သူ့ကို ဘာဂါကျွေးခဲ့တဲ့ကောင်မလေးတွေကို လိုက်ရှာနေတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာကမ္ဘာပေါ်ကလူသိအများဆုံးသူတွေထဲမှာ

တစ်ဦးအပါအဝင်ဖြစ်တဲ့အပြင် ချမ်းသာကြွယ်ဝမှုကလည်း

ပေါင်သန်း ၄၀၀ နီးပါးအထိရှိပါတယ်။

ဘောလုံးကြောင့်ဘဝပြောင်းလဲသွားခဲ့တဲ့ စီရော်နယ်ဒိုဟာ

လက်ရှိမှာရွှေဘုံပေါ်စံနေရသူဖြစ်ပေမယ့်

သူ့ငယ်ဘဝကတော့ ကြမ်းတမ်းလှပါတယ်။

ပေါ်တူဂီက မာဒီယာကျွန်းမှာမွေးခဲ့တဲ့ စီရော်နယ်ဒိုဟာ

ငယ်စဥ်ကအရမ်းကိုဒုက္ခရောက်ခဲ့ပြီး သူတို့မိသားစုတွေဟာ

အိမ်သေးသေးလေးထဲမှာ စုနေရပြီး မောင်နှမတွေကလည်း

အိပ်ခန်းကျဥ်းကျဥ်းလေးထဲမှာ စုံပြုံအိပ်ရတာပါ။

ဆင်းရဲခဲ့တဲ့အတွက် တစ်ခါတလေမှာ

အစားအသောက်ပုံမှန်မစားရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကိုပြောင်းဖို့အခွင့်အရေးရခဲ့တာဟာ

စီရော်နယ်ဒိုအတွက်ထိပ်တန်းအဆင့်ကိုရောက်ဖို့ လမ်းကြောင်းဖြစ်ခဲ့ပေမယ့်

ဇိမ်ကျကျနေနိုင်တဲ့ဘဝကိုမရောက်ခဲ့သေးပါဘူး။

သူ့သားကြီး ဂျူနီယာဆိုရင်စီရော်နယ်ဒိုနေတဲ့အိမ်ကိုကြည့်ပြီး

”အဖေကဒီမှာတကယ်နေခဲ့တာလား” လို့မေးခဲ့သေးတယ်ဆိုပြီး

၂၀၁၉ ကအင်တာဗျူးတစ်ခုမှာသူပြောခဲ့ပါသေးတယ်။

စီရော်နယ်ဒိုက” အဲဒီတုန်းက ကျွန်တော်တို့နေခဲ့တဲ့အိမ်ကိုမြင်ပြီး

သားက ကျွန်တော့်ဘက်လှည့်ကာ အဖေဒီမှာတကယ်နေခဲ့တာလားလို့

မေးခဲ့ပါသေးတယ်။ သူတို့က အရာရာကိုအလွယ်လေးနဲ့ရနေတယ်လို့

ထင်နေကြတာ။ အရာအားလုံးကတောင့်တလိုက်တာနဲ့

သူတို့လက်ထဲရောက်လာမယ်လို့ ထင်နေကြတာ” လို့ပြောခဲ့ပါတယ်။

သူဟာမိသားစုနဲ့ခွဲပြီး စပို့တင်းကိုရောက်ပြီးတဲ့နောက်

အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရတာပါ။

ဒါနဲ့ပတ်သက်လို့ ၂၀၁၉က ပီယာ့စ်မော်ဂန်နဲ့ပြုလုပ်တဲ့

အင်တာဗျူးမှာအခုလိုပြောသွားပါတယ်။

” မိသားစုနဲ့ခွဲနေရတဲ့အပြင် အခက်အခဲတွေလည်းရင်ဆိုင်ခဲ့ရတာပေါ့ဗျာ။

ည ၁၀ နာရီခွဲလောက်ဆိုရင် ကျွန်တော်တို့တွေဗိုက်ဆာနေကြပြီလေ။

ကျွန်တော်တို့နေတဲ့ကွင်းနားမှာ McDonald ဆိုင်ကလည်းရှိတယ်ဗျ။

ဒီတော့ညဘက်ကြီးဗိုက်ဆာလာရင် ဆိုင်အနောက်ပေါက်ကိုသွားပြီး

ဘာဂါ လေးများကျန်မလားလို့ သွားတောင်းရတာပါ။

အက်ဒ်နာနဲ့ အခြားအမကြီးနှစ်ယောက်ရှိပြီး

သူတို့ကကျွန်တော်တို့ကို ဘာဂါ အပိုတွေပေးလေ့ရှိပါတယ်။

သိပ်မယုံနိုင်စရာကောင်းတဲ့ အမကြီးတွေပါ။

သူတို့ကိုထပ်မတွေ့ရတော့ပါဘူး။ ပေါ်တူဂီရောက်တုန်းကသူအမကြီးတွေကို

လိုက်ရှာခဲ့ပေမယ့်သူတို့ကဆိုင်ပိတ်သွားပြီဗျ။

ဒီအင်တာဗျူးက သူတို့ကိုတွေ့ဖို့အကူအညီဖြစ်စေမယ်လို့ထင်ပြီးတွေ့ခဲ့ရင်

ကျွန်တော်အရမ်းပျော်ရမှာဘဲ။ သူတို့ကို အိမ်ကိုဖိတ်ပြီး

ညစာအတူစားဖို့လည်းရည်ရွယ်ထားပါတယ်။

သူတို့ကိုရှာချင်တယ်ဆိုတာ ရိုးသားစွာနဲ့ပြောတာပါ။

ကျွန်တော့်ဘက်က တစ်ခုခုပြန်ပေးဆပ်ချင်တာပါ” လို့ဆိုခဲ့ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုရှာချင်နေတဲ့ အမျိုးသမီးတွေကို သူတွေ့ခဲ့တယ်ဆိုတဲ့

သတင်းကတော့အခုချိန်အထိ တက်မလာသေးပါဘူး။

စီရော်နယ်ဒိုရဲ့အင်တာဗျူးနောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးက

သူဟာအဲဒီတုန်းကစီရော်နယ်ဒိုကို ဘာဂါပေးခဲ့တဲ့ ၃ဦးထဲက

တစ်ဦးလို့ ဆိုခဲ့ဘူးပေမယ့် ပီယာ့စ်မော်ဂန်ကတော့ ငြင်းပယ်ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စီရော်နယ်ဒိုဟာ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်လို့

ဘာမှထပ်မပြောတော့ပေမယ့် သူ့ရင်ထဲမှာသူတို့ကျေးဇူးကအမြဲရှိနေမယ်ဆိုတာ

သံသယဖြစ်စရာမရှိပါဘူး။ ဒီအမျိုးသမီးတွေကို ဘယ်တော့တွေ့မှာလည်း၊

သူတို့ကရော ငါတို့ပါလို့ဆိုပြီးလူလုံးပြလာလေမလားဆိုတာ ပဟေဠိဆန်နေဆဲဖြစ်ပါတယ်။

zawgyi

သူ႔ကို ဘာဂါေကြၽးခဲ့တဲ့ေကာင္မေလးေတြကို လိုက္ရွာေနတဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာကမာၻေပၚကလူသိအမ်ားဆုံးသူေတြထဲမွာ

တစ္ဦးအပါအဝင္ျဖစ္တဲ့အျပင္ ခ်မ္းသာႂကြယ္ဝမႈကလည္း

ေပါင္သန္း ၄၀၀ နီးပါးအထိရွိပါတယ္။

ေဘာလုံးေၾကာင့္ဘဝေျပာင္းလဲသြားခဲ့တဲ့ စီေရာ္နယ္ဒိုဟာ

လက္ရွိမွာေ႐ႊဘုံေပၚစံေနရသူျဖစ္ေပမယ့္

သူ႔ငယ္ဘဝကေတာ့ ၾကမ္းတမ္းလွပါတယ္။

ေပၚတူဂီက မာဒီယာကြၽန္းမွာေမြးခဲ့တဲ့ စီေရာ္နယ္ဒိုဟာ

ငယ္စဥ္ကအရမ္းကိုဒုကၡေရာက္ခဲ့ၿပီး သူတို႔မိသားစုေတြဟာ

အိမ္ေသးေသးေလးထဲမွာ စုေနရၿပီး ေမာင္ႏွမေတြကလည္း

အိပ္ခန္းက်ဥ္းက်ဥ္းေလးထဲမွာ စုံၿပဳံအိပ္ရတာပါ။

ဆင္းရဲခဲ့တဲ့အတြက္ တစ္ခါတေလမွာ

အစားအေသာက္ပုံမွန္မစားရတဲ့အခ်ိန္ေတြလည္းရွိခဲ့ပါတယ္။

စပို႔တင္းလစၥဘြန္းအသင္းကိုေျပာင္းဖို႔အခြင့္အေရးရခဲ့တာဟာ

စီေရာ္နယ္ဒိုအတြက္ထိပ္တန္းအဆင့္ကိုေရာက္ဖို႔ လမ္းေၾကာင္းျဖစ္ခဲ့ေပမယ့္

ဇိမ္က်က်ေနႏိုင္တဲ့ဘဝကိုမေရာက္ခဲ့ေသးပါဘူး။

သူ႔သားႀကီး ဂ်ဴနီယာဆိုရင္စီေရာ္နယ္ဒိုေနတဲ့အိမ္ကိုၾကည့္ၿပီး

”အေဖကဒီမွာတကယ္ေနခဲ့တာလား” လို႔ေမးခဲ့ေသးတယ္ဆိုၿပီး

၂၀၁၉ ကအင္တာဗ်ဴးတစ္ခုမွာသူေျပာခဲ့ပါေသးတယ္။

စီေရာ္နယ္ဒိုက” အဲဒီတုန္းက ကြၽန္ေတာ္တို႔ေနခဲ့တဲ့အိမ္ကိုျမင္ၿပီး

သားက ကြၽန္ေတာ့္ဘက္လွည့္ကာ အေဖဒီမွာတကယ္ေနခဲ့တာလားလို႔

ေမးခဲ့ပါေသးတယ္။ သူတို႔က အရာရာကိုအလြယ္ေလးနဲ႔ရေနတယ္လို႔

ထင္ေနၾကတာ။ အရာအားလုံးကေတာင့္တလိုက္တာနဲ႔

သူတို႔လက္ထဲေရာက္လာမယ္လို႔ ထင္ေနၾကတာ” လို႔ေျပာခဲ့ပါတယ္။

သူဟာမိသားစုနဲ႔ခြဲၿပီး စပို႔တင္းကိုေရာက္ၿပီးတဲ့ေနာက္

အခက္အခဲေတြအမ်ားႀကီးရင္ဆိုင္ခဲ့ရတာပါ။

ဒါနဲ႔ပတ္သက္လို႔ ၂၀၁၉က ပီယာ့စ္ေမာ္ဂန္နဲ႔ျပဳလုပ္တဲ့

အင္တာဗ်ဴးမွာအခုလိုေျပာသြားပါတယ္။

” မိသားစုနဲ႔ခြဲေနရတဲ့အျပင္ အခက္အခဲေတြလည္းရင္ဆိုင္ခဲ့ရတာေပါ့ဗ်ာ။

ည ၁၀ နာရီခြဲေလာက္ဆိုရင္ ကြၽန္ေတာ္တို႔ေတြဗိုက္ဆာေနၾကၿပီေလ။

ကြၽန္ေတာ္တို႔ေနတဲ့ကြင္းနားမွာ McDonald ဆိုင္ကလည္းရွိတယ္ဗ်။

ဒီေတာ့ညဘက္ႀကီးဗိုက္ဆာလာရင္ ဆိုင္အေနာက္ေပါက္ကိုသြားၿပီး

ဘာဂါ ေလးမ်ားက်န္မလားလို႔ သြားေတာင္းရတာပါ။

အက္ဒ္နာနဲ႔ အျခားအမႀကီးႏွစ္ေယာက္ရွိၿပီး

သူတို႔ကကြၽန္ေတာ္တို႔ကို ဘာဂါ အပိုေတြေပးေလ့ရွိပါတယ္။

သိပ္မယုံႏိုင္စရာေကာင္းတဲ့ အမႀကီးေတြပါ။

သူတို႔ကိုထပ္မေတြ႕ရေတာ့ပါဘူး။ ေပၚတူဂီေရာက္တုန္းကသူအမႀကီးေတြကို

လိုက္ရွာခဲ့ေပမယ့္သူတို႔ကဆိုင္ပိတ္သြားၿပီဗ်။

ဒီအင္တာဗ်ဴးက သူတို႔ကိုေတြ႕ဖို႔အကူအညီျဖစ္ေစမယ္လို႔ထင္ၿပီးေတြ႕ခဲ့ရင္

ကြၽန္ေတာ္အရမ္းေပ်ာ္ရမွာဘဲ။ သူတို႔ကို အိမ္ကိုဖိတ္ၿပီး

ညစာအတူစားဖို႔လည္းရည္႐ြယ္ထားပါတယ္။

သူတို႔ကိုရွာခ်င္တယ္ဆိုတာ ႐ိုးသားစြာနဲ႔ေျပာတာပါ။

ကြၽန္ေတာ့္ဘက္က တစ္ခုခုျပန္ေပးဆပ္ခ်င္တာပါ” လို႔ဆိုခဲ့ပါတယ္။

ဒါေပမယ့္ စီေရာ္နယ္ဒိုရွာခ်င္ေနတဲ့ အမ်ိဳးသမီးေတြကို သူေတြ႕ခဲ့တယ္ဆိုတဲ့

သတင္းကေတာ့အခုခ်ိန္အထိ တက္မလာေသးပါဘူး။

စီေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးေနာက္ပိုင္းမွာ အမ်ိဳးသမီးတစ္ဦးက

သူဟာအဲဒီတုန္းကစီေရာ္နယ္ဒိုကို ဘာဂါေပးခဲ့တဲ့ ၃ဦးထဲက

တစ္ဦးလို႔ ဆိုခဲ့ဘူးေပမယ့္ ပီယာ့စ္ေမာ္ဂန္ကေတာ့ ျငင္းပယ္ထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စီေရာ္နယ္ဒိုဟာ ဒီအမ်ိဳးသမီးေတြနဲ႔ ပတ္သက္လို႔

ဘာမွထပ္မေျပာေတာ့ေပမယ့္ သူ႔ရင္ထဲမွာသူတို႔ေက်းဇူးကအၿမဲရွိေနမယ္ဆိုတာ

သံသယျဖစ္စရာမရွိပါဘူး။ ဒီအမ်ိဳးသမီးေတြကို ဘယ္ေတာ့ေတြ႕မွာလည္း၊

သူတို႔ကေရာ ငါတို႔ပါလို႔ဆိုၿပီးလူလုံးျပလာေလမလားဆိုတာ ပေဟဠိဆန္ေနဆဲျဖစ္ပါတယ္။