သူ့ကို မဝေဖန်၊ မစော်ကားမိစေဖို့ သမီးချောလေးရဲ့ ပုံတွေ မျှဝေထားတဲ့ ဖီဖီ ဂျရတ်

စတီဗင် ဂျရတ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ သမီးဖြစ်သူ

လီလီရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့အတွက် သမီးချောလေးရဲ့

ပို့စ်ကို မျှဝေပြီး ချိုမြိန်တဲ့မွေးနေ့ဆုတောင်းစကားပြောကြားခဲ့ပါတယ်။

စတီဗင်နဲ့ဇနီးသည် အဲလက်စ်တို့ဟာ ၂၀၀၇ဇွန်၁၆ မှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့မှာသားသမီးလေးယောက်ထွန်းကားပြီး

သမီးသုံးယောက်၊ သားတစ်ယောက်ဖြစ်ပါတယ်။

လီလီက အကြီးဆုံးသမီးဖြစ်ပါတယ်။

လီလီကို ၂၀၀၄ ဖေဖော်ဝါရီ၂၃မှာမွေးဖွားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတီဗင် ဂျရတ်ဟာ

၎င်းရဲ့အိမ်မှာ ကြီးမားတဲ့ ၁၈ ပုံစံ ဘောလုံးကြီးနဲ့ အလှဆင်ခဲ့ပြီးနောက်

သမီးဖြစ်သူရဲ့ မွေးနေ့အတွက် ညစာစားပွဲလုပ်နေချိန်အတွင်း

သမီးချောလေး လီလီရဲ့ ပုံကို အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

လီဗာပူးဂန္တဝင်ကွင်းလယ်ကစားသမားက

၎င်းရဲ့ပို့စ်မှာ “ပျော်ရွှင်စရာကောင်းတဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ လီလီ။

သမီးရဲ့မွေးနေ့နေ့ထူးနေ့မြတ်ဟာ သမီးလိုပဲ ထူးခြားလိမ့်မယ်လို့ ဖေဖေ မျှော်လင့်ပါတယ်။

သမီးကို ဖေဖေတို့ အရမ်းချစ်တယ်။

ကျေးဇူးပြုပြီး ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အပျိုချောလေး လီလီကလည်း “ဖေဖေ့ကိုလည်း ချစ်တယ်နော်”လို့

စတီဗင် ဂျရတ်ရဲ့ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။

အင်စတာဂရမ်မှာ လီလီကလည်း ဗင်းဆင့် ဟိုတယ်မှာ

သူမရဲ့ အပေါင်းအသင်းတွေနဲ့အတူ ပါတီမှာ ပျော်ရွှင်ခဲ့ပြီးနောက်

အသက် ၁၈ နှစ်ပြည့်မွေးနေ့ကျင်းပခဲ့တဲ့ပုံတွေကိုလည်း မျှဝေခဲ့တာဖြစ်ပြီး

ရွှေအိုရောင်ဆံနွယ်တွေနဲ့ အလှပဂေးလေးဟာ နီယွန် စိမ်းရောင် ကုတ်နဲ့

ပန်းရောင်ဒေါက်မြင့်ဖိနပ်နဲ့ အလှကြီး လှနေတာဖြစ်ပါတယ်။

လက်ဆီကတော့ ဒုတိယသမီးပါ။ လက်ဆီကို ၂၀၀၆ မေ ၆မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး၊

လောဒက်စ်လေးက တတိယသမီးလေးပါ။ သူလေးရဲ့အမည်က

ပြင်သစ်မြို့တစ်မြို့အမည်ကို အစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်။

လောဒက်စ်က ၂၀၁၁ နိုဝင်ဘာ ၂ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

zawgyi

သူ႔ကို မေဝဖန္၊ မေစာ္ကားမိေစဖို႔ သမီးေခ်ာေလးရဲ႕ ပုံေတြ မွ်ေဝထားတဲ့ ဖီဖီ ဂ်ရတ္

စတီဗင္ ဂ်ရတ္ဟာ ဗုဒၶဟူးေန႔မွာ က်ေရာက္တဲ့ သမီးျဖစ္သူ

လီလီရဲ႕ အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔အတြက္ သမီးေခ်ာေလးရဲ႕

ပို႔စ္ကို မွ်ေဝၿပီး ခ်ိဳၿမိန္တဲ့ေမြးေန႔ဆုေတာင္းစကားေျပာၾကားခဲ့ပါတယ္။

စတီဗင္နဲ႔ဇနီးသည္ အဲလက္စ္တို႔ဟာ ၂၀၀၇ဇြန္၁၆ မွာ လက္ထပ္ခဲ့ၾကပါတယ္။

သူတို႔မွာသားသမီးေလးေယာက္ထြန္းကားၿပီး

သမီးသုံးေယာက္၊ သားတစ္ေယာက္ျဖစ္ပါတယ္။

လီလီက အႀကီးဆုံးသမီးျဖစ္ပါတယ္။

လီလီကို ၂၀၀၄ ေဖေဖာ္ဝါရီ၂၃မွာေမြးဖြားခဲ့ပါတယ္။

အသက္ ၄၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စတီဗင္ ဂ်ရတ္ဟာ

၎ရဲ႕အိမ္မွာ ႀကီးမားတဲ့ ၁၈ ပုံစံ ေဘာလုံးႀကီးနဲ႔ အလွဆင္ခဲ့ၿပီးေနာက္

သမီးျဖစ္သူရဲ႕ ေမြးေန႔အတြက္ ညစာစားပြဲလုပ္ေနခ်ိန္အတြင္း

သမီးေခ်ာေလး လီလီရဲ႕ ပုံကို အင္စတာဂရမ္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။

လီဗာပူးဂႏၲဝင္ကြင္းလယ္ကစားသမားက

၎ရဲ႕ပို႔စ္မွာ “ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔ျဖစ္ပါေစ လီလီ။

သမီးရဲ႕ေမြးေန႔ေန႔ထူးေန႔ျမတ္ဟာ သမီးလိုပဲ ထူးျခားလိမ့္မယ္လို႔ ေဖေဖ ေမွ်ာ္လင့္ပါတယ္။

သမီးကို ေဖေဖတို႔ အရမ္းခ်စ္တယ္။

ေက်းဇူးျပဳၿပီး ဘယ္ေတာ့မွ မေျပာင္းလဲလိုက္ပါနဲ႔”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အပ်ိဳေခ်ာေလး လီလီကလည္း “ေဖေဖ့ကိုလည္း ခ်စ္တယ္ေနာ္”လို႔

စတီဗင္ ဂ်ရတ္ရဲ႕ပို႔စ္ေအာက္မွာ မွတ္ခ်က္ေပးခဲ့ပါတယ္။

အင္စတာဂရမ္မွာ လီလီကလည္း ဗင္းဆင့္ ဟိုတယ္မွာ

သူမရဲ႕ အေပါင္းအသင္းေတြနဲ႔အတူ ပါတီမွာ ေပ်ာ္႐ႊင္ခဲ့ၿပီးေနာက္

အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔က်င္းပခဲ့တဲ့ပုံေတြကိုလည္း မွ်ေဝခဲ့တာျဖစ္ၿပီး

ေ႐ႊအိုေရာင္ဆံႏြယ္ေတြနဲ႔ အလွပေဂးေလးဟာ နီယြန္ စိမ္းေရာင္ ကုတ္နဲ႔

ပန္းေရာင္ေဒါက္ျမင့္ဖိနပ္နဲ႔ အလွႀကီး လွေနတာျဖစ္ပါတယ္။

လက္ဆီကေတာ့ ဒုတိယသမီးပါ။ လက္ဆီကို ၂၀၀၆ ေမ ၆မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး၊

ေလာဒက္စ္ေလးက တတိယသမီးေလးပါ။ သူေလးရဲ႕အမည္က

ျပင္သစ္ၿမိဳ႕တစ္ၿမိဳ႕အမည္ကို အစြဲျပဳၿပီး ေပးထားတာျဖစ္ပါတယ္။

ေလာဒက္စ္က ၂၀၁၁ ႏိုဝင္ဘာ ၂ရက္ေန႔မွာ ေမြးဖြားခဲ့တာပါ။