သူ့စိတ်ထဲမှာရှိတာသာ ပြောလိုက်ရင် ၆လပွဲပယ်ခံရလိမ့်မယ်လို့ အာတီတာ ဖွင့်ဟ

အာဆင်နယ်အသင်းနည်းပြ အာတီတာက စပါးကို ၃-၀ ဂိုးနဲ့

အရေးနိမ့်ခဲ့တဲ့ပွဲနဲ့ပတ်သက်လု့ိ သူ့စိတ်ထဲမှာ ရှိတာသာ ဖွင့်ပြောလိုက်ရင်
၆လလောက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ပြောပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့
ဒါဘီပြိုင်ဘက် စပါးကို ဂိုးပြတ်အရေးနိမ့်ခဲ့လို့ အဆင့် ၅နေရာက
စပါးကို ၁ မှတ်ပဲဖြတ်နိုင်ပါတော့တယ်။

အာဆင်နယ်ဟာ အဲဒီပွဲမှာ ပင်နယ်တီပေးခဲ့ရတဲ့အပြင်
နောက်ခံလူ ဟိုးလ်ဒင်းလည်း ၂ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရရာ
အာတီတာက ”ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ
ထုတ်ပြောလိုက်ရင် ကျွန်တော်လည်း ၆လလောက်
ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

ကျွန်တော် ထုတ်ပြောလို့မရပါဘူး။
ကျွန်တော်ကိုယ်တိုင်က လိမ်ညာမပြောချင်လို့
ကိုယ့်စိတ်ထဲမှာရှိတာကို ထုတ်မပြောတာပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး အာတီတာက အသင်းသားတွေနဲ့ပတ်သက်လို့
သူ့အနေနဲ့ အရမ်းကိုဂုဏ်ယူမိတယ်လို့ ပြောလိုက်ရာ

ပွဲတာဝန်ရှိသူတွေရဲ့ ပွဲထိန်းမှုအပေါ် သူ့ဘက်က
ကျေနပ်မှုမရှိတဲ့အကြောင်း ပေါ်လွင်နေပါတယ်။
”ကင်မရာရှေ့တည့်တည့်သွားပြီး ဒိုင်လူကြီးကို
သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ရှင်းပြခိုင်းချင်ပါတယ်။
သိပ်ကိုလှပတဲ့ပွဲတစ်ပွဲက ဖျက်ဆီးခံလိုက်ရလို့ ရှက်စရာ

ကောင်းပါတယ်”လို့ အာတီတာက ဆက်ပြောပါတယ်။
ဘင်ဝှိုက်က အခုမှ ပြန်ကောင်းလာတာဖြစ်ပေမယ့်
ဟိုးလ်ဒင်း ပွဲပယ်ခံထားရတဲ့အပြင် ဂါဘရီရယ်ကလည်း
ကြွက်သားဒဏ်ရာ ရသွားပို့ရလို့ နယူးကာဆယ်နဲ့ပွဲမှာ
အင်္ဂလန်သား ဘင်ဝှိုက် ပြန်ပါလာဖို့ များနေပါတယ်။

Zawgyi

သူ႕စိတ္ထဲမွာရွိတာသာ ေျပာလုိက္ရင္ ၆လပြဲပယ္ခံရလိမ့္မယ္လုိ႔ အာတီတာ ဖြင့္ဟ
အာဆင္နယ္အသင္းနည္းျပ အာတီတာက စပါးကို ၃-၀ ဂိုးနဲ႔

အေရးနိမ့္ခဲ့တဲ့ပြဲနဲ႔ပတ္သက္လု႔ိ သူ႕စိတ္ထဲမွာ ရွိတာသာ ဖြင့္ေျပာလုိက္ရင္
၆လေလာက္ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္တယ္လုိ႔ ေျပာပါတယ္။
အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့
ဒါဘီၿပိဳင္ဘက္ စပါးကို ဂိုးျပတ္အေရးနိမ့္ခဲ့လုိ႔ အဆင့္ ၅ေနရာက
စပါးကို ၁ မွတ္ပဲျဖတ္ႏိုင္ပါေတာ့တယ္။

အာဆင္နယ္ဟာ အဲဒီပြဲမွာ ပင္နယ္တီေပးခဲ့ရတဲ့အျပင္
ေနာက္ခံလူ ဟိုးလ္ဒင္းလည္း ၂၀ါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရရာ
အာတီတာက ”ကၽြန္ေတာ့္စိတ္ထဲမွာ ရွိတဲ့အတုိင္းသာ
ထုတ္ေျပာလိုက္ရင္ ကၽြန္ေတာ္လည္း ၆လေလာက္
ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

ကၽြန္ေတာ္ ထုတ္ေျပာလုိ႔မရပါဘူး။
ကၽြန္ေတာ္ကိုယ္တုိင္က လိမ္ညာမေျပာခ်င္လုိ႔
ကုိယ့္စိတ္ထဲမွာရွိတာကို ထုတ္မေျပာတာပါ”လုိ႔ ေျပာပါတယ္။
ဆက္လက္ၿပီး အာတီတာက အသင္းသားေတြနဲ႔ပတ္သက္လုိ႔
သူ႕အေနနဲ႔ အရမ္းကိုဂုဏ္ယူမိတယ္လုိ႔ ေျပာလုိက္ရာ

ပြဲတာ၀န္ရွိသူေတြရဲ႕ ပြဲထိန္းမႈအေပၚ သူ႕ဘက္က
ေက်နပ္မႈမရွိတဲ့အေၾကာင္း ေပၚလြင္ေနပါတယ္။
”ကင္မရာေရွ႕တည့္တည့္သြားၿပီး ဒိုင္လူႀကီးကို
သူ႕ရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လုိ႔ ရွင္းျပခိုင္းခ်င္ပါတယ္။
သိပ္ကိုလွပတဲ့ပြဲတစ္ပြဲက ဖ်က္ဆီးခံလုိက္ရလို႔ ရွက္စရာ

ေကာင္းပါတယ္”လုိ႔ အာတီတာက ဆက္ေျပာပါတယ္။
ဘင္၀ိႈက္က အခုမွ ျပန္ေကာင္းလာတာျဖစ္ေပမယ့္
ဟုိးလ္ဒင္း ပြဲပယ္ခံထားရတဲ့အျပင္ ဂါဘရီရယ္ကလည္း
ၾကြက္သားဒဏ္ရာ ရသြားပို႔ရလုိ႔ နယူးကာဆယ္နဲ႔ပြဲမွာ
အဂၤလန္သား ဘင္၀ိႈက္ ျပန္ပါလာဖို႔ မ်ားေနပါတယ္။