
ယူကရိန်းလက်ရွေးစင်တစ်ဦးဖြစ်တဲ့ ယာရိုစလက်ဗ်ရာကစ်စကီ ဟာ
သူ့မိခင်နိုင်ငံကို ရုရှားကကျူးကျော်ဝင် ရောက်ခဲ့ပြီးနောက်
လက်ရှိကစားနေတဲ့ ဇင်းနစ်အသင်းနဲ့စာချုပ်ကို
ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
ရာ ကစ်ကီ ဟာသူ့အင်စတာဂရမ်ကနေ ရုရှားရဲ့ကျူးကျော်မှုကိုဝေဖန်ခဲ့ပြီးနောက်
အသင်းရဲ့လူစာရင်းကနေချန် လှပ်ထားခြင်းခံခဲ့ရပါတယ်။
ဒါကြောင့်လည်းအသက် ၃၂ နှစ်ရှိတဲ့ ရာကစ်စကီ ဟာ
သူ့စာချုပ်ကိုဖျက်ဖို့ဆုံး ဖြတ်ခဲ့ပြီး ကလပ်ဘက်ကလည်းသဘောတူခဲ့တာကြောင့်
ရုရှားကနေထွက်ခွာခဲ့ပြီဖြစ်ပါတယ်။
ရုရှားရဲ့ကျူး ကျော်စစ်အစပိုင်းမှာ ရာကစ်စကီ က
သူ့ကိုကစားခွင့်ဆိုင်းငံ့ပေးထားဖို့သာတောင်းဆိုခဲ့ပေမယ့်
နောက်ပိုင်းမှာ ယူကရိန်းအားကစားလောက ကတစ်ဦးချင်းရော၊
အသင်းလိုက်တွေကပါ ဆန့်ကျင်မှုကြီးထွားလာပြီးနောက်
စာချုပ်ဖျက်ပေးဖို့ပါတောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဇင်းနစ်အသင်းကလည်း ရာကစ်စကီ ရဲ့စာချုပ်ကို
ကစားသမားဘက်ကတောင်းဆိုမှုကြောင့်
ဖျက်သိမ်းလိုက် ကြောင်းအတည်ပြုခဲ့ပေမယ့်
ရုရှားရဲ့ကျူးကျော်မှုကြောင့် အခုလိုဖြစ်ခဲ့တယ်ဆိုတာကိုတော့
ထည့်သွင်းဖော်ပြ ခဲ့ခြင်းမရှိပါဘူး။
ရာကစ်စကီ ဟာဇင်းနစ်နဲ့အတူ ရုရှားလိဂ်ချန်ပီယံ ၃ ကြိမ်၊
ရှုံးထွက်ဖလား တစ်ကြိမ်နဲ့ စူပါ ဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ပါတယ်။
ရုရှားရဲ့ထိပ်တန်းကလပ်ဖြစ်တဲ့ ဇင်းနစ်အသင်းဟာ
ပူတင် ရဲ့မွေးရပ်မြို့ဖြစ် တဲ့ စိန့်ပီတာစဘတ် မှာအခြေစိုက်တာဖြစ်ပြီး
သူတို့ရဲ့စပွန်ဆာကလည်းရုရှားနိုင်ငံပိုင် Gazprom ဂက်စ်ကုမ္ပ ဏီဖြစ်ပါတယ်။
ရာကစ်စကီ ရဲ့အရင်ကလပ်ဟာ လက်ရှိမှာရုရှားအစိုးရထောက်ပံ့ပေးနေတဲ့
ခွဲထွက်ရေးသမား တွေအခြေပြုရာ ဒွန်ဘတ်စ်ဒေသက ရှက်တာဒိုးနက်စ်ဖြစ်ပြီး
၂၀၁၉ မှာ ဇင်းနစ်ကိုပြောင်းခဲ့ပါတယ်။ ဇင်းနစ် နည်းပြ ဆာဂျီဆီမက်ခ် ကတော့
ရာကစ်စကီ ရဲ့ထွက်ခွာမှုအတွက်ဘာမှတ်ချက်မှမပေးခဲ့ဘဲ
လူတိုင်းမှာကိုယ် ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်လို့သာပြောခဲ့ပါတယ်။
zawgyi
သူ့မိခင်နိုင်ငံကို ရုရှားကကျူးကျော်ဝင်ရောက်ခဲ့လို့ ရုရှားကလပ် ဇင်းနစ်နဲ့စာချုပ်ဖျက်လိုက်တဲ့ ယူကရိန်းစတား ရာကစ်စကီ