သူ့ရဲ့အတ္တကြောင့် အရာအားလုံးပျက်စီးသွားပြီလို့ ရော်နယ်ဒိုကို မန်ယူပရိသတ်တွေလှောင်ပြောင်

ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ ပေါက်ကွဲသံစဉ်တွေလွှတ်ချပစ်လိုက်တဲ့ ရော်နယ်ဒိုကို သရဲနီပရိသတ်တွေကလှောင်ပြောင်နေကြပြီဖြစ်တယ်။ ဒီအင်တာဗျူးမှာတော့ ပေါ်တူဂီသားက

နည်းပြတန်ဟတ်ကိုလေးစားမှုမရှိကြောင်းဒဲ့ရွှေ့ခဲ့ပြီး ယူနိုက်တက်နည်းပြဟာ သူ့အပေါ်လေးစားမှု မရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူးက သူ့ကို ယူနိုက်တက်အသင်းကိုယ်တိုင်က

သစ္စာဖောက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒီအင်တာဗျူး ထွက်ပေါ်လာပြီးတဲ့နောက် ပရိသတ်တစ်ယောက်က “ရော်နယ်ဒိုမြန်မြန်ထွက်သွားရင်ပိုကောင်းပါတယ်။

သူအခုလိုဖန်တီးနေတာတွေဟာ မလိုတဲ့ကိစ္စတွေဖြစ်ပြီး ယူနိုက်တက်ဟာ သူမပါဘဲပိုကောင်းတဲ့ အသင်းပါ” လို့ ဝေဖန်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်က “ရော်နယ်ဒိုဟာ

ဘောလုံးသမားတစ်ယောက်ရော လူတစ်ဦးအဖြစ်နဲ့ပါ သူ့ရဲ့အမွေအနှစ်တွေကို ဖျက်စီးခဲ့ပါတယ်။ သူ့ရဲ့အတ္တကြောင့်အရာအားလုံးပျက်စီးကုန်ပါပြီ။ ဒီလိုအဆုံးသတ်သွားရတာဟာ

ရှက်စရာကောင်းပါတယ်” လို့ တွစ်တာကနေ မှတ်ချက်ပေးခဲ့ပါတယ်။ တတိယ တစ်ယောက်ကတော့ “ခရစ္စတီယာနိုထွက်သွားတဲ့အထိ မစောင့်နိုင်ပါဘူး၊ ကျေးဇူးပြုပြီး တစ်စုံတစ်ယောက်

သူ့ကို ခေါ်သွားပါ။ ပရော်ဖက်ရှင်နယ်မပီသပါဘူး။ ယူနိုက်တက်က သူမပါဘဲ ကစားရတာ အရမ်းကောင်းပါတယ်” လို့ ပက်ပက်စက်စက်ရေးသားသွားခဲ့တာဖြစ်တယ်။ လာမယ့်အပါတ် TalkTV က

ထုတ်လွှင့်မယ့် ပီးယားစ်မော်ဂန်နဲ့ မိနစ် ၉၀ စာအင်တာဗျူးအစီအစဉ်မှာတော့ တန်ဟတ်နဲ့အခြားသူတွေဟာ သူ့ကိုမန်ယူကထွက်ခွာစေလိုကြောင်း ရော်နယ်ဒိုက ထည့်သွင်းပြောဆိုထားတာ ဖြစ်တယ်။

(Zawgyi)

သူ႔ရဲ႕အတၱေၾကာင့္ အရာအားလုံးပ်က္စီးသြားၿပီလို႔ ေရာ္နယ္ဒိုကို မန္ယူပရိသတ္ေတြေလွာင္ေျပာင္

ပီးယာ့စ္ေမာ္ဂန္နဲ႔အင္တာဗ်ဴးမွာ ေပါက္ကြဲသံစဥ္ေတြလႊတ္ခ်ပစ္လိုက္တဲ့ ေရာ္နယ္ဒိုကို သရဲနီပရိသတ္ေတြကေလွာင္ေျပာင္ေနၾကၿပီျဖစ္တယ္။ ဒီအင္တာဗ်ဴးမွာေတာ့

ေပၚတူဂီသားက နည္းျပတန္ဟတ္ကိုေလးစားမႈမရွိေၾကာင္းဒဲ့ေ႐ႊ႕ခဲ့ၿပီး ယူႏိုက္တက္နည္းျပဟာ သူ႔အေပၚေလးစားမႈမရွိဘူးလို႔လည္း စြပ္စြဲခဲ့ပါတယ္။

ဝါရင့္တိုက္စစ္မႉးက သူ႔ကို ယူႏိုက္တက္အသင္းကိုယ္တိုင္ကသစၥာေဖာက္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။ ဒီအင္တာဗ်ဴးထြက္ေပၚလာၿပီးတဲ့ေနာက္ ပရိသတ္တစ္ေယာက္က “ေရာ္နယ္ဒိုျမန္ျမန္ထြက္သြားရင္ပိုေကာင္းပါတယ္။

သူအခုလိုဖန္တီးေနတာေတြဟာမလိုတဲ့ကိစၥေတြျဖစ္ၿပီး ယူႏိုက္တက္ဟာ သူမပါဘဲပိုေကာင္းတဲ့အသင္းပါ” လို႔ ေဝဖန္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္က “ေရာ္နယ္ဒိုဟာ

ေဘာလုံးသမားတစ္ေယာက္ေရာ လူတစ္ဦးအျဖစ္နဲ႔ပါ သူ႔ရဲ႕အေမြအႏွစ္ေတြကိုဖ်က္စီးခဲ့ပါတယ္။ သူ႔ရဲ႕အတၱေၾကာင့္အရာအားလုံးပ်က္စီးကုန္ပါၿပီ။ ဒီလိုအဆုံးသတ္သြားရတာဟာ

ရွက္စရာေကာင္းပါတယ္” လို႔ တြစ္တာကေနမွတ္ခ်က္ေပးခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “ခရစၥတီယာႏိုထြက္သြားတဲ့အထိမေစာင့္ႏိုင္ပါဘူး၊ ေက်းဇူးျပဳၿပီး တစ္စုံတစ္ေယာက္ သူ႔ကိုေခၚသြားပါ။

ပေရာ္ဖက္ရွင္နယ္မပီသပါဘူး။ ယူႏိုက္တက္က သူမပါဘဲကစားရတာအရမ္းေကာင္းပါတယ္” လို႔ ပက္ပက္စက္စက္ေရးသားသြားခဲ့တာျဖစ္တယ္။ လာမယ့္အပါတ္ TalkTV ကထုတ္လႊင့္မယ့္

ပီးယားစ္ေမာ္ဂန္နဲ႔ မိနစ္ ၉၀ စာအင္တာဗ်ဴးအစီအစဥ္မွာေတာ့ တန္ဟတ္နဲ႔အျခားသူေတြဟာ သူ႔ကိုမန္ယူကထြက္ခြာေစလိုေၾကာင္း ေရာ္နယ္ဒိုကထည့္သြင္းေျပာဆိုထားတာျဖစ္တယ္။