
ကိုဗစ်ကာကွယ်ဆေးကို ခေါင်းကြောမမာဘဲ ထိုးထားစေလိုကြောင်း ဒေ့့ါမွန်မှာ
ကစားနေတဲ့ အင်္ဂလန်လက်ရွေးစင် ဘယ်လင်ဂမ်က ဘောလုံးကစားဖော်အားလုံးကို
တိုက်တွန်းလိုက်ပါတယ်။ ဂျာမနီမှာ ဘွန်ဒက်စ်လီဂါကစားသမားတွေရဲ့ ၉၄% ဟာ
ကိုဗစ်ကာကွယ်ဆေးတွေထိုးပြီးသွားကြပြီဖြစ်ပြီး ဘယ်လင်ဂမ်ကလည်း
သူတို့ထဲက တစ်ဦးအဖြစ် ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးပြီးသွားခဲ့ပါပြီ။
ဂျာမနီနိုင်ငံက တာဝန်ရှိသူတွေရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့
ဘယ်လင်ဂမ်ကဆိုခဲ့သလို အခြားသော ကစားဖော်တွေအနေနဲ့လည်း
ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုက်တာပါ။ ပရီးမီးယားလိဂ်မှာတော့
ကစားသမားတွေရဲ့ ၇၇% ကသာ ကာကွယ်ဆေး ၂ ကြိမ်စလဲုးထိုးထားကြသေးပြီး
ကစားသမားတွေရဲ့ ကာကွယ်ဆေးထိုးနိုင်မှု လိဂ်သတ်မှတ်ချက်မှာ
ပရီးမီးယားလိဂ်ဟာ ဘွန်ဒက်စ်လီဂါနောက်ကို ရောက်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကပြုလုပ်ခဲ့တဲ့စစ်တမ်းအရလည်း
ပရီးမီးယားလိဂ်မဟုတ်တဲ့ EFL အောက်က ကစားသမားတွေရဲ့ ၂၅ % ဟာ
ကိုဗစ်ကာကွယ်ဆေးမထိုးလိုဘူးလို့ အဖြေပေးခဲ့ကြပါသေးတယ်။
ဗြိတိန်မှာ အိုမီခရွန်ကိုဗစ်ကူးစက်မှုတွေ များလာလို့ ရွေ့ဆိုင်းပွဲတွေများလာသလို
ပြိုင်ပွဲကို ရွေ့ရဖို့ကိုပါစိုးရိမ်နေကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ကာကွယ်ဆေးမထိုးလိုကြတဲ့ ကစားသမားတွေလည်း ရှိနေတာပါ။
ဘယ်လင်ဂမ်ကတော့ – “ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးပြီးသွားပြီ။
ခံနိုင်ရည်ရှိပြီး စိတ်ချရပြီလို့ ဆိုနိုင်တာပေါ့။ ကျွန်တော်ကတစ်ဆင့်
မိသားစုထံကို မကူးစက်စေချင်သလို ကျွန်တော်ကိုယ်တိုင်လည်း
ပွဲျတွေ မလွဲချင်ဘူးလေ” လို့ ဆိုပါတယ်။
ထို့အတူ ” ကျွန်တော့်အနေနဲ့တော့ လူတိုင်းကို ကာကွယ်ဆေးထိုးကြပါလို့
လိုက်ပြောနေလို့မရပါဘူး။ ဒါကလည်း သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပါ။
ကျွန်တော်ကတော့ အားလုံးကို ဘေးကင်းကြစေချင်ရုံပါ။
ဒီအတွက်လည်း ကာကွယ်ဆေးတွေထိုးကြဖို့ တိုက်တွန်းအကြံပြုနေတာပါ” လို့လည်း
ဘယ်လင်ဂမ်က ပြောကြားခဲ့ပါသေးတယ်။ ဗြိတိန်မှာတော့ အသက် ၄၀ နှစ်နဲ့အောက်လူတွေမှာ
ကိုဗစ်ကာကွယ်ဆေးထိုးမှုဟာ ၇၅ % အောက်သာရှိသေးပြီး
သူ့ရဲ့အကြံပေးမှုတွေကို ဆွံ့အနားမကြားမဖြစ်ကြစေဖို့လည်း
ဘယ်လင်ဂမ်က မျှော်လင့်နေပါတယ်။
zawgyi
သူ႔ရဲ႕အႀကံေပးမႈေတြကို ဆြံ႕အနားမၾကားမျဖစ္ၾကေစဖို႔ ဘယ္လင္ဂမ္ ေမွ်ာ္လင့္ေန
ကိုဗစ္ကာကြယ္ေဆးကို ေခါင္းေၾကာမမာဘဲ ထိုးထားေစလိုေၾကာင္း ေဒ့့ါမြန္မွာ
ကစားေနတဲ့ အဂၤလန္လက္ေ႐ြးစင္ ဘယ္လင္ဂမ္က ေဘာလုံးကစားေဖာ္အားလုံးကို
တိုက္တြန္းလိုက္ပါတယ္။ ဂ်ာမနီမွာ ဘြန္ဒက္စ္လီဂါကစားသမားေတြရဲ႕ ၉၄% ဟာ
ကိုဗစ္ကာကြယ္ေဆးေတြထိုးၿပီးသြားၾကၿပီျဖစ္ၿပီး ဘယ္လင္ဂမ္ကလည္း
သူတို႔ထဲက တစ္ဦးအျဖစ္ ကာကြယ္ေဆး ၂ ႀကိမ္စလုံးထိုးၿပီးသြားခဲ့ပါၿပီ။
ဂ်ာမနီႏိုင္ငံက တာဝန္ရွိသူေတြရဲ႕လုပ္ရပ္ဟာ မွန္ကန္တယ္လို႔
ဘယ္လင္ဂမ္ကဆိုခဲ့သလို အျခားေသာ ကစားေဖာ္ေတြအေနနဲ႔လည္း
ကိုဗစ္ကာကြယ္ေဆးထိုးၾကဖို႔ တိုက္တြန္းလိုက္တာပါ။ ပရီးမီးယားလိဂ္မွာေတာ့
ကစားသမားေတြရဲ႕ ၇၇% ကသာ ကာကြယ္ေဆး ၂ ႀကိမ္စလဲုးထိုးထားၾကေသးၿပီး
ကစားသမားေတြရဲ႕ ကာကြယ္ေဆးထိုးႏိုင္မႈ လိဂ္သတ္မွတ္ခ်က္မွာ
ပရီးမီးယားလိဂ္ဟာ ဘြန္ဒက္စ္လီဂါေနာက္ကို ေရာက္ေနပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းကျပဳလုပ္ခဲ့တဲ့စစ္တမ္းအရလည္း
ပရီးမီးယားလိဂ္မဟုတ္တဲ့ EFL ေအာက္က ကစားသမားေတြရဲ႕ ၂၅ % ဟာ
ကိုဗစ္ကာကြယ္ေဆးမထိုးလိုဘူးလို႔ အေျဖေပးခဲ့ၾကပါေသးတယ္။
ၿဗိတိန္မွာ အိုမီခ႐ြန္ကိုဗစ္ကူးစက္မႈေတြ မ်ားလာလို႔ ေ႐ြ႕ဆိုင္းပြဲေတြမ်ားလာသလို
ၿပိဳင္ပြဲကို ေ႐ြ႕ရဖို႔ကိုပါစိုးရိမ္ေနၾကေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္
ကာကြယ္ေဆးမထိုးလိုၾကတဲ့ ကစားသမားေတြလည္း ရွိေနတာပါ။
ဘယ္လင္ဂမ္ကေတာ့ – “ကာကြယ္ေဆး ၂ ႀကိမ္စလုံးထိုးၿပီးသြားၿပီ။
ခံႏိုင္ရည္ရွိၿပီး စိတ္ခ်ရၿပီလို႔ ဆိုႏိုင္တာေပါ့။ ကြၽန္ေတာ္ကတစ္ဆင့္
မိသားစုထံကို မကူးစက္ေစခ်င္သလို ကြၽန္ေတာ္ကိုယ္တိုင္လည္း
ပြဲ်ေတြ မလြဲခ်င္ဘူးေလ” လို႔ ဆိုပါတယ္။
ထို႔အတူ ” ကြၽန္ေတာ့္အေနနဲ႔ေတာ့ လူတိုင္းကို ကာကြယ္ေဆးထိုးၾကပါလို႔
လိုက္ေျပာေနလို႔မရပါဘူး။ ဒါကလည္း သူတို႔ရဲ႕ ကိုယ္ပိုင္ေ႐ြးခ်ယ္ခြင့္ပါ။
ကြၽန္ေတာ္ကေတာ့ အားလုံးကို ေဘးကင္းၾကေစခ်င္႐ုံပါ။
ဒီအတြက္လည္း ကာကြယ္ေဆးေတြထိုးၾကဖို႔ တိုက္တြန္းအႀကံျပဳေနတာပါ” လို႔လည္း
ဘယ္လင္ဂမ္က ေျပာၾကားခဲ့ပါေသးတယ္။ ၿဗိတိန္မွာေတာ့ အသက္ ၄၀ ႏွစ္နဲ႔ေအာက္လူေတြမွာ
ကိုဗစ္ကာကြယ္ေဆးထိုးမႈဟာ ၇၅ % ေအာက္သာရွိေသးၿပီး
သူ႔ရဲ႕အႀကံေပးမႈေတြကို ဆြံ႕အနားမၾကားမျဖစ္ၾကေစဖို႔လည္း
ဘယ္လင္ဂမ္က ေမွ်ာ္လင့္ေနပါတယ္။