သူ့ကိုဝေဖန်လေကန်လုပ်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကိုခပ်ချေချေဆက်ဆံပြလိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ ကွင်းထဲဝင်လာခဲ့ပြီးနောက် ဒီပွဲကို Sky Sports ရုပ်သံတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့ အသင်းဖော်ဟောင်း

ဆာဟာကိုပြေးလွှားနှုတ်ဆက်ခဲ့ပါတယ်။ ဆာဟာရဲ့ဘေးမှာတော့ Sky Sports ရုပ်သံပါတနာတွေအဖြစ် ဂျေမီရက်နပ်နဲ့ ဂယ်ရီနဗီးလ်တို့ရှိနေခဲ့ပါတယ်။ ဆာဟာပြီးတဲ့နောက်

ရော်နယ်ဒိုက ဂျေမီရက်နပ်ကိုထပ်မံနှုတ်ဆက်ခဲ့ပြီး ဂယ်ရီနဗီးလ်ကိုတော့မျက်ကွယ်ပြုခဲ့ပါတယ်။ စပါးနဲ့ပွဲစဉ်မပြီးခင်မှာ ကွင်းထဲကထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုကို

ဂယ်ရီနဗီးလ်ကအကြီးအကျယ်ဝေဖန်ခဲ့ဖူးသူ ဖြစ်ပြီး မန်ယူဟာရော်နယ်ဒိုမပါရင် ပိုကောင်းတဲ့အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ထားပါတယ်။ ဒါကြောင့် ရော်နယ်ဒိုက

အခုလိုတုံ့ပြန်သွားတာကို သူကိုယ်တိုင်လည်းသိပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးက မသိချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားချိန်မှာတော့ “ခရစ္စမတ်မှာတောင် မဖိတ်လောက်တော့ဘူးလို့ထင်တယ်”

လို့ အရှက်ပြေပြောဆိုခဲ့ပါသေးတယ်။ ဂယ်ရီနဗီးလ်ဟာ အခုလိုခပ်ချေချေဆက်ဆံရတဲ့ ပထမဆုံးလူတော့ မဟုတ်ခဲ့ပါဘူး။ ဩဂုတ်လအတွင်းကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ

ရော်နယ်ဒိုကွင်းထဲဝင်လာပြီးနောက် သူ့ကိုအစဉ်တစိုက်ဝေဖန်ခဲ့တဲ့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါကို မျက်ကွယ်ပြုပြီး နဗီးလ်တစ်ယောက်တည်းကိုကွက်ပြီး နှုတ်ဆက်ခဲ့ဖူးပါတယ်။

သူ့လိုဖြစ်ရပ်နဲ့ထပ်တူကြုံတွေ့ခဲ့တဲ့ နဗီးလ်ကိုတော့ ကာရေဂါက “ရော်နယ်ဒို အငြင်းပယ်ခံရတဲ့အဖွဲ့က ကြိုဆိုပါတယ်” လို့ တွစ်တာမှာ ပို့စ်တင်ပြီးနောက်ပြောင်ခဲ့ပါတယ်။

အသက် ၃၇နှစ်အရွယ်ရောက်လာ ပြီဖြစ်ပေမဲ့ ဘလွန်းဒီအော ၅ ကြိမ်ရှင် ရော်နယ်ဒိုဟာ သူ့ကိုမလေးစားတဲ့သူတိုင်းကို ခပ်ချေချေတုံ့ပြန်နေဆဲဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့

လက်တွဲဖော်ဟောင်း ဂယ်ရီနဗီးလ်ရဲ့အလှည့်ကျရောက်သွားပါတယ်။

(Zawgyi)

သူ႔ကိုေဝဖန္ေလကန္လုပ္ခဲ့တဲ့ ဂယ္ရီနဗီးလ္ကိုခပ္ေခ်ေခ်ဆက္ဆံျပလိုက္တဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မတိုင္ခင္ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ကြင္းထဲဝင္လာခဲ့ၿပီးေနာက္ ဒီပြဲကို Sky Sports ႐ုပ္သံတင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့အသင္းေဖာ္ေဟာင္း

ဆာဟာကိုေျပးလႊားႏႈတ္ဆက္ခဲ့ပါတယ္။ ဆာဟာရဲ႕ေဘးမွာေတာ့ Sky Sports ႐ုပ္သံပါတနာေတြအျဖစ္ေဂ်မီရက္နပ္နဲ႔ ဂယ္ရီနဗီးလ္တို႔ရွိေနခဲ့ပါတယ္။

ဆာဟာၿပီးတဲ့ေနာက္ ေရာ္နယ္ဒိုက ေဂ်မီရက္နပ္ကိုထပ္မံႏႈတ္ဆက္ခဲ့ၿပီး ဂယ္ရီနဗီးလ္ကိုေတာ့မ်က္ကြယ္ျပဳခဲ့ပါတယ္။ စပါးနဲ႔ပြဲစဥ္မၿပီးခင္မွာ ကြင္းထဲကထြက္ခြာခဲ့တဲ့ ေရာ္နယ္ဒိုကို

ဂယ္ရီနဗီးလ္ကအႀကီးအက်ယ္ေဝဖန္ခဲ့ဖူးသူ ျဖစ္ၿပီး မန္ယူဟာေရာ္နယ္ဒိုမပါရင္ပိုေကာင္းတဲ့အသင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ထားပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုက

အခုလိုတုံ႔ျပန္သြားတာကို သူကိုယ္တိုင္လည္းသိပါတယ္။ ေပၚတူဂီတိုက္စစ္မႉးကမသိခ်င္ေယာင္ေဆာင္ၿပီး လွည့္ထြက္သြားခ်ိန္မွာေတာ့ “ခရစၥမတ္မွာေတာင္ မဖိတ္ေလာက္ေတာ့ဘူးလို႔ထင္တယ္” လို႔

အရွက္ေျပေျပာဆိုခဲ့ပါေသးတယ္။ ဂယ္ရီနဗီးလ္ဟာ အခုလိုခပ္ေခ်ေခ်ဆက္ဆံရတဲ့ ပထမဆုံးလူေတာ့မဟုတ္ခဲ့ပါဘူး။ ဩဂုတ္လအတြင္းကစားခဲ့တဲ့ လီဗာပူးနဲ႔ပြဲမွာ

ေရာ္နယ္ဒိုကြင္းထဲဝင္လာၿပီးေနာက္ သူ႔ကိုအစဥ္တစိုက္ေဝဖန္ခဲ့တဲ့ လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါကို မ်က္ကြယ္ျပဳၿပီး နဗီးလ္တစ္ေယာက္တည္းကိုကြက္ၿပီး ႏႈတ္ဆက္ခဲ့ဖူးပါတယ္။

သူ႔လိုျဖစ္ရပ္နဲ႔ထပ္တူႀကဳံေတြ႕ခဲ့တဲ့ နဗီးလ္ကိုေတာ့ ကာေရဂါက “ေရာ္နယ္ဒို အျငင္းပယ္ခံရတဲ့အဖြဲ႕က ႀကိဳဆိုပါတယ္” လို႔ တြစ္တာမွာ ပို႔စ္တင္ၿပီးေနာက္ေျပာင္ ခဲ့ပါတယ္။

အသက္ ၃၇ႏွစ္အ႐ြယ္ေရာက္လာၿပီျဖစ္ေပမဲ့ ဘလြန္းဒီေအာ ၅ႀကိမ္ရွင္ ေရာ္နယ္ဒိုဟာ သူ႔ကိုမေလးစားတဲ့သူတိုင္းကိုခပ္ေခ်ေခ်တုံ႔ျပန္ေနဆဲျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့

လက္တြဲေဖာ္ေဟာင္း ဂယ္ရီနဗီးလ္ရဲ႕အလွည့္က်ေရာက္သြားပါတယ္။