သူများကို လှောင်ပြောင်အပြီး သိပ်မကြာခင်မှာပဲ သူ့အမှားကနေ အနိုင်ဂိုးပေးလိုက်ရတဲ့ ရိုမဲရိုး

စပါးအသင်းနောက်ခံလူ ရိုမဲရိုးဟာ ယူနိုက်တက်ကို

၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်
သွင်းမိသွားတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို
လှောင်ပြောင်ရယ်မောခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ
သူ့ရဲ့အမှားကနေ ရော်နယ်ဒိုက ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းသွားပါတယ်။
ရိုမဲရိုးဟာ ပွဲချိန် ၇၂ မိနစ်မှာ ထောင့်ဖြတ်ဘောကို

ကာကွယ်ရင်း မက်ဂွိုင်းယား ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီးနောက်
မက်ဂွိုင်းယားရဲ့အရှေ့မှာ သိသိသာသာ လှောင်ပြောင်
ရယ်မောခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း သတိပြုမိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို သူများ အမှားကျူးလွန်မိတာကို
သွားပြီးလှောင်ပြောင်ရယ်မောမိခဲ့တဲ့ ရိုမဲရိုးဟာ
၁၀မိနစ်မပြည့်ခင်မှာပဲ ချက်ချင်းဝဋ်ပြန်လည်ခဲ့ပြီး
သူ့ရဲ့အမှားကနေ ရော်နယ်ဒိုက
ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပရိသတ်တွေကလည်း
လူမှုမီဒီယာမှာ ရိုမဲရိုးကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။


”ရိုမဲရိုးက မက်ဂွိုင်းယားကို

ကြည့်ပြီး အော်လိုက်တာ
အားအတော်လေးကုန်သွားတယ်ထင်တယ်။
ရော်နယ်ဒိုကို မာကင်ကပ်ဖို့တောင်
မေ့သွားတယ်။ ဂုဏ်ယူပါတယ်မိတ်ဆွေ”
”ဝဋ်ဆိုတာ ချက်ချင်းလည်တတ်တယ်”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့
စပါးနောက်ခံလူဟောင်း မိုက်ကယ်ဒေါ်ဆင်တို့ကလည်း
ရိုမဲရိုးရဲ့လုပ်ရပ်အပေါ် ဝေဖန်သွားခဲ့ပြီး မိုက်ကယ်ဒေါ်ဆင်က
အဲဒီလိုသွားလုပ်ရင် ကိုယ်လည်း ပြန်ခံရတတ်တယ်လို့ ဆိုပါတယ်။