သူ့ညီကိုပြင်းထန်စွာဖျက်ထုတ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားကို ထိပ်တိုက်တွေ့ခဲ့တဲ့ အီနာကီဝီလျံ

တနင်္လာနေ့ညက အိုဆာဆူနာနဲ့ ဘီလ်ဘာအိုတို့ပွဲမှာ ဘီလ်ဘာအိုတိုက်စစ်မှူး
အီနာကီဝီလျံဟာ သူ့ညီကိုပြင်းထန်စွာဖျက်ထုတ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားကို

ထိပ်တိုက်တွေ့ခဲ့လို့ပြဿနာတက်ခဲ့တယ်လို့သိရပါတယ်။ ဒီပွဲမှာဧည့်သည်
ဘီလ်ဘာအိုက အိုအီဟန် ရဲ့ဟက်ထရစ်နဲ့အတူ ၃-၁ နဲ့အနိုင်ရခဲ့တာပါ။

ဒါပေမယ့်ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာ အိုဆာဆူနာ အဗီလာက

တန်ပြန်တိုက်စစ်ဆင်လာတဲ့ ဘီလ်ဘာအိုက နီကိုဝီလျံကိုတားဆီးဖို့အတွက်
ပြင်းထန်စွာဖျက်ထုတ်ခဲ့တာကြောင့် အချင်းများမှုတွေပေါ်ပေါက်ခဲ့ပါတယ်

နီကိုဝီလျံဟာ အီနာကီရဲ့ညီဖြစ်ပြီး အသက် ၁၉ နှစ်သာရှိသေးကာ
ဒီပွဲမှာလူစားဝင်ကစားခဲ့သူဖြစ်ပါတယ်။

အဗီလာရဲ့ဖျက်ထုတ်မှုကို နီကိုကရှောင်ရှားနိုင်ပြီး ဘောလုံးကိုဆွဲကာ

တိုက်စစ်ဆက်ဆင်နိုင်ခဲ့ပေမယ့် ဖျက်ထုတ်ပုံကဆိုးရွားလွန်းလို့
အစ်ကိုဖြစ်သူ အီနာကီ ကမခံမရပ်နိုင်ဖြစ်ပြီး အဗီလာ ကို

ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။

တကယ်တမ်းမှာလည်းအဲဒီအာဂျင်တီးနားတိုက်စစ်မှူး အဗီလာရဲ့

ဖျက်ထုတ်ပုံကြမ်းလွန်းတဲ့အတွက်
ပွဲအစီအစဥ်ကြေညာသူတွေကတောင် စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့

ပြောရတဲ့အထိဖြစ်ခဲ့ပါတယ်။
အီနာကီ ဟာ အဗီလာကိုထိပ်တိုက်တွေ့ခဲ့တဲ့အတွက်ပြဿနာတွေတက်ခဲ့ပြီး

နှစ်သင်းစလုံးက ကစားဖော်တွေကဝင်ရောက်ဖျန်ဖြေပေးခဲ့လို့သာ

အခြေအနေအရမ်းမဆိုးခဲ့တာဖြစ်ပါတယ်။ အဗီလာ ဟာ
ပထမအဝါကတ်ပြသခံရပြီးဖြစ်ပေမယ့် နီကို ကိုဖျက်ထုတ်မှုမှာ

ဘာမှသတိပေးမှုမှမခံခဲ့ရပါဘူး။

ဒါပေမယ့် အဗီလာဟာနှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ

ဘီလ်ဘာအိုနောက်ခံလူမာတီနက်ဇ်ကို
ထိပ်တိုက်တွေ့ပြီး ရင်ဘတ်တွန်းခဲ့တဲ့အပြင် လည်ပင်းကိုပါညှစ်ခဲ့လို့

ဒုတိယအဝါကတ်အပြခံရပြီးထုတ်ပယ်ခံလိုက်ရပါတယ်။
ဒီဖြစ်ရပ်ကို လာလီဂါအဖွဲ့ချုပ်က စုံစမ်းမှုတွေပြုလုပ်နေပြီး အဗီလာ ဟာလည်း

ထပ်ဆောင်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါတယ်။

နီကို ဟာသူ့အစ်ကို အီနာကီလိုဘဲ တိုက်စစ်ကစားသမားဖြစ်ပေမယ့်
နည်းပြမာဆယ်လင်နိုက ညာတောင်ပံကစားသမားအဖြစ်အသုံးပြုနေပြီး

ပုံမှန်နေရာရနေသူလည်းဖြစ်ပါတယ်။
zawgyi

သူ႔ညီကိုျပင္းထန္စြာဖ်က္ထုတ္ခဲ့တဲ့ ၿပိဳင္ဘက္ကစားသမားကို ထိပ္တိုက္ေတြ႕ခဲ့တဲ့ အီနာကီဝီလ်ံ

တနလၤာေန႔ညက အိုဆာဆူနာနဲ႔ ဘီလ္ဘာအိုတို႔ပြဲမွာ ဘီလ္ဘာအိုတိုက္စစ္မႉး
အီနာကီဝီလ်ံဟာ သူ႔ညီကိုျပင္းထန္စြာဖ်က္ထုတ္ခဲ့တဲ့ ၿပိဳင္ဘက္ကစားသမားကို

ထိပ္တိုက္ေတြ႕ခဲ့လို႔ျပႆနာတက္ခဲ့တယ္လို႔သိရပါတယ္။ ဒီပြဲမွာဧည့္သည္
ဘီလ္ဘာအိုက အိုအီဟန္ ရဲ႕ဟက္ထရစ္နဲ႔အတူ ၃-၁ နဲ႔အႏိုင္ရခဲ့တာပါ။

ဒါေပမယ့္ပြဲၿပီးဖို႔ စကၠန႔္ပိုင္းအလိုမွာ အိုဆာဆူနာ အဗီလာက

တန္ျပန္တိုက္စစ္ဆင္လာတဲ့ ဘီလ္ဘာအိုက နီကိုဝီလ်ံကိုတားဆီးဖို႔အတြက္
ျပင္းထန္စြာဖ်က္ထုတ္ခဲ့တာေၾကာင့္ အခ်င္းမ်ားမႈေတြေပၚေပါက္ခဲ့ပါတယ္

နီကိုဝီလ်ံဟာ အီနာကီရဲ႕ညီျဖစ္ၿပီး အသက္ ၁၉ ႏွစ္သာရွိေသးကာ
ဒီပြဲမွာလူစားဝင္ကစားခဲ့သူျဖစ္ပါတယ္။

အဗီလာရဲ႕ဖ်က္ထုတ္မႈကို နီကိုကေရွာင္ရွားႏိုင္ၿပီး ေဘာလုံးကိုဆြဲကာ

တိုက္စစ္ဆက္ဆင္ႏိုင္ခဲ့ေပမယ့္ ဖ်က္ထုတ္ပုံကဆိုး႐ြားလြန္းလို႔
အစ္ကိုျဖစ္သူ အီနာကီ ကမခံမရပ္ႏိုင္ျဖစ္ၿပီး အဗီလာ ကို

ထိပ္တိုက္ေတြ႕ခဲ့တာျဖစ္ပါတယ္။ တကယ္တမ္းမွာလည္း
အဲဒီအာဂ်င္တီးနားတိုက္စစ္မႉး အဗီလာရဲ႕ဖ်က္ထုတ္ပုံၾကမ္းလြန္းတဲ့အတြက္

ပြဲအစီအစဥ္ေၾကညာသူေတြကေတာင္ စက္ဆုပ္႐ြံရွာစရာေကာင္းတယ္လို႔

ေျပာရတဲ့အထိျဖစ္ခဲ့ပါတယ္။
အီနာကီ ဟာ အဗီလာကိုထိပ္တိုက္ေတြ႕ခဲ့တဲ့အတြက္ျပႆနာေတြတက္ခဲ့ၿပီး

ႏွစ္သင္းစလုံးက ကစားေဖာ္ေတြကဝင္ေရာက္ဖ်န္ေျဖေပးခဲ့လို႔သာ
အေျခအေနအရမ္းမဆိုးခဲ့တာျဖစ္ပါတယ္။ အဗီလာ ဟာ

ပထမအဝါကတ္ျပသခံရၿပီးျဖစ္ေပမယ့္ နီကို ကိုဖ်က္ထုတ္မႈမွာ

ဘာမွသတိေပးမႈမွမခံခဲ့ရပါဘူး။ ဒါေပမယ့္ အဗီလာဟာ
ႏွစ္ဖက္႐ုန္းရင္းဆန္ခတ္ျဖစ္ခ်ိန္မွာ ဘီလ္ဘာအိုေနာက္ခံလူမာတီနက္ဇ္ကို

ထိပ္တိုက္ေတြ႕ၿပီး ရင္ဘတ္တြန္းခဲ့တဲ့အျပင္ လည္ပင္းကိုပါညႇစ္ခဲ့လို႔
ဒုတိယအဝါကတ္အျပခံရၿပီးထုတ္ပယ္ခံလိုက္ရပါတယ္။

ဒီျဖစ္ရပ္ကို လာလီဂါအဖြဲ႕ခ်ဳပ္က စုံစမ္းမႈေတြျပဳလုပ္ေနၿပီး အဗီလာ ဟာလည္း

ထပ္ေဆာင္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနပါတယ္။
နီကို ဟာသူ႔အစ္ကို အီနာကီလိုဘဲ တိုက္စစ္ကစားသမားျဖစ္ေပမယ့္

နည္းျပမာဆယ္လင္ႏိုက ညာေတာင္ပံကစားသမားအျဖစ္အသုံးျပဳေနၿပီး
ပုံမွန္ေနရာရေနသူလည္းျဖစ္ပါတယ္။