
နယူးကာဆယ်ဘက်က တန်ဖိုးကြီးအငှားကမ်းလှမ်းမှုကို မန်ယူဘက်က
တားဆီးခဲ့ပုံပေါက်တာကြောင့် လင်ဂတ်ရဲ့အစ်ကိုဖြစ်သူဟာ
ယူနိုတက်က်ကို ပြစ်တင်ပြောကြားလိုက်ပါတယ်။
၂၉ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ဒီရာသီမှာ သရဲနီတွေအတွက်
မကစားရသလောက်ဖြစ်ပြီး အပြောင်းအရွှေ့ရာသီပိတ်မယ့်
တနင်္လာနေ့မတိုင်ခင် သူ့ကိုခေါ်ဖို့စိတ်ဝင်စားနေကြတဲ့
ပရီးမီးယားလိဂ်အသင်းအမြောက်အများရှိနေတာပါ။
ဒါပေမဲ့ မန်ယူဟာ နယူးကာဆယ်ဘက်က တန်ဖိုးကြီး
အငှားကမ်းလှမ်းလာမှုကို ပိတ်ပင်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အဲဒါကြောင့်လည်း လင်ဂတ်ရဲ့အစ်ကိုဖြစ်တဲ့ လူဝီစကော့ဟာ
သူ့ညီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ထောင်သားတစ်ယောက်လိုပဲလို့
နှိုင်းယှဉ်ပြောကြားလိုက်ပါတယ်။
စကော့ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဝက်စ်ဟမ်းကို
လင်ဂတ်အငှားသွားခဲ့တဲ့ တစ်နှစ်ပြည့်အဖြစ် ဝက်စ်ဟမ်းအတွက်
ဂိုးသွင်းအောင်ပွဲခံတဲ့ပုံနဲ့အတူ ”လွန်ခဲ့တဲ့တစ်နှစ်က
ဒီလိုနေ့မျိုးမှာ သူလွတ်မြောက်ခဲ့ပါတယ်”လို့ စာကို ငိုရယ် emoji ၃ ခုနဲ့ တင်ခဲ့တာပါ။
၂၀၂၁ ဇန်နဝါရီမှာ ဝက်စ်ဟမ်းကို အငှားသွားခဲ့ချိန်က
လင်ဂတ်ဟာ အဲဒီရာသီမှာ ယူနိုက်တက်အတွက်
ပရီးမီးယားလိဂ်တစ်ပွဲမှ မကစားခဲ့ရဘဲ အငှားသွားခဲ့တဲ့
အသင်းမှာတော့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ဒေးဗစ်မိုယက်စ်ရဲ့အသင်းကို ဥရောပဝင်ခွင့်ရအောင်
ကူညီပေးနိုင်ခဲ့ပြီး ၁၆ ပွဲတည်းနဲ့ ၉ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။
အဲဒီအကယ်ဒမီထွက်ကစားသမားဟာ ဆိုးလ်ရှားလက်ထက်တုန်းကလည်း
အသင်းမှာ ဆက်နေဖို့ စည်းရုံးခံခဲ့ရပေမယ့် နေရာဆက်ပျောက်ခဲ့ပါတယ်။
အခုယာယီနည်းပြရန်းနစ်ရောက်လာချိန်မှာလည်း
အဲဒီအခြေအနေက ပြောင်းလဲမသွားခဲ့ပါဘူး။
လင်ဂတ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၈၈ မိနစ်ကစားခဲ့ရပြီး
ပြိုင်ပွဲအရပ်ရပ်မှာလည်း ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။
zawgyi
သူ႔ညီဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေထာင္သားတစ္ေယာက္လိုပဲလို႔ မန္ယူကို ျပစ္တင္ခဲ့တဲ့ လင္ဂတ္ရဲ႕အစ္ကို
နယူးကာဆယ္ဘက္က တန္ဖိုးႀကီးအငွားကမ္းလွမ္းမႈကို မန္ယူဘက္က
တားဆီးခဲ့ပုံေပါက္တာေၾကာင့္ လင္ဂတ္ရဲ႕အစ္ကိုျဖစ္သူဟာ
ယူႏိုတက္က္ကို ျပစ္တင္ေျပာၾကားလိုက္ပါတယ္။
၂၉ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္သားဟာ ဒီရာသီမွာ သရဲနီေတြအတြက္
မကစားရသေလာက္ျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ရာသီပိတ္မယ့္
တနလၤာေန႔မတိုင္ခင္ သူ႔ကိုေခၚဖို႔စိတ္ဝင္စားေနၾကတဲ့
ပရီးမီးယားလိဂ္အသင္းအေျမာက္အမ်ားရွိေနတာပါ။
ဒါေပမဲ့ မန္ယူဟာ နယူးကာဆယ္ဘက္က တန္ဖိုးႀကီး
အငွားကမ္းလွမ္းလာမႈကို ပိတ္ပင္ခဲ့ေၾကာင္း သတင္းေတြထြက္ေပၚခဲ့ပါတယ္။
အဲဒါေၾကာင့္လည္း လင္ဂတ္ရဲ႕အစ္ကိုျဖစ္တဲ့ လူဝီစေကာ့ဟာ
သူ႔ညီဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေထာင္သားတစ္ေယာက္လိုပဲလို႔
ႏႈိင္းယွဥ္ေျပာၾကားလိုက္ပါတယ္။
စေကာ့ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ဝက္စ္ဟမ္းကို
လင္ဂတ္အငွားသြားခဲ့တဲ့ တစ္ႏွစ္ျပည့္အျဖစ္ ဝက္စ္ဟမ္းအတြက္
ဂိုးသြင္းေအာင္ပြဲခံတဲ့ပုံနဲ႔အတူ ”လြန္ခဲ့တဲ့တစ္ႏွစ္က
ဒီလိုေန႔မ်ိဳးမွာ သူလြတ္ေျမာက္ခဲ့ပါတယ္”လို႔ စာကို ငိုရယ္ emoji ၃ ခုနဲ႔ တင္ခဲ့တာပါ။
၂၀၂၁ ဇန္နဝါရီမွာ ဝက္စ္ဟမ္းကို အငွားသြားခဲ့ခ်ိန္က
လင္ဂတ္ဟာ အဲဒီရာသီမွာ ယူႏိုက္တက္အတြက္
ပရီးမီးယားလိဂ္တစ္ပြဲမွ မကစားခဲ့ရဘဲ အငွားသြားခဲ့တဲ့
အသင္းမွာေတာ့ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
သူဟာ ေဒးဗစ္မိုယက္စ္ရဲ႕အသင္းကို ဥေရာပဝင္ခြင့္ရေအာင္
ကူညီေပးႏိုင္ခဲ့ၿပီး ၁၆ ပြဲတည္းနဲ႔ ၉ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။
အဲဒီအကယ္ဒမီထြက္ကစားသမားဟာ ဆိုးလ္ရွားလက္ထက္တုန္းကလည္း
အသင္းမွာ ဆက္ေနဖို႔ စည္း႐ုံးခံခဲ့ရေပမယ့္ ေနရာဆက္ေပ်ာက္ခဲ့ပါတယ္။
အခုယာယီနည္းျပရန္းနစ္ေရာက္လာခ်ိန္မွာလည္း
အဲဒီအေျခအေနက ေျပာင္းလဲမသြားခဲ့ပါဘူး။
လင္ဂတ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၈၈ မိနစ္ကစားခဲ့ရၿပီး
ၿပိဳင္ပြဲအရပ္ရပ္မွာလည္း ၂ ပြဲသာ ပြဲထြက္ခြင့္ရခဲ့တာပါ။