သူ့ရည်မှန်းချက်တွေ ယူနိုက်တက်မှာ မပြည့်မှာစိုးရိမ်နေတဲ့ ဟာလန်း စီးတီးရောက်ဖို့ ရာခိုင်နှုန်းများ

သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ

သူ့ရည်မှန်းချက်တွေကို ယူနိုက်တက်အသင်း မဖြည့်ဆည်းနိုင်မှာ
စိုးရိမ်နေတာကြောင့် လာမယ့်နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို
ပြောင်းရွှေ့ကစားဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃သန်းပဲ ရှိတဲ့ဟာလန်းကို
ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းအများစု စိတ်ဝင်စားနေပြီး

ဟာလန်းက ၂၀၂၀ ဇန်နဝါရီလက ဆဲလ်ဘတ်ကနေ
ဒေါ့မွန်ကို ရောက်လာပြီးချိန်ကတည်းက အသင်းအတွက်
၈၃ပွဲမှာ ဂိုးပေါင်း ၈၀အထိ သွင်းယူထားပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ မန်စီးတီးဟာ ဟာလန်းကို
လုပ်ခလစာအများဆုံးရကစားသမားဖြစ်စေမယ့်

မက်မောဖွယ်လစာနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီး
Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်
လက်ရှိချန်ပီယံအသင်းဟာ အသက် ၂၁ နှစ်အရွယ်ရှိ
နော်ဝေလက်ရွေးစင်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ
ရေပန်းစားနေတယ်လို့ သိရပါတယ်။

ဟာလန်းဟာ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားနဲ့
မိုလ်ဒီမှာ လက်တွဲခဲ့ဖူးတာကြောင့် ဒေါ့မွန်ကို
မရောက်ခင် အိုးထရက်ဖို့ဒ်ကို ရောက်ဖို့
သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်ခဲ့ပေမယ့်
ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့

သူ့ရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့
မထင်တာကြောင့် ဟာလန်းရဲ့ကိုယ်စားလှယ်တွေက
အိုးထရက်ဖို့ဒ်ကို ဟာလန်း ပြောင်းရွှေ့မှာမဟုတ်တဲ့အကြောင်း
အသိပေးခဲ့တယ်လို့ သိရပါတယ်။
အေဂျက်စ်နည်းပြ တန်ဟတ်ကို အမြဲတမ်းနည်းပြအဖြစ်

ခန့်အပ်နိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်ဟာ လာမယ့်နွေရာသီအတွင်း
တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေပြီး
စီးတီးနဲ့ တခြားအသင်းကြီးတွေ ကမ်းလှမ်းတဲ့လစာအတိုင်း
ပေးချေနိုင်တဲ့အကြောင်း ဟာလန်းရဲ့ကိုယ်စားလှယ်အဖွဲ့ထံ
အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဟာလန်းရဲ့ကိုယ်စားလှယ်အဖွဲ့ကတော့
ကစားသမားအနေနဲ့ ငွေကြေးထက် အားကစားဆိုင်ရာ
ရည်မှန်းချက်ကို ပိုမိုဦးစားပေးကြောင်း၊ အနာဂတ်အတွက်
ဆုံးဖြတ်ရာမှာ ဘဏ္ဍာရေးထက် အားကစားဆိုင်ရာရည်မှန်းချက်ကို
ပိုမိုဦးစားပေးမှာဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

Zawgyi

သူ႕ရည္မွန္းခ်က္ေတြ ယူႏုိက္တက္မွာ မျပည့္မွာစိုးရိမ္ေနတဲ့ ဟာလန္း စီးတီးေရာက္ဖို႔ ရာခိုင္ႏႈန္းမ်ား
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းဟာ

သူ႕ရည္မွန္းခ်က္ေတြကို ယူႏုိက္တက္အသင္း မျဖည့္ဆည္းႏိုင္မွာ
စိုးရိမ္ေနတာေၾကာင့္ လာမယ့္ေႏြရာသီမွာ အုိးထရက္ဖုိ႔ဒ္ကို
ေျပာင္းေရႊ႕ကစားဖို႔ အစီအစဥ္မရွိေၾကာင္း သိရပါတယ္။
စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃သန္းပဲ ရွိတဲ့ဟာလန္းကို
ေခၚယူဖို႔ ဥေရာပထိပ္တန္းအသင္းအမ်ားစု စိတ္၀င္စားေနၿပီး

ဟာလန္းက ၂၀၂၀ ဇန္န၀ါရီလက ဆဲလ္ဘတ္ကေန
ေဒါ့မြန္ကို ေရာက္လာၿပီးခ်ိန္ကတည္းက အသင္းအတြက္
၈၃ပြဲမွာ ဂိုးေပါင္း ၈၀အထိ သြင္းယူထားပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ မန္စီးတီးဟာ ဟာလန္းကို
လုပ္ခလစာအမ်ားဆုံးရကစားသမားျဖစ္ေစမယ့္

မက္ေမာဖြယ္လစာနဲ႔ ကမ္းလွမ္းထားတယ္လုိ႔ သိရၿပီး
Daily Mail သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္
လက္ရွိခ်န္ပီယံအသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ရွိ
ေနာ္ေ၀လက္ေရြးစင္ကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေန
ေရပန္းစားေနတယ္လုိ႔ သိရပါတယ္။

ဟာလန္းဟာ ယူႏုိက္တက္နည္းျပေဟာင္း ဆုိးလ္ရွားနဲ႔
မိုလ္ဒီမွာ လက္တြဲခဲ့ဖူးတာေၾကာင့္ ေဒါ့မြန္ကို
မေရာက္ခင္ အုိးထရက္ဖုိ႔ဒ္ကို ေရာက္ဖုိ႔
သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္ထြက္ေပၚခဲ့ေပမယ့္
ESPN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အေနနဲ႔

သူ႕ရဲ႕ရည္မွန္းခ်က္ေတြကို ျဖည့္ဆည္းေပးႏုိင္မယ္လုိ႔
မထင္တာေၾကာင့္ ဟာလန္းရဲ႕ကိုယ္စားလွယ္ေတြက
အုိးထရက္ဖို႔ဒ္ကို ဟာလန္း ေျပာင္းေရႊ႕မွာမဟုတ္တဲ့အေၾကာင္း
အသိေပးခဲ့တယ္လုိ႔ သိရပါတယ္။
ေအဂ်က္စ္နည္းျပ တန္ဟတ္ကို အၿမဲတမ္းနည္းျပအျဖစ္

ခန္႔အပ္ႏိုင္ဖို႔ နီးစပ္ေနတဲ့ ယူႏုိက္တက္ဟာ လာမယ့္ေႏြရာသီအတြင္း
တိုက္စစ္မွဴးတစ္ဦး ေခၚယူဖြယ္ရွိေနၿပီး
စီးတီးနဲ႔ တျခားအသင္းႀကီးေတြ ကမ္းလွမ္းတဲ့လစာအတုိုင္း
ေပးေခ်ႏုိင္တဲ့အေၾကာင္း ဟာလန္းရဲ႕ကုိယ္စားလွယ္အဖြဲ႕ထံ
အေၾကာင္းၾကားခဲ့တယ္လုိ႔ သိရပါတယ္။

ဒါေပမဲ့ ဟာလန္းရဲ႕ကိုယ္စားလွယ္အဖြဲ႕ကေတာ့
ကစားသမားအေနနဲ႔ ေငြေၾကးထက္ အားကစားဆုိင္ရာ
ရည္မွန္းခ်က္ကို ပိုမိုဦးစားေပးေၾကာင္း၊ အနာဂတ္အတြက္
ဆုံးျဖတ္ရာမွာ ဘ႑ာေရးထက္ အားကစားဆုိင္ရာရည္မွန္းခ်က္ကို
ပိုမုိဦးစားေပးမွာျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့ပါတယ္။