သူရဲကောင်းရော်နယ်ဒိုရဲ့ ဆည်းဆာအလှတရားကို လက်ပြနှုတ်ဆက်ခဲ့ကြသူတွေ

၂၀၂၂ ခုနှစ်ရဲ့ တစ်နှစ်တာ ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or 2022) ရဲ့ ဆုပေးပွဲအခမ်းအနားကြီးကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာတော့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အဆင့် ၂၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အဆင့် ၁၀ ရဲ့ အပြင်ဘက်ကို ရောက်ခဲ့တဲ့ ပထမဆုံးနှစ် ဖြစ်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊

ဘာနာဒိုဆေးလ်ဗားနဲ့ ဒါဝင်နူနက်ဇ်တို့ရဲ့ အပေါ်မှာ ရပ်တည် နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူဟာ အဓိကဆုဖလား ဆွတ်ခူးနိုင်မှု မရှိခဲ့တာကြောင့် ရော်နယ်ဒိုအနေနဲ့ ဒီလိုအဆင့်မျိုးမှာ ရပ်တည်နိုင်တာ ကို ကျေနပ်မှု ရှိရမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မန်ယူကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀ ပါဝင်ကစားပေးခဲ့ပြီး ၁၈ ဂိုး သွင်းနိုင်ခဲ့တဲ့ ကစားသမားပါ။

နောက်ပြီး ယူနိုက် တက်အတွက် ချန်ပီယံလိဂ် ၇ ပွဲ ပါဝင်ကစားပေးခဲ့သလို ၆ ဂိုး သွင်းယူနိုင်ခဲ့ ပေမယ့်လည်း အဲဒီစွမ်းဆောင်ရည်တွေက ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရဲ့

အဆင့် ၁၀ အတွင်း ဝင်ရောက်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ ကက်စ်မီရိုကတော့ ရော်နယ်ဒိုရဲ့အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မန်ယူနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးခဲ့သလို ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ကိုလည်း ရယူပိုင်ဆိုင်ခဲ့ဖူးတဲ့ စီရော်နယ်ဒိုရဲ့ နေဝင်ဆည်းဆာအချိန်ကို

ပရိသတ်တွေက အလှပဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။

‘’အသက် ၃၇ နှစ် ရှိနေ တာတောင် အဆင့် ၂၀ အတွင်း ဝင်နေသေးတယ်။ တကယ့်ကို ကြီးမားတဲ့ ဖြစ်တည်မှုပါ။ ကြီးမားတဲ့ ဖြစ်တည်မှုတွေလည်း ရှိခဲ့ပြီးပြီ။ ထာဝရကို အခမ်းနားဆုံး ဖြစ်နေမှာပါ’’

လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါ တယ်။

‘’Baloon d’Or ဆုအတွက် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ရေပန်းစားသူ စာရင်းကနေပြီး ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ ပထမဆုံး ဖယ်ပေးလိုက်ပြီပေါ့။

ခေတ်တစ်ခေတ် အဆုံးသတ်ချေပြီ’’ လို့ ဒုတိယတစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ‘’မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ အခန်းကဏ္ဍက ဆုံးခန်းတိုင်သွားပါပြီ’’ လို့ ရေးသားခဲ့ပါတယ်။

(Zawgyi)

(81) သူရဲေကာင္းေရာ္နယ္ဒိုရဲ႕ ဆည္းဆာအလွတရားကို လက္ျပႏႈတ္ဆက္ခဲ့ၾကသူေတြ
==================
၂၀၂၂ ခုႏွစ္ရဲ႕ တစ္ႏွစ္တာ ဖီဖာကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု (Ballon d’Or 2022) ရဲ႕ ဆုေပးပြဲအခမ္းအနားႀကီးကေတာ့ ၿပီးဆုံးသြား ခဲ့ၿပီပဲျဖစ္ပါတယ္။

ဒီဆုေပးပြဲမွာေတာ့ မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ အဆင့္ ၂၀ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္ေနာက္ပိုင္း အဆင့္ ၁၀ ရဲ႕ အျပင္ဘက္ကို ေရာက္ခဲ့တဲ့ ပထမဆုံးႏွစ္ ျဖစ္လာခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ၄၈ ပြဲ ကစားၿပီး ၃၁ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ စပါးတိုက္စစ္မႉး ဟယ္ရီကိန္း၊ ဘာနာဒိုေဆးလ္ဗားနဲ႔ ဒါဝင္ႏူနက္ဇ္တို႔ရဲ႕ အေပၚမွာ ရပ္တည္ ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မန္ယူဟာ အဓိက ဆုဖလား ဆြတ္ခူး ႏိုင္မႈ မရွိခဲ့တာေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ ဒီလိုအဆင့္မ်ိဳးမွာ ရပ္တည္ႏိုင္တာ ကို ေက်နပ္မႈ ရွိရမွာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လမွာ မန္ယူကို တစ္ေက်ာ့ ျပန္ေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ ပြဲေပါင္း ၃၀ ပါဝင္ကစားေပးခဲ့ၿပီး ၁၈ ဂိုး သြင္းႏိုင္ခဲ့တဲ့ ကစားသမားပါ။

ေနာက္ၿပီး ယူႏိုက္ တက္အတြက္ ခ်န္ပီယံလိဂ္ ၇ ပြဲ ပါဝင္ကစားေပးခဲ့သလို ၆ ဂိုး သြင္းယူႏိုင္ခဲ့ ေပမယ့္လည္း အဲဒီစြမ္းေဆာင္ရည္ေတြက ဖီဖာတစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုရဲ႕ အဆင့္ ၁၀ အတြင္း ဝင္ေရာက္ဖို႔ေတာ့ မလုံေလာက္ခဲ့ပါ ဘူး။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ဖလားကို ရယူႏိုင္ခဲ့တဲ့ ကက္စ္မီ႐ိုကေတာ့ ေရာ္နယ္ဒိုရဲ႕အထက္ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ မန္ယူနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခဲ့ဖူးခဲ့သလို ဖီဖာတစ္ႏွစ္တာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု ကိုလည္း ရယူပိုင္ဆိုင္ခဲ့ဖူးတဲ့ စီေရာ္နယ္ဒိုရဲ႕ ေနဝင္ဆည္းဆာအခ်ိန္ကို ပရိသတ္ေတြက အလွပဆုံး ႏႈတ္ဆက္ခဲ့ၾကပါတယ္။

‘’အသက္ ၃၇ ႏွစ္ ရွိေန တာေတာင္ အဆင့္ ၂၀ အတြင္း ဝင္ေနေသးတယ္။ တကယ့္ကို ႀကီးမားတဲ့ ျဖစ္တည္မႈပါ။

ႀကီးမားတဲ့ ျဖစ္တည္မႈေတြလည္း ရွိခဲ့ၿပီးၿပီ။ ထာဝရကို အခမ္း နားဆုံး ျဖစ္ေနမွာပါ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါ တယ္။ ‘’Baloon d’Or ဆုအတြက္ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ေရပန္းစားသူ စာရင္းကေနၿပီး ၿပီးခဲ့တဲ့ ၁၆ ႏွစ္အတြင္းမွာ ပထမဆုံး ဖယ္ေပးလိုက္ၿပီေပါ့။

ေခတ္တစ္ေခတ္ အဆုံးသတ္ေခ်ၿပီ’’ လို႔ ဒုတိယတစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ‘’မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ရဲ႕ အခန္းက႑က ဆုံးခန္းတိုင္သြားပါၿပီ’’ လို႔ ေရးသားခဲ့ပါတယ္။