဟာ

သရဲနီစီနီယာအသင်းနဲ့ ပထမဆုံးပွဲဦးထွက်မှာ ရော်နယ်ဒိုနဲ့

တွဲကစားခွင့်ရခဲ့သူပါ။ သရဲနီလူငယ်လေးဟာ သူ့ရဲ့တစ်နိုင်ငံတည်းသား

မက်ဆီထက်တောင် ရော်နယ်ဒိုကိုပိုကြိုက်နေသူဖြစ်တယ်။

zawgyi

သူ႔ရဲ႕ Idol ကိုမေမ့ေသးတဲ့ ဂါနာခ်ိဳ အဲဗာတန္နဲ႔ အက္ဖ္ေအဖလားပြဲမွာ CR 7 အတြင္းခံဝတ္ၿပီးကစားခဲ့

လက္ရွိမွာ ေရာ္နယ္ဒိုတစ္ေယာက္ အယ္လ္နက္ဆာကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး

သူ႔ရဲ႕ပထမဆုံးပြဲစဥ္ပါဝင္ကစားခြင့္ကို ေစာင့္ဆိုင္းေနပါတယ္။

ဖီဖာရဲ႕ ၂ပြဲ ပယ္ျပစ္ဒဏ္မိေနသလို ကလပ္အသင္းမွာ

စာရင္းမသြင္းႏိုင္ေသးတာေၾကာင့္ ေပၚတူဂီစူပါစတားဟာ

ေဆာ္ဒီေျမမွကစားခြင့္မရေသးတာျဖစ္တယ္။ အျခားတစ္ဖက္မွာေတာ့

ေရာ္နယ္ဒိုရဲ႕အရိပ္ဟာ ယူႏိုက္တက္နဲ႔ယွဥ္တြဲေနဆဲပဲလို႔ The Sun

သတင္းစာကေဖာ္ျပလိုက္ပါတယ္။ အဲဗာတန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့

အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာေတာ့ လူငယ္ၾကယ္ပြင့္

ဂါနာခ်ိဳဟာ CR 7 အတြင္းခံေဘာင္းဘီကို ဝတ္ဆင္ကစားခဲ့တာျဖစ္တယ္။

ဂါနာခ်ိဳဟာ ပြဲခ်ိန္ ၇၁ မိနစ္မွာ အရန္ခုံကထလာၿပီး မာရွယ္ေနရာကို

လူစားဝင္ကစားခဲ့ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ေလးဟာ

သရဲနီေတြအတြက္ ဂိုးမသြင္းႏိုင္ခဲ့ေပမဲ့ ပရိသတ္ေတြကေတာ့

သူ႔ရဲ႕လုပ္ရပ္တစ္ခုကိုအမိဖမ္းႏိုင္ခဲ့တာျဖစ္တယ္။

ဂါနာခ်ိဳဟာ ကြင္းထဲမွာအက်ႌကိုလွန္တင္လိုက္ၿပီး

ေအာက္ခံေဘာင္းဘီကိုဆြဲထုတ္လိုက္ခ်ိန္မွာ CR 7 အမွတ္တံဆိပ္ကို

အထင္အရွားႀကီးျမင္ခဲ့ရတာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ

ေရာ္နယ္ဒိုမရွိေတာ့ေပမဲ့ ဂါနာခ်ိဳရဲ႕ေလးစားမႈေလ်ာ့မက်

ေသးဘူးဆိုတာ ျပသေနတာျဖစ္တယ္။ ဂါနာခ်ိဳဟာ

သရဲနီစီနီယာအသင္းနဲ႔ ပထမဆုံးပြဲဦးထြက္မွာ ေရာ္နယ္ဒိုနဲ႔

တြဲကစားခြင့္ရခဲ့သူပါ။ သရဲနီလူငယ္ေလးဟာ သူ႔ရဲ႕တစ္ႏိုင္ငံတည္းသား

မက္ဆီထက္ေတာင္ ေရာ္နယ္ဒိုကိုပိုႀကိဳက္ေနသူျဖစ္တယ္။