
မန်ယူအသင်းကနေ ဆီဗီလာကိုအငှားသွားကစားနေတဲ့
တိုက်စစ်မှူး မာရှယ်ဟာ သူ့အသင်းဆီဗီလာက အယ်လ်ချီကို ၂-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ
ခြေစွမ်းပြကာ ၂ ဂိုးဖန်တီးပေးခဲ့တာကြောင့် သူ့ကိုလူစားလဲလိုက်ချိန်မှာ
အသင်းပရိသတ်တွေက မတ်တပ်ရပ်ကာ ဩဘာပေးခဲ့ရတဲ့အထိ
ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
မာရှယ်ဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်နောက်ဆုံးအချိန်မှာ
ဆီဗီလာကို ရာသီကုန်ချိန်အထိအငှားသွားကစားခဲ့သူဖြစ်ပါတယ်။
သူဟာ ဆီဗီလာနဲ့ပထမဆုံးပွဲဖြစ်တဲ့ အိုဆာဆူနာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့
အဝေးကွင်းပွဲမှာ ခြေစွမ်းမပြနိုင်လို့ မိနစ် ၇၀ ကျော်မှာ
လူစားလဲခံခဲ့ရတဲ့အပြင် နည်းပြ လိုပက်တီဂူ ကလည်း
မာရှယ်အနေနဲ့ ပိုပြီးအားထုတ်ဖို့လိုနေသေးတယ်လို့ သတိပေးခဲ့တာပါ။
ဒါပေမယ့် သူ့အတွက်ဆီဗီလာနဲ့ ပထမဆုံးအိမ်ကွင်းပွဲမှာတော့
မာရှယ်ဟာ ခြေစွမ်းပြပြီး သူ့အသင်းအနိုင်ရခဲ့ရာမှာ
အရေးပါတဲ့သူအဖြစ်ရပ်တည်ခဲ့တာပါ။
ဒီပွဲမှာသူဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့အနိုင်ဂိုး ၂ ဂိုးစလုံးကို
သူကဘဲဖန်တီးပေးခဲ့တာပါ။
ဒီနိုင်ပွဲဟာ ထိပ်ဆုံးကဦးဆောင်နေတဲ့ ရီးရဲလ်ကိုအမီလိုက်ဖို့ကြိုးစားနေတဲ့
ဆီဗီလာအသင်းအတွက် အရေးပါတဲ့နိုင်ပွဲလည်းဖြစ်ခဲ့တာပါ။
အသက် ၂၆ နှစ်ရှိတဲ့ မာရှယ်ဟာ မိနစ် ၇၀ မှာ ဂိုမက်ဇ်ဂိုးသွင်းနိုင်ဖို့အတွက်
ဖန်တီးပေးခဲ့သလို ၇၅ မိနစ်မှာလည်း ရာဖာမီယာရဲ့သွင်းဂိုးအတွက်
ဘယ်ခြေနဲ့ ဖြတ်တင်ဘောပေးပို့ခဲ့တာဖြစ်ပါတယ်။
အထူးဖြင့် ဂိုမက်ဇ်ရဲ့အဖွင့်ဂိုးကိုသူဖန်တီးပေးမှုဟာကောင်းမွန်လွန်းခဲ့ပြီး
သူ့လှုပ်ရှားမှုက ဆရာကျလွန်းတာကြောင့်သာ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း သူဟာဒီနိုင်ပွဲရဲ့ ဗိသုကာဖြစ်ခဲ့ပြီး
တွစ်တာပေါ်မှာလည်း ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။
သူဟာ ၈၂ မိနစ်မှာ ဖာနန်ဒိုနဲ့လူစားလဲခံခဲ့ရပြီး သူကွင်းထဲကထွက်ချိန်မှာ
ပရိသတ်တွေက လက်ခုပ်တီးကာအားပေးဂုဏ်ပြုခဲ့ကြပါတယ်။
တွစ်တာပေါ်ကမှတ်ချက်တွေကိုကြည့်ရင်” အိမ်ကွင်းပွဲဦးထွက်မှာ
၂ ဂိုးဖန်တီးပေးနိုင်ခဲ့လို့ ဆီဗီလာအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုဘဲ” ၊
“၂ ဂိုးစလုံးအတွက် ပတ်သက်ပေးနိုင်ခဲ့လို့ မာရှယ်အက်ဖ်စီ ကတော့
အင်အားအပြည့်ဖြစ်နေပြီ”၊ ” နောက်ထပ်သိပ်ကောင်းတဲ့ စွမ်းရည်ဘဲ။
မာရှယ်ဟာ ဒီမှာပိုပြီးကောင်းသထက်ကောင်းလာနေပြီ” ၊
” ဂိုမက်ဇ် ဂိုးအတွက် မာရှယ်လှုပ်ရှားပေးသွားမှုက
ဆရာကျလွန်းတယ်” အစရှိသဖြင့်ရေးခဲ့ကြပါတယ်။
zawgyi
သူ႔ေျခစြမ္းဘယ္လိုလဲဆိုတာ ၂ ဂိုးဖန္တီေပးၿပီး ေျခစြမ္းျပကာ မန္ယူကိုျပလိုက္တဲ့ မာရွယ္
မန္ယူအသင္းကေန ဆီဗီလာကိုအငွားသြားကစားေနတဲ့
တိုက္စစ္မႉး မာရွယ္ဟာ သူ႔အသင္းဆီဗီလာက အယ္လ္ခ်ီကို ၂-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ
ေျခစြမ္းျပကာ ၂ ဂိုးဖန္တီးေပးခဲ့တာေၾကာင့္ သူ႔ကိုလူစားလဲလိုက္ခ်ိန္မွာ
အသင္းပရိသတ္ေတြက မတ္တပ္ရပ္ကာ ဩဘာေပးခဲ့ရတဲ့အထိ
ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
မာရွယ္ဟာၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္ေနာက္ဆုံးအခ်ိန္မွာ
ဆီဗီလာကို ရာသီကုန္ခ်ိန္အထိအငွားသြားကစားခဲ့သူျဖစ္ပါတယ္။
သူဟာ ဆီဗီလာနဲ႔ပထမဆုံးပြဲျဖစ္တဲ့ အိုဆာဆူနာနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့
အေဝးကြင္းပြဲမွာ ေျခစြမ္းမျပႏိုင္လို႔ မိနစ္ ၇၀ ေက်ာ္မွာ
လူစားလဲခံခဲ့ရတဲ့အျပင္ နည္းျပ လိုပက္တီဂူ ကလည္း
မာရွယ္အေနနဲ႔ ပိုၿပီးအားထုတ္ဖို႔လိုေနေသးတယ္လို႔ သတိေပးခဲ့တာပါ။
ဒါေပမယ့္ သူ႔အတြက္ဆီဗီလာနဲ႔ ပထမဆုံးအိမ္ကြင္းပြဲမွာေတာ့
မာရွယ္ဟာ ေျခစြမ္းျပၿပီး သူ႔အသင္းအႏိုင္ရခဲ့ရာမွာ
အေရးပါတဲ့သူအျဖစ္ရပ္တည္ခဲ့တာပါ။
ဒီပြဲမွာသူဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕အႏိုင္ဂိုး ၂ ဂိုးစလုံးကို
သူကဘဲဖန္တီးေပးခဲ့တာပါ။
ဒီႏိုင္ပြဲဟာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ ရီးရဲလ္ကိုအမီလိုက္ဖို႔ႀကိဳးစားေနတဲ့
ဆီဗီလာအသင္းအတြက္ အေရးပါတဲ့ႏိုင္ပြဲလည္းျဖစ္ခဲ့တာပါ။
အသက္ ၂၆ ႏွစ္ရွိတဲ့ မာရွယ္ဟာ မိနစ္ ၇၀ မွာ ဂိုမက္ဇ္ဂိုးသြင္းႏိုင္ဖို႔အတြက္
ဖန္တီးေပးခဲ့သလို ၇၅ မိနစ္မွာလည္း ရာဖာမီယာရဲ႕သြင္းဂိုးအတြက္
ဘယ္ေျခနဲ႔ ျဖတ္တင္ေဘာေပးပို႔ခဲ့တာျဖစ္ပါတယ္။
အထူးျဖင့္ ဂိုမက္ဇ္ရဲ႕အဖြင့္ဂိုးကိုသူဖန္တီးေပးမႈဟာေကာင္းမြန္လြန္းခဲ့ၿပီး
သူ႔လႈပ္ရွားမႈက ဆရာက်လြန္းတာေၾကာင့္သာ ဂိုးရရွိခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း သူဟာဒီႏိုင္ပြဲရဲ႕ ဗိသုကာျဖစ္ခဲ့ၿပီး
တြစ္တာေပၚမွာလည္း ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရပါတယ္။
သူဟာ ၈၂ မိနစ္မွာ ဖာနန္ဒိုနဲ႔လူစားလဲခံခဲ့ရၿပီး သူကြင္းထဲကထြက္ခ်ိန္မွာ
ပရိသတ္ေတြက လက္ခုပ္တီးကာအားေပးဂုဏ္ျပဳခဲ့ၾကပါတယ္။
တြစ္တာေပၚကမွတ္ခ်က္ေတြကိုၾကည့္ရင္” အိမ္ကြင္းပြဲဦးထြက္မွာ
၂ ဂိုးဖန္တီးေပးႏိုင္ခဲ့လို႔ ဆီဗီလာအတြက္ ေကာင္းမြန္တဲ့ေခၚယူမႈဘဲ” ၊
“၂ ဂိုးစလုံးအတြက္ ပတ္သက္ေပးႏိုင္ခဲ့လို႔ မာရွယ္အက္ဖ္စီ ကေတာ့
အင္အားအျပည့္ျဖစ္ေနၿပီ”၊ ” ေနာက္ထပ္သိပ္ေကာင္းတဲ့ စြမ္းရည္ဘဲ။
မာရွယ္ဟာ ဒီမွာပိုၿပီးေကာင္းသထက္ေကာင္းလာေနၿပီ” ၊
” ဂိုမက္ဇ္ ဂိုးအတြက္ မာရွယ္လႈပ္ရွားေပးသြားမႈက
ဆရာက်လြန္းတယ္” အစရွိသျဖင့္ေရးခဲ့ၾကပါတယ္။