
မီနိုရိုင်အိုလာရဲ့မိသားစုမိတ်ဆွေတစ်ယောက်ဖြစ်သူက အဲဒီစူပါအေးဂျင့်ဟာ
မကြာခင်မှာပဲ ဆေးရုံက ဆင်းတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။
ရိုင်အိုလာဟာ မီလန်မြို့က ဆေးရုံတစ်ရုံကို တက်ခဲ့ရပြီး
အမှားအယွင်းမခံတဲ့ခွဲစိတ်မှုလည်း လုပ်ခဲ့ရတယ်လို့
ပြီးခဲ့တဲ့အပတ်က အီတလီမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ရိုင်အိုလာရဲ့ Twiitter အကောင့်က
သူ့ကျန်းမာရေးနောက်ဆုံးအခြေအနေကို ပု့ိစ်တင်ခဲ့ပြီး
အဲဒီမှာ ဆေးရုံတက်ခဲ့တာဟာ စီစဉ်ထားတာဖြစ်ကြောင်းနဲ့
သာမန်ဆေးစစ်မှုတွေသာလုပ်ခဲ့ပြီး
အရေးပေါ်ခွဲစိတ်မှုမဟုတ်ခဲ့ကြောင်း ရှင်းပြခဲ့တာပါ။
၅၄ နှစ်အရွယ် ရိုင်အိုလာဟာ ဘောလုံးစတားတွေဖြစ်တဲ့
ဟာလန်းနဲ့ ပေါ့ဂ်ဘာတို့ကို ကိုယ်စားပြုသူလည်း ဖြစ်ပါတယ်။
သူ့မိတ်ဆွေဖြစ်သူ ဆိုရှယ်မီဒီယာ influencer တစ်ယောက်ဖြစ်တဲ့
အာဖိုင်နာက ရိုင်အိုလာဟာ အသည်းအသန်ဖြစ်လု့ိ
ဆေးရုံတက်ရတာမဟုတ်ကြောင်း ရှင်းလင်းခဲ့ပြီး
သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ လိမ်ညာပြောသူတွေကို တုံ့ပြန်သွားမယ်လို့ ဆိုခဲ့ပါတယ်။
”ဘဝမှာ ဘယ်သူမဆို ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ်။
ဒါပေမဲ့ လူတစ်ယောက်ရဲ့ကျန်းမာရေးအခြေအနေကို
လိမ်ညာပြောတာက မှားယွင်းပါတယ်။
သိပ်မကြာခင်မှာပဲ သူဟာ ဆေးရုံက ဆင်းမှာပါ။
သူ့ကျန်းမားရေးနဲ့ပတ်သက်လို့ လိမ်ညာခဲ့သူတွေကို
တုံ့ပြန်သွားဖို့ရှိပါတယ်”လို့ အာဖိုင်နာက Instagram မှာ ရေးတင်ခဲ့တာပါ။
နယ်သာလန်မှာ ကြီးပြင်းခဲ့တဲ့ အီတလီသားရိုင်အိုလာ
အေးဂျင့်လုပ်ပေးတဲ့ကစားသမားတွေထဲမှာ အသက် ၄၀ အရွယ်
အေစီမီလန်တိုက်စစ်မှုးမိုဗစ်နဲ့ ဂျူဗင်တပ်နောက်ခံလူဒီလစ်တို့လည်း ပါဝင်ကြပါတယ်။
ရိုင်အိုလာဟာ ပေါင် ၆၂ သန်း ကြွယ်ဝသူဖြစ်ပြီး
ထိပ်တန်းလူငယ်ကစားသမားတွေကို စင်တင်ပေးနိုင်ဦးမှာဖြစ်လို့
ဒီထက်မကချမ်းသာဦးမယ့်သူလည်း ဖြစ်ပါတယ်။
zawgyi
သူ႔က်န္းမာေရးနဲ႔ပတ္သက္လို႔ လိမ္ညာေျပာသူေတြကို တုံ႔ျပန္သြားမယ္လို႔ စူပါေအးဂ်င့္႐ိုင္အိုလာဆို
မီႏို႐ိုင္အိုလာရဲ႕မိသားစုမိတ္ေဆြတစ္ေယာက္ျဖစ္သူက အဲဒီစူပါေအးဂ်င့္ဟာ
မၾကာခင္မွာပဲ ေဆး႐ုံက ဆင္းေတာ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။
႐ိုင္အိုလာဟာ မီလန္ၿမိဳ႕က ေဆး႐ုံတစ္႐ုံကို တက္ခဲ့ရၿပီး
အမွားအယြင္းမခံတဲ့ခြဲစိတ္မႈလည္း လုပ္ခဲ့ရတယ္လို႔
ၿပီးခဲ့တဲ့အပတ္က အီတလီမွာ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
ဒါေပမဲ့လည္း ႐ိုင္အိုလာရဲ႕ Twiitter အေကာင့္က
သူ႔က်န္းမာေရးေနာက္ဆုံးအေျခအေနကို ပု႔ိစ္တင္ခဲ့ၿပီး
အဲဒီမွာ ေဆး႐ုံတက္ခဲ့တာဟာ စီစဥ္ထားတာျဖစ္ေၾကာင္းနဲ႔
သာမန္ေဆးစစ္မႈေတြသာလုပ္ခဲ့ၿပီး
အေရးေပၚခြဲစိတ္မႈမဟုတ္ခဲ့ေၾကာင္း ရွင္းျပခဲ့တာပါ။
၅၄ ႏွစ္အ႐ြယ္ ႐ိုင္အိုလာဟာ ေဘာလုံးစတားေတြျဖစ္တဲ့
ဟာလန္းနဲ႔ ေပါ့ဂ္ဘာတို႔ကို ကိုယ္စားျပဳသူလည္း ျဖစ္ပါတယ္။
သူ႔မိတ္ေဆြျဖစ္သူ ဆိုရွယ္မီဒီယာ influencer တစ္ေယာက္ျဖစ္တဲ့
အာဖိုင္နာက ႐ိုင္အိုလာဟာ အသည္းအသန္ျဖစ္လု႔ိ
ေဆး႐ုံတက္ရတာမဟုတ္ေၾကာင္း ရွင္းလင္းခဲ့ၿပီး
သူ႔က်န္းမာေရးနဲ႔ပတ္သက္လို႔ လိမ္ညာေျပာသူေတြကို တုံ႔ျပန္သြားမယ္လို႔ ဆိုခဲ့ပါတယ္။
”ဘဝမွာ ဘယ္သူမဆို ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ႏိုင္ပါတယ္။
ဒါေပမဲ့ လူတစ္ေယာက္ရဲ႕က်န္းမာေရးအေျခအေနကို
လိမ္ညာေျပာတာက မွားယြင္းပါတယ္။
သိပ္မၾကာခင္မွာပဲ သူဟာ ေဆး႐ုံက ဆင္းမွာပါ။
သူ႔က်န္းမားေရးနဲ႔ပတ္သက္လို႔ လိမ္ညာခဲ့သူေတြကို
တုံ႔ျပန္သြားဖို႔ရွိပါတယ္”လို႔ အာဖိုင္နာက Instagram မွာ ေရးတင္ခဲ့တာပါ။
နယ္သာလန္မွာ ႀကီးျပင္းခဲ့တဲ့ အီတလီသား႐ိုင္အိုလာ
ေအးဂ်င့္လုပ္ေပးတဲ့ကစားသမားေတြထဲမွာ အသက္ ၄၀ အ႐ြယ္
ေအစီမီလန္တိုက္စစ္မႈးမိုဗစ္နဲ႔ ဂ်ဴဗင္တပ္ေနာက္ခံလူဒီလစ္တို႔လည္း ပါဝင္ၾကပါတယ္။
႐ိုင္အိုလာဟာ ေပါင္ ၆၂ သန္း ႂကြယ္ဝသူျဖစ္ၿပီး
ထိပ္တန္းလူငယ္ကစားသမားေတြကို စင္တင္ေပးႏိုင္ဦးမွာျဖစ္လို႔
ဒီထက္မကခ်မ္းသာဦးမယ့္သူလည္း ျဖစ္ပါတယ္။