သူ့ပါးစပ်ထဲရောက်လာတဲ့ စီရော်နယ်ဒိုကို ပြန်တီးတဲ့ ဂယ်ရီနဗီးလ်

ဗီလာကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီး တာဝန်ပျက်ကွက်ခဲ့တဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ယူနိုက်တက် နောက်ခံလူဟောင်း

ဂယ်ရီနဗီးလ်က အပြစ်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ် မပါဝင်နိုင် တာကြောင့် အသင်းခေါင်းဆောင်လက်ပတ်ကို

ဝတ်ဆင်ခွင့်ရခဲ့တဲ့ စီရော်နယ်ဒိုဟာ ပွဲစဉ်အပြီးမှာတော့ သတင်းမီဒီယာတွေကို စကားပြောဖို့ ပျက်ကွက်ခဲ့ ပါတယ်။ ဒါကြောင့် အသက် ၃၇ အရွယ် ပေါ်တူဂီတိုက်စစ်မှူးရဲ့ လုပ်ရပ်ဟာ

ဂယ်ရီနဗီးလ်အတွက် အကွက်ကျသလို ဖြစ်သွားပြီး အခုလိုမျိုး လူသိရှင်ကြား ဝေဖန်လိုက်တာဖြစ်ပါတယ်။ ‘’စီရော်နယ်ဒိုက မန်ယူအသင်း ခေါင်းဆောင်အဖြစ် ကစားခဲ့တယ်။

နောက်ပြီး အသင်းက ရှုံးခဲ့တယ်။ မင်းအလုပ်က ပွဲအပြီးမှာ စကားပြောဖို့လေ။ ငါဆို အဲဒီနေရာမှာ နေလာခဲ့တာကွ။ နိုင်ပွဲရတယ်ဆိုရင် ဂိုးသွင်းတဲ့ ကစားသမား ဒါမှမဟုတ်ရင် ဦးဆောင်ဦးရွက်ပြုတဲ့သူက

စကား ထွက်ပြောရတာကွ။ ရှုံးပြီဆိုရင်လည်း မင်းရဲ့ ဂိုးသမား၊ မင်းရဲ့ နောက် ခံလူ၊ ဒါမှမဟုတ် မင်းရဲ့ အသင်းခေါင်းဆောင်က စကားထွက်ပြောရတာမျိုး။ ကျွန်တော်တို့ ဒီကောင့်ဆီက

စကားတွေ ဘာလို့ မကြားရတာလဲ။ သူက အဲဒီမှာ စကားပြောဖို့ ရှိနေရမှာ။ ဒီကနေ့ ကျွန်တော်တို့ မှားနေတဲ့အချက်က အဲဒါပဲ။ ကျွန်တော်တို့ဟာ နောက်တစ်ပွဲအတွက် ကြိုးစားအားထုတ်ရတော့မှာဖြစ်ပြီး

နောက်တစ်ပွဲအတွက် အဆင်သင့် ဖြစ်နေရပါတော့မယ်။ သူက အမှန် တကယ်ဆိုရင် စကားပြောခဲ့ရမှာ။ အဲ့ကောင် စကားပြောတာကို မကြားရတာ ၆ လလောက်ရှိနေပြီ။ ကျွန်တော်တို့ သူ့ဆီက ဘာမှ မကြားရဘူး။

ကျွန်တော် အရင်တုန်းက ပြောခဲ့သလိုပဲလေ။ မန်ယူက သူမရှိတာမှ ပိုကောင်းဦးမယ်ဆိုတာပဲ။ သူကလည်း မန်ယူနဲ့အတူမရှိဘူးဆိုရင် ပိုကောင်းမှာပါ။ ကျွန်တော် သူ့ ဆီကနေပြီး အများကြီး မျှော်လင့်ခဲ့တာ။

ဘာကြောင့်လဲဆိုတော့ ဒီကောင်က ဒီမှာ ၆ နှစ်လောက် ကစားခဲ့တာလေ။ ဖြစ်ခဲ့တာတွေကို တာဝန်ယူရမှာပေါ့။ မင်းကိုယ်စား တခြားဝန်ထမ်းတွေ၊ တခြားလူတွေက

ဖြေပေးဖို့ ထားခဲ့ရမှာ မဟုတ်ဘူးလေ’’ လို့ Sky Sport ရဲ့ အားကစားအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ နဗီးလ်က ပြောဆိုခဲ့ပါတယ်။

(Zawgyi)

သူ႔ပါးစပ္ထဲေရာက္လာတဲ့ စီေရာ္နယ္ဒိုကို ျပန္တီးတဲ့ ဂယ္ရီနဗီးလ္

ဗီလာကို ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္တစ္ေယာက္ ျဖစ္ေနၿပီး တာဝန္ပ်က္ကြက္ခဲ့တဲ့ မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုကို ယူႏိုက္ တက္ ေနာက္ခံလူေဟာင္း

ဂယ္ရီနဗီးလ္က အျပစ္တင္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္က ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ မပါဝင္ႏိုင္ တာေၾကာင့္ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ခြင့္ရခဲ့တဲ့ စီေရာ္နယ္ ဒိုဟာ

ပြဲစဥ္အၿပီးမွာေတာ့ သတင္းမီဒီယာေတြကို စကားေျပာဖို႔ ပ်က္ကြက္ခဲ့ ပါတယ္။ ဒါေၾကာင့္ အသက္ ၃၇ အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးရဲ႕ လုပ္ရပ္ဟာ ဂယ္ရီနဗီးလ္အတြက္ အကြက္က်သလို ျဖစ္သြားၿပီး

အခုလိုမ်ိဳး လူသိရွင္ၾကား ေဝဖန္လိုက္တာျဖစ္ပါတယ္။ ‘’စီေရာ္နယ္ဒိုက မန္ယူအသင္း ေခါင္းေဆာင္ အျဖစ္ ကစားခဲ့တယ္။ ေနာက္ၿပီး အသင္းက ရႈံးခဲ့တယ္။ မင္းအလုပ္က ပြဲအၿပီး မွာ

စကားေျပာဖို႔ေလ။ ငါဆို အဲဒီေနရာမွာ ေနလာခဲ့တာကြ။ ႏိုင္ပြဲရတယ္ဆို ရင္ ဂိုးသြင္းတဲ့ ကစားသမား ဒါမွမဟုတ္ရင္ ဦးေဆာင္ဦး႐ြက္ ျပဳတဲ့သူက စကား ထြက္ေျပာရတာကြ။

ရႈံးၿပီဆိုရင္လည္း မင္းရဲ႕ ဂိုးသမား၊ မင္းရဲ႕ ေနာက္ ခံလူ၊ ဒါမွမဟုတ္ မင္းရဲ႕ အသင္းေခါင္းေဆာင္က စကားထြက္ေျပာရတာမ်ိဳး။ ကြၽန္ေတာ္တို႔ ဒီေကာင့္ဆီက

စကားေတြ ဘာလို႔ မၾကားရတာလဲ။ သူက အဲဒီ မွာ စကားေျပာဖို႔ ရွိေနရမွာ။ ဒီကေန႔ ကြၽန္ေတာ္တို႔ မွားေနတဲ့အခ်က္က အဲဒါ ပဲ။ ကြၽန္ေတာ္တို႔ဟာ ေနာက္တစ္ပြဲအတြက္

ႀကိဳးစားအားထုတ္ရေတာ့မွာ ျဖစ္ၿပီး ေနာက္တစ္ပြဲအတြက္ အဆင္သင့္ ျဖစ္ေနရပါေတာ့မယ္။ သူက အမွန္ တကယ္ဆိုရင္ စကားေျပာခဲ့ရမွာ။ အဲ့ေကာင္ စကားေျပာတာကို မၾကားရတာ ၆

လေလာက္ရွိေနၿပီ။ ကြၽန္ေတာ္တို႔ သူ႔ဆီက ဘာမွ မၾကားရဘူး။ ကြၽန္ေတာ္ အရင္တုန္းက ေျပာခဲ့သလိုပဲေလ။ မန္ယူက သူမရွိတာမွ ပိုေကာင္းဦးမယ္ဆို တာပဲ။

သူကလည္း မန္ယူနဲ႔အတူမရွိဘူးဆိုရင္ ပိုေကာင္းမွာပါ။ ကြၽန္ေတာ္ သူ႔ ဆီကေနၿပီး အမ်ားႀကီး ေမွ်ာ္လင့္ခဲ့တာ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေကာင္က ဒီမွာ ၆ ႏွစ္ေလာက္ ကစားခဲ့တာေလ။

ျဖစ္ခဲ့တာေတြကို တာဝန္ယူရမွာေပါ့။ မင္းကိုယ္စား တျခားဝန္ထမ္းေတြ၊ တျခားလူေတြက ေျဖေပးဖို႔ ထားခဲ့ရမွာ မဟုတ္ဘူးေလ’’ လို႔ Sky Sport ရဲ႕

အားကစားအစီအစဥ္ တင္ဆက္သူအျဖစ္ လုပ္ကိုင္ေနတဲ့ နဗီးလ္က ေျပာဆိုခဲ့ပါတယ္။