





အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ကို သဘောကျတဲ့
အသက် ၁၀၀ အရွယ်ပရိသတ်တစ်ယောက် မက်ဆီရဲ့သွင်းဂိုးတိုင်းကို





စာရွက်လေးနဲ့ထူးထူးခြားခြားမှတ်တမ်းတင်ထားခဲ့ပါတယ်။
စာရွက်နဲ့ ခဲတံလေးသုံးပြီး အမှတ်အသားလိုက်ပြုနေတဲ့
ဒီပရိသတ်ကိုတော့ မက်ဆီက ဗီဒီယိုမက်ဆေ့ချ်လှမ်းပို့ပြီး





အသိအမှတ်ပြုပေးလိုက်ပါတယ်။ ယနေ့ကမ္ဘာမှာတော့
ခလုတ်တစ်ချက်နှိပ်ရုံနဲ့အချက်အလက်တွေကြည့်နိုင်ပေမဲ့





ဒွန်ဟာနန်းဆိုသူ ပရိသတ်ကတော့ ခေတ်ဟောင်းပုံစံနဲ့ မက်ဆီရဲ့
သွင်းဂိုးတိုင်းကိုအမှတ်အသားပြုခဲ့တာဖြစ်တယ်။ ပြိုင်ဘက်အသင်းအမည်၊
ကန်တဲ့နေ့စွဲနဲ့ သွင်းဂိုးအရေအတွက်တွေကို ချရေးထားခဲ့တာပါ။





မက်ဆီရဲ့ သွင်းဂိုးပေါင်း ၇၀၀ ကျော်ကိုမှတ်တမ်းတင်ထားတဲ့
အဖိုးဖြစ်သူရဲ့လုပ်ရပ်ကို မြေးဖြစ်သူ မက်စထရန်ဂီလိုက TikTok





တင်လိုက်ရာကာက အများရဲ့အာရုံစိုက်ခံလာရတာဖြစ်တယ်။
တကယ်လို့ပွဲမကြည့်ဖြစ်ခဲ့ရင်တော့ မက်ဆီရဲ့သွင်းဂိုးတွေကို
မလွတ်တမ်းမှတ်ထားပြီး မသေချာရင်မြေးဖြစ်သူကို ဖုန်းဆက်





မေးလေ့ရှိတယ်လို့ သိရပါတယ်။ အသက် ၁၀၀ ပရိသတ် ဟာနန်းက
သူ့ရဲ့သွင်းဂိုးတွေကို အာရုံစိုက်တယ်ဆိုတာကြားသိရတဲ့နောက်တော့





မနှစ်ကကိုပါအမေရိကချန်ပီယံဖြစ်ပြီးတဲ့အချိန်မှာ မက်ဆီက
ကြည်နူးဖို့ကောင်းတဲ့ဗီဒီယိုမက်ဆေ့ချ်ပေးပို့ပြီး တုံ့ပြန်လိုက်တာဖြစ်တယ်။
“ဟယ်လို…ဟာနန်း မင်းရဲ့ဇာတ်လမ်း ငါ့ဆီရောက်လာတယ်။





မင်းက ငါ့ရဲ့သွင်းဂိုးတိုင်းကို ဒီလိုမှတ်တမ်းတင်ထားတာကိုမြင်ရတာဟာ
ငါ့အတွက်တော့ရူးချင်စရာပဲ။ ဒါကြောင့် မင်းကိုပွေ့ဖက်ထားချင်ပြီး





အရင်လုပ်ခဲ့တာတွေရော နောက်ဆက်တွဲလုပ်မယ့်အရာတွေအတွက်ပါ
ကျေးဇူးတင်ပါတယ်” လို့ မက်ဆီက ဗီဒီယိုမက်ဆေ့ချ်မှာ
စကားပြောဆိုခဲ့ပါတယ်။ ဟာနန်းနဲ့ မြေးဖြစ်သူတို့ဟာ ဗျူနိုအေးရီးစ်





မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ Carapachay ရှိနေအိမ်မှာ
မိသားစုတွေစုရုံးပြီး မက်ဆီရဲ့တောက်ပတဲ့ ဗီဒီယိုမက်ဆေ့ချ်ကို





အားပေးခဲ့ကြတာဖြစ်တယ်။ ဒါကိုကြည့်ပြီးတဲ့နောက်
အသက် ၁၀၀ အရွယ် ဟာနန်းက “မင်းနောက် ငါအမြဲလိုက်နေပြီး
နောက်ဆက်လိုက်ဦးမှာပါ။ အဆုံးအထိ မင်းနောက်ကို





လိုက်သွားမယ်” လို့ ငိုယိုပြီး ပြောဆိုခဲ့ပါတယ်။





zawgyi
သူ႔ရဲ႕သြင္းဂိုးတိုင္းကိုမွတ္တမ္းတင္ထားတဲ့ အသက္ ၁၀၀ အ႐ြယ္ ပရိသတ္ကို မက္ဆီ ကၾကည္ႏူးစရာ ဗီဒီယိုမက္ေဆ့ခ်္နဲ႔ တုံ႔ျပန္ေပးခဲ့တယ္
အာဂ်င္တီးနားနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ကို သေဘာက်တဲ့





အသက္ ၁၀၀ အ႐ြယ္ပရိသတ္တစ္ေယာက္ မက္ဆီရဲ႕သြင္းဂိုးတိုင္းကို
စာ႐ြက္ေလးနဲ႔ထူးထူးျခားျခားမွတ္တမ္းတင္ထားခဲ့ပါတယ္။





စာ႐ြက္နဲ႔ ခဲတံေလးသုံးၿပီး အမွတ္အသားလိုက္ျပဳေနတဲ့
ဒီပရိသတ္ကိုေတာ့ မက္ဆီက ဗီဒီယိုမက္ေဆ့ခ်္လွမ္းပို႔ၿပီး
အသိအမွတ္ျပဳေပးလိုက္ပါတယ္။ ယေန႔ကမာၻမွာေတာ့





ခလုတ္တစ္ခ်က္ႏွိပ္႐ုံနဲ႔အခ်က္အလက္ေတြၾကည့္ႏိုင္ေပမဲ့
ဒြန္ဟာနန္းဆိုသူ ပရိသတ္ကေတာ့ ေခတ္ေဟာင္းပုံစံနဲ႔ မက္ဆီရဲ႕





သြင္းဂိုးတိုင္းကိုအမွတ္အသားျပဳခဲ့တာျဖစ္တယ္။ ၿပိဳင္ဘက္အသင္းအမည္၊
ကန္တဲ့ေန႔စြဲနဲ႔ သြင္းဂိုးအေရအတြက္ေတြကို ခ်ေရးထားခဲ့တာပါ။
မက္ဆီရဲ႕ သြင္းဂိုးေပါင္း ၇၀၀ ေက်ာ္ကိုမွတ္တမ္းတင္ထားတဲ့





အဖိုးျဖစ္သူရဲ႕လုပ္ရပ္ကို ေျမးျဖစ္သူ မက္စထရန္ဂီလိုက TikTok
တင္လိုက္ရာကာက အမ်ားရဲ႕အာ႐ုံစိုက္ခံလာရတာျဖစ္တယ္။





တကယ္လို႔ပြဲမၾကည့္ျဖစ္ခဲ့ရင္ေတာ့ မက္ဆီရဲ႕သြင္းဂိုးေတြကို
မလြတ္တမ္းမွတ္ထားၿပီး မေသခ်ာရင္ေျမးျဖစ္သူကို ဖုန္းဆက္
ေမးေလ့ရွိတယ္လို႔ သိရပါတယ္။ အသက္ ၁၀၀ ပရိသတ္ ဟာနန္းက





သူ႔ရဲ႕သြင္းဂိုးေတြကို အာ႐ုံစိုက္တယ္ဆိုတာၾကားသိရတဲ့ေနာက္ေတာ့
မႏွစ္ကကိုပါအေမရိကခ်န္ပီယံျဖစ္ၿပီးတဲ့အခ်ိန္မွာ မက္ဆီက





ၾကည္ႏူးဖို႔ေကာင္းတဲ့ဗီဒီယိုမက္ေဆ့ခ်္ေပးပို႔ၿပီး တုံ႔ျပန္လိုက္တာျဖစ္တယ္။
“ဟယ္လို…ဟာနန္း မင္းရဲ႕ဇာတ္လမ္း ငါ့ဆီေရာက္လာတယ္။
မင္းက ငါ့ရဲ႕သြင္းဂိုးတိုင္းကို ဒီလိုမွတ္တမ္းတင္ထားတာကိုျမင္ရတာဟာ





ငါ့အတြက္ေတာ့႐ူးခ်င္စရာပဲ။ ဒါေၾကာင့္ မင္းကိုေပြ႕ဖက္ထားခ်င္ၿပီး
အရင္လုပ္ခဲ့တာေတြေရာ ေနာက္ဆက္တြဲလုပ္မယ့္အရာေတြအတြက္ပါ





ေက်းဇူးတင္ပါတယ္” လို႔ မက္ဆီက ဗီဒီယိုမက္ေဆ့ခ်္မွာ
စကားေျပာဆိုခဲ့ပါတယ္။ ဟာနန္းနဲ႔ ေျမးျဖစ္သူတို႔ဟာ ဗ်ဴႏိုေအးရီးစ္
ေျမာက္ဘက္အစြန္ဆုံးၿမိဳ႕ျဖစ္တဲ့ Carapachay ရွိေနအိမ္မွာ





မိသားစုေတြစု႐ုံးၿပီး မက္ဆီရဲ႕ေတာက္ပတဲ့ ဗီဒီယိုမက္ေဆ့ခ်္ကို
အားေပးခဲ့ၾကတာျဖစ္တယ္။ ဒါကိုၾကည့္ၿပီးတဲ့ေနာက္





အသက္ ၁၀၀ အ႐ြယ္ ဟာနန္းက “မင္းေနာက္ ငါအၿမဲလိုက္ေနၿပီး
ေနာက္ဆက္လိုက္ဦးမွာပါ။ အဆုံးအထိ မင္းေနာက္ကို
လိုက္သြားမယ္” လို႔ ငိုယိုၿပီး ေျပာဆိုခဲ့ပါတယ္။




