သူ့စကားဖော် ခြေထောက်ကျိုးအောင်အထိ ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ပေမယ့် အဝါကတ်ပဲအပြခံခဲ့ရတဲ့ တိုင်လာမော်တွန်

ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ်-လက်စတာတို့ကစားခဲ့တဲ့

လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာ လီဗာပူးလ်လူငယ်ကစားသမား

တိုင်လာမော်တွန်ဟာ ပြိုင်ဘက်နောက်ခံလူရီကာဒိုပါရဲရားကို

ခြေထောက်ကျိုးတဲ့အထိ နောက်ကနေ ခြေနှစ်ဖက်နဲ့ခြေစုံပစ်ဝင်ခဲ့ပေမယ့်

အံ့အားသင့်စရာကောင်းလောက်အောင်ပဲ အဝါကတ်သာအပြခံခဲ့ရပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ တိုင်လာမော်တွန်ဟာ

တစ်ချိန်က အလန်စမစ်၊ ဗီအဲရာ၊ ရွိုင်ကိန်းတို့လို ပရီးမီးယားလိဂ်လူကြမ်းကြီးတွေ

ကစားတဲ့ပုံစံအလား အမှတ်မှားရအောင် ဆိုးဆိုးရွားရွားခြေစုံပစ်ပြီးတော့

ဘောလုံးဖျက်ထုတ်ခဲ့တာပါ။

တိုင်လာမော်တွန်ရဲ့ ပရော်ဖက်ရှင်နယ်မပီသတဲ့

ကစားဟန်ကြောင့် ရီကာဒိုပါရဲရားရဲ့ ခြေထောက်တံကျင်ရိုး

ကျိုးသွားပြီး လူစားလဲခံခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီးအန်ဒီမတ်ဒ်လေက

သေသေချာချာမြင်ခဲ့ရပေမယ့် တိုင်လာမော်တွန်ဟာ အဝါကတ်နဲ့သာ

ထိုက်တန်တယ်လို့ဆုံးဖြတ်ခဲ့တာပါ။

ရီကာဒိုပါရဲရားရဲ့ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး

မန်စီးတီးနဲ့ပွဲအပြီးမှာ နည်းပြဘရန်ဒန်ရော်ဂျာက “ရီကာဒိုပါရဲရားဟာ

(၆)ပတ်ကနေ (၈)ပတ်အထိအနားယူရဖို့ရှိနေပါတယ်။

သူက အသင်းအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားကစားလေ့ရှိတာကြောင့်

ဒီဒဏ်ရာက သူ့အတွက် စိတ်ပျက်စရာပါပဲ။ ဒိုင်လူကြီးကတော့

အဲဒီအဖြစ်အပျက်ကို မြင်လိုက်ပုံမရပါဘူး။ ရီကာဒိုပါရဲရားရဲ့ခြေထောက်

တံကျင်ရိုးကျိုးသွားတာဖြစ်ပြီး ဒီထက်ပိုမဆိုးလို့

သူ ကံကောင်းခဲ့ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အခုလောလောဆယ် လက်စတာအသင်းခံစစ်မှာ အီဗန်စ်၊ ဖိုဖာနာ၊

ဂျိမ်းစ်ဂျက်စ်တင်၊ ဆိုယွန်ချူတို့အပြင် ဘာထရန်၊ ရီကာဒိုပါရဲရားတို့

ဒဏ်ရာရရှိခဲ့တာကြောင့် ဘရန်ဒန်ရော်ဂျာအတွက်တော့

ကြီးမားတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရပါပြီ။

zawgyi

သူ႔စကားေဖာ္ ေျခေထာက္က်ိဳးေအာင္အထိ ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့ေပမယ့္ အဝါကတ္ပဲအျပခံခဲ့ရတဲ့ တိုင္လာေမာ္တြန္

ၿပီးခဲ့တဲ့တစ္ပတ္က လီဗာပူးလ္-လက္စတာတို႔ကစားခဲ့တဲ့

လိဂ္ဖလားကြာတားဖိုင္နယ္ပြဲမွာ လီဗာပူးလ္လူငယ္ကစားသမား

တိုင္လာေမာ္တြန္ဟာ ၿပိဳင္ဘက္ေနာက္ခံလူရီကာဒိုပါရဲရားကို

ေျခေထာက္က်ိဳးတဲ့အထိ ေနာက္ကေန ေျခႏွစ္ဖက္နဲ႔ေျခစုံပစ္ဝင္ခဲ့ေပမယ့္

အံ့အားသင့္စရာေကာင္းေလာက္ေအာင္ပဲ အဝါကတ္သာအျပခံခဲ့ရပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ တိုင္လာေမာ္တြန္ဟာ

တစ္ခ်ိန္က အလန္စမစ္၊ ဗီအဲရာ၊ ႐ြိဳင္ကိန္းတို႔လို ပရီးမီးယားလိဂ္လူၾကမ္းႀကီးေတြ

ကစားတဲ့ပုံစံအလား အမွတ္မွားရေအာင္ ဆိုးဆိုး႐ြား႐ြားေျခစုံပစ္ၿပီးေတာ့

ေဘာလုံးဖ်က္ထုတ္ခဲ့တာပါ။ တိုင္လာေမာ္တြန္ရဲ႕ ပေရာ္ဖက္ရွင္နယ္မပီသတဲ့

ကစားဟန္ေၾကာင့္ ရီကာဒိုပါရဲရားရဲ႕ ေျခေထာက္တံက်င္႐ိုး

က်ိဳးသြားၿပီး လူစားလဲခံခဲ့ရပါတယ္။

အဲဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္လူႀကီးအန္ဒီမတ္ဒ္ေလက

ေသေသခ်ာခ်ာျမင္ခဲ့ရေပမယ့္ တိုင္လာေမာ္တြန္ဟာ အဝါကတ္နဲ႔သာ

ထိုက္တန္တယ္လို႔ဆုံးျဖတ္ခဲ့တာပါ။

ရီကာဒိုပါရဲရားရဲ႕ဒဏ္ရာအေနအထားနဲ႔ပတ္သက္ၿပီး

မန္စီးတီးနဲ႔ပြဲအၿပီးမွာ နည္းျပဘရန္ဒန္ေရာ္ဂ်ာက “ရီကာဒိုပါရဲရားဟာ

(၆)ပတ္ကေန (၈)ပတ္အထိအနားယူရဖို႔ရွိေနပါတယ္။

သူက အသင္းအတြက္ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားကစားေလ့ရွိတာေၾကာင့္

ဒီဒဏ္ရာက သူ႔အတြက္ စိတ္ပ်က္စရာပါပဲ။ ဒိုင္လူႀကီးကေတာ့

အဲဒီအျဖစ္အပ်က္ကို ျမင္လိုက္ပုံမရပါဘူး။ ရီကာဒိုပါရဲရားရဲ႕ေျခေထာက္

တံက်င္႐ိုးက်ိဳးသြားတာျဖစ္ၿပီး ဒီထက္ပိုမဆိုးလို႔

သူ ကံေကာင္းခဲ့ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အခုေလာေလာဆယ္ လက္စတာအသင္းခံစစ္မွာ အီဗန္စ္၊ ဖိုဖာနာ၊

ဂ်ိမ္းစ္ဂ်က္စ္တင္၊ ဆိုယြန္ခ်ဴတို႔အျပင္ ဘာထရန္၊ ရီကာဒိုပါရဲရားတို႔

ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဘရန္ဒန္ေရာ္ဂ်ာအတြက္ေတာ့

ႀကီးမားတဲ့အခက္အခဲနဲ႔ရင္ဆိုင္ေနရပါၿပီ။