သူ့ဆီပြေးလာကာ အောင်ပွဲခံတဲ့သားဖြစ်သူကို ပွေ့ဖက်နမ်းရှုံ့ခဲ့တဲ့ ကွန်စီကာအို 

ဘောလုံးလောကမှာ ဖအေတူသားဆိုတာ အနည်းငယ်လွန်ကဲတဲ့

အသုံးအနှုန်းဖြစ်ပေမယ့် ပေါ်တိုနည်းပြ ဆာဂျီယိုကွန်စီကာအိုအတွက်တော့

ဒီစကားလုံးကအများကြီးအဓိပ္ပါယ်ရှိခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ဖြစ်တဲ့ ကွန်စီကာအို ဟာ

ပြီးခဲ့တဲ့စနေနေ့က သူ့အသင်းပေါ်တိုနဲ့အတူ အက်စ်တိုရေးလ်ကို

အဝေးကွင်းမှာသွားပြီးရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာအက်စ်တိုရေးလ်က

၂-၀ နဲ့ဦးဆောင်ပြီးမှ ပေါ်တိုကပြန်လည်ချေပခဲ့ရပြီး

ပွဲပြီးကာနီးသွင်းဂိုးကြောင့် ၃-၂ နဲ့အနိုင်ရခဲ့တာဖြစ်လို့

အရမ်းကိုစိတ်လှုပ်ရှားရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပိုပြီးထူးခြားခဲ့တာက ၈၉ မိနစ်မှာဒီအနိုင်ဂိုးကိုသွင်းယူခဲ့သူကတော့

ကွန်စီကာအိုရဲ့သားဖြစ်ပြီးအသက် ၁၉ နှစ်သာရှိသေးတဲ့

ဖရန်ဆစ်စကိုကွန်စီကာအို ဘဲဖြစ်ပါတယ်။

ကွန်စီကာအိုဟာ ပွဲချိန် ၈၆ မိနစ်မှာမှသားဖြစ်သူ

ဖရန်ဆစ်စကို ကိုလူစားသွင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးချိန်မှာ ပေါ်တိုဟာ ၂ ဂိုးနဲ့အရေးနိမ့်နေလို့

ဒီအတိုင်းပွဲပြီးခဲ့ရင် ပေါ်တိုဟာ ဒုတိယနေရာက စပို့တင်းလစ္စဘွန်းနဲ့

အမှတ်တူသွားမှာဖြစ်လို့ ချန်ပီယံဖြစ်ရေးယှဥ်ပြိုင်မှုမှာ

ပေါ်တိုအတွက်အရေးပါတဲ့ပွဲလည်းဖြစ်ခဲ့ရပါတယ်။ ပေါ်တိုအတွက်

အီရန်တိုက်စစ်မှူး တာရီမီ ကဒုတိယပိုင်းစပြီးမကြာခင်မှာ

ပထမချေပဂိုးသွင်းခဲ့ပေမယ့် မိနစ် ၈၀ ကျော်တဲ့အထိ ၂-၁ နဲ့ရှုံးနေတုန်းဖြစ်ပါတယ်။

ဒါပေမယ့် ၈၄ မိနစ်မှာ လူးဝစ်ဒီယက်ဇ်က ဒုတိယချေပဂိုးသွင်းလိုက်တာပါ။

အပြောင်းအလဲကတော့ကွန်စီကာအိုက သူ့သားကိုလူစားသွင်းလိုက်တာဖြစ်ပြီး

ဖရန်ဆစ်စကို ကလည်းကွင်းထဲဝင်လာပြီး ၃ မိနစ်အကြာမှာတင်

ချေပဂိုးသွင်းပေးလိုက်တာဖြစ်ပါတယ်။

ဒီဂိုးအတွက်ဖန်တီးပေးလိုက်သူကလည်း ဒီယက်ဇ်ဘဲဖြစ်ပြီး

ဂိုးဝင်သွားချိန်မှာပေါ်တိုတစ်သင်းလုံးနဲ့ နည်းပြအဖွဲ့အဝင်တွေအားလုံး

အရူးအမူးအောင်ပွဲခံခဲ့ကြပါတယ်။

ဒီအထဲမှာအဆိုးဆုံးကတော့ ကွန်စီကာအို ဘဲဖြစ်ပြီး သူ့ဆီပြေးလာကာ

အောင်ပွဲခံတဲ့သားဖြစ်သူကို ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။

ဖရန်ဆစ်စကို ဟာပေါ်တိုအတွက်တစ်ပွဲသာပွဲထွက်ကစားခဲ့ရသေးပေမယ့်

ဒီပွဲဟာပေါ်တူဂီလိဂ်မှာ သူ့အတွက် ၁၂ ပွဲမြောက်အဖြစ်ဝင်ကစားခဲ့ရတာဖြစ်ပြီး

ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့တဲ့အတွက် ဒီပွဲနဲ့ဂိုးကို

သူတို့သားအဖနှစ်ဦးစလုံးမေ့နိုင်တော့မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။

ကွန်စီကာအို ဟာပေါ်တို၊ လာဇီယိုနဲ့ အင်တာမီလန် တို့မှာကစားခဲ့သူဖြစ်ပြီး

ပေါ်တူဂီအသင်းအတွက်လည်း ၅၆ ပွဲကစားကာ ၁၂ ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

zawgyi

သူ႔ဆီေျပးလာကာ ေအာင္ပြဲခံတဲ့သားျဖစ္သူကို ေပြ႕ဖက္နမ္းရႈံ႕ခဲ့တဲ့ ကြန္စီကာအို

ေဘာလုံးေလာကမွာ ဖေအတူသားဆိုတာ အနည္းငယ္လြန္ကဲတဲ့

အသုံးအႏႈန္းျဖစ္ေပမယ့္ ေပၚတိုနည္းျပ ဆာဂ်ီယိုကြန္စီကာအိုအတြက္ေတာ့

ဒီစကားလုံးကအမ်ားႀကီးအဓိပၸါယ္ရွိခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းရဲ႕ ဂႏၴဝင္ျဖစ္တဲ့ ကြန္စီကာအို ဟာ

ၿပီးခဲ့တဲ့စေနေန႔က သူ႔အသင္းေပၚတိုနဲ႔အတူ အက္စ္တိုေရးလ္ကို

အေဝးကြင္းမွာသြားၿပီးရင္ဆိုင္ခဲ့ရပါတယ္။ ဒီပြဲမွာအက္စ္တိုေရးလ္က

၂-၀ နဲ႔ဦးေဆာင္ၿပီးမွ ေပၚတိုကျပန္လည္ေခ်ပခဲ့ရၿပီး

ပြဲၿပီးကာနီးသြင္းဂိုးေၾကာင့္ ၃-၂ နဲ႔အႏိုင္ရခဲ့တာျဖစ္လို႔

အရမ္းကိုစိတ္လႈပ္ရွားရတဲ့ပြဲလည္းျဖစ္ခဲ့ပါတယ္။

ပိုၿပီးထူးျခားခဲ့တာက ၈၉ မိနစ္မွာဒီအႏိုင္ဂိုးကိုသြင္းယူခဲ့သူကေတာ့

ကြန္စီကာအိုရဲ႕သားျဖစ္ၿပီးအသက္ ၁၉ ႏွစ္သာရွိေသးတဲ့

ဖရန္ဆစ္စကိုကြန္စီကာအို ဘဲျဖစ္ပါတယ္။

ကြန္စီကာအိုဟာ ပြဲခ်ိန္ ၈၆ မိနစ္မွာမွသားျဖစ္သူ

ဖရန္ဆစ္စကို ကိုလူစားသြင္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခ်ိန္မွာ ေပၚတိုဟာ ၂ ဂိုးနဲ႔အေရးနိမ့္ေနလို႔

ဒီအတိုင္းပြဲၿပီးခဲ့ရင္ ေပၚတိုဟာ ဒုတိယေနရာက စပို႔တင္းလစၥဘြန္းနဲ႔

အမွတ္တူသြားမွာျဖစ္လို႔ ခ်န္ပီယံျဖစ္ေရးယွဥ္ၿပိဳင္မႈမွာ

ေပၚတိုအတြက္အေရးပါတဲ့ပြဲလည္းျဖစ္ခဲ့ရပါတယ္။ ေပၚတိုအတြက္

အီရန္တိုက္စစ္မႉး တာရီမီ ကဒုတိယပိုင္းစၿပီးမၾကာခင္မွာ

ပထမေခ်ပဂိုးသြင္းခဲ့ေပမယ့္ မိနစ္ ၈၀ ေက်ာ္တဲ့အထိ ၂-၁ နဲ႔ရႈံးေနတုန္းျဖစ္ပါတယ္။

ဒါေပမယ့္ ၈၄ မိနစ္မွာ လူးဝစ္ဒီယက္ဇ္က ဒုတိယေခ်ပဂိုးသြင္းလိုက္တာပါ။

အေျပာင္းအလဲကေတာ့ကြန္စီကာအိုက သူ႔သားကိုလူစားသြင္းလိုက္တာျဖစ္ၿပီး

ဖရန္ဆစ္စကို ကလည္းကြင္းထဲဝင္လာၿပီး ၃ မိနစ္အၾကာမွာတင္

ေခ်ပဂိုးသြင္းေပးလိုက္တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ဖန္တီးေပးလိုက္သူကလည္း ဒီယက္ဇ္ဘဲျဖစ္ၿပီး

ဂိုးဝင္သြားခ်ိန္မွာေပၚတိုတစ္သင္းလုံးနဲ႔ နည္းျပအဖြဲ႕အဝင္ေတြအားလုံး

အ႐ူးအမူးေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒီအထဲမွာအဆိုးဆုံးကေတာ့ ကြန္စီကာအို ဘဲျဖစ္ၿပီး သူ႔ဆီေျပးလာကာ

ေအာင္ပြဲခံတဲ့သားျဖစ္သူကို ေပြ႕ဖက္နမ္းရႈံ႕ခဲ့ပါတယ္။

ဖရန္ဆစ္စကို ဟာေပၚတိုအတြက္တစ္ပြဲသာပြဲထြက္ကစားခဲ့ရေသးေပမယ့္

ဒီပြဲဟာေပၚတူဂီလိဂ္မွာ သူ႔အတြက္ ၁၂ ပြဲေျမာက္အျဖစ္ဝင္ကစားခဲ့ရတာျဖစ္ၿပီး

ပထမဆုံးသြင္းဂိုးလည္းျဖစ္ခဲ့တဲ့အတြက္ ဒီပြဲနဲ႔ဂိုးကို

သူတို႔သားအဖႏွစ္ဦးစလုံးေမ့ႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ ဆိုၾကပါတယ္။

ကြန္စီကာအို ဟာေပၚတို၊ လာဇီယိုနဲ႔ အင္တာမီလန္ တို႔မွာကစားခဲ့သူျဖစ္ၿပီး

ေပၚတူဂီအသင္းအတြက္လည္း ၅၆ ပြဲကစားကာ ၁၂ ဂိုးသြင္းခဲ့သူျဖစ္ပါတယ္။