သူ့ရဲ့အဆင့်အတန်းကို နောက်ထပ်တစ်ကြိမ်ပြသတဲ့ မိုဟာမက်ဆာလက်

မိုဟာမက်ဆာလက်ဟာသူ့ရဲ့အဆင့်အတန်းကို

နောက်ထပ်တစ်ကြိမ်ပြသလာပြန်ပါတယ်။

အီဂျစ်စူပါစတားဟာအာဖရိကဖလားပြိုင်ပွဲမှာ

ရှုံးပွဲကြုံတွေ့ပြီးတဲ့နောက်နိုင်ဂျီးရီးယားနည်းပြတစ်ဦးက

Selfie ရိုက်ကူးရန်တောင်းဆိုမှုကို လက်ခံခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိမိုဟာမက်ဆာလက်ဟာအင်္ဂါနေ့တုန်းက

အာဖရိကဖလားပြိုင်ပွဲမှာနိုင်ဂျီးရီးယားကိုရှုံးနိမ့်ပြီးနောက်

အကြီးအကျယ်စိတ်ပျက်နေခဲ့ပါတယ်။

၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပေမဲ့လည်း မိုဟာမက်ဆာလက်ဟာ

သူ့ကိုဖက်ကာ Selfie ရိုက်ကူးဖို့ကြိုးပမ်းလာတဲ့

နိုင်ဂျီးရီးယားနည်းပြအဖွဲ့ဝင်ကို မငြင်းပယ်ခဲ့ပါဘူး။

မိုဟာမက်ဆာလက်ဟာနိုင်ဂျီးရီးယားနည်းပြအဖွဲ့ဝင်ရဲ့တောင်းဆိုမှုကို

လက်ခံပြီးချက်ချင်းပင်ဖက်ကာဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာအသင်းရှုံးနိမ့်နေချိန်မှာတောင်

တဖက်သားကိုကြင်နာစွာဆက်ဆံတတ်မှု၊

လူရည်မွန်မှုတို့အတွက်ချီးကျူးခြင်းခံနေရပါတယ်။

zawgyi

သူ႔ရဲ႕အဆင့္အတန္းကို ေနာက္ထပ္တစ္ႀကိမ္ျပသတဲ့ မိုဟာမက္ဆာလက္

မိုဟာမက္ဆာလက္ဟာသူ႔ရဲ႕အဆင့္အတန္းကို

ေနာက္ထပ္တစ္ႀကိမ္ျပသလာျပန္ပါတယ္။

အီဂ်စ္စူပါစတားဟာအာဖရိကဖလားၿပိဳင္ပြဲမွာ

ရႈံးပြဲႀကဳံေတြ႕ၿပီးတဲ့ေနာက္ႏိုင္ဂ်ီးရီးယားနည္းျပတစ္ဦးက

Selfie ႐ိုက္ကူးရန္ေတာင္းဆိုမႈကို လက္ခံခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိမိုဟာမက္ဆာလက္ဟာအဂၤါေန႔တုန္းက

အာဖရိကဖလားၿပိဳင္ပြဲမွာႏိုင္ဂ်ီးရီးယားကိုရႈံးနိမ့္ၿပီးေနာက္အႀကီးအက်ယ္စိတ္ပ်က္ေနခဲ့ပါတယ္။

၁-၀ ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေပမဲ့လည္း မိုဟာမက္ဆာလက္ဟာ

သူ႔ကိုဖက္ကာ Selfie ႐ိုက္ကူးဖို႔ႀကိဳးပမ္းလာတဲ့

ႏိုင္ဂ်ီးရီးယားနည္းျပအဖြဲ႕ဝင္ကို မျငင္းပယ္ခဲ့ပါဘူး။

မိုဟာမက္ဆာလက္ဟာႏိုင္ဂ်ီးရီးယားနည္းျပအဖြဲ႕ဝင္ရဲ႕ေတာင္းဆိုမႈကို

လက္ခံၿပီးခ်က္ခ်င္းပင္ဖက္ကာဓာတ္ပုံ႐ိုက္ကူးခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာအသင္းရႈံးနိမ့္ေနခ်ိန္မွာေတာင္

တဖက္သားကိုၾကင္နာစြာဆက္ဆံတတ္မႈ၊

လူရည္မြန္မႈတို႔အတြက္ခ်ီးက်ဴးျခင္းခံေနရပါတယ္။