သူပေးတဲ့မှတ်ချက်ကြောင့် လှောင်ပြောင်ခံနေရတဲ့ မိုက်ကယ်အိုဝင်

အင်္ဂလန်နဲ့ လီဗာပူးအသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ

ချန်ပီယံလိဂ်မဲခွဲမှုနဲ့ပတ်သက်ပြီး သူပေးခဲ့တဲ့မှတ်ချက်‌ ကြောင့်

ဆိုရှယ်မီဒီယာထက်မှာ လှောင်ပြောင်မှုတွေခံနေရတယ်လို့ သိရပါတယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲမှုမှာ

အရှုပ်အထွေးတွေဖြစ်ခဲ့ပြီးနောက် မဲခွဲမှုကိုအစအဆုံးပြန်လုပ်ခဲ့ရလို့

ယူအီးအက်ဖ်အေအတွက် နာမည်ပျက် စရာဖြစ်ခဲ့ရပါတယ်။

မဲခွဲမှုမှာ မန်ယူဟာသူနဲ့အုပ်စုအဆင့်မှာအတူကျရောက်ခဲ့တဲ့ ဗီလာရီးရဲလ်နဲ့

တွေ့ဆုံရမယ့်အသင်းတွေရဲ့မဲ အိုးထဲမှာထည့်သွင်းခံရတာပါဘဲ။

ပိုပြီးဆိုးတာက အက်သလက်တီကိုနဲ့တွေ့ရမယ့်အသင်းတွေရဲ့မဲအိုးထဲမှာ

မန်ယူကိုထည့်သွင်း ရမယ့်အစား အဲဒီစပိန်ကလပ်နဲ့တစ်အုပ်စုတည်းကျခဲ့တဲ့

လီဗာပူးအသင်းကိုထည့်ခဲ့တာပါဘဲ။ ယူအီးအက်ဖ်အေစည်းမျဥ်းအရ

အုပ်စုအဆင့်မှာအတူကျရောက်ခဲ့တဲ့ အသင်းတွေနဲ့ တစ်နိုင်ငံတည်းကအသင်းတွေဟာ

၁၆ သင်းအဆင့်မှာမတွေ့ရဘူးလို့ သတ် မှတ်ထားတာပါ။

ဒါကြောင့်လည်း ယူအီးအက်ဖ်အေက မဲခွဲမှုကိုအစအဆုံးပြန်လည်ပြုလုပ်ခဲ့ရပြီး

အခုလိုဖြစ်ခဲ့မှုဟာ ပြင်ပက ဆားဗစ်လာပေးတဲ့ ဆော့ဖ်ဝဲရဲ့နည်းစနစ်ပိုင်းဆိုင်ရာအမှားကြောင့်လို့

အကြောင်းပြခဲ့ပါတယ်။ ဒီလိုမဲပြန်ခွဲရမှုကြောင့် ထိပ်တိုက်တွေ့တဲ့

အသင်းတွေပြောင်းသွားလို့ မကျေနပ်မှုတွေရှိခဲ့သလို ချဲလ်ဆီးလိုမျိုး

မဲခွဲမှုနှစ်ကြိမ်စလုံး လိုင်လီနဲ့ သာတွေ့ရတဲ့အသင်းလည်းရှိခဲ့တာပါ။

ဒါကို BT Sport ထုတ်လွှင့်ခဲ့ပြီး ဒုတိယအကြိမ်မဲခွဲမှုမတိုင်ခင်မှာ အိုဝင်က

အခုလိုဘဲမှတ် ချက်ပေးခဲ့တာပါ။ သူက” တစ်သင်းတည်းမဟုတ်ဘူးဆိုရင်

အသင်းတိုင်းဟာ ပိုကောင်းတဲ့ ဒါမှမဟုတ်ပိုဆိုးတဲ့ မဲခွဲမှုနဲ့ကြုံရနိုင် တာဘဲ” လို့ဆိုခဲ့တာပါ။

ဒါကြောင့်လည်း ESPN သတင်းဌာနကသူတို့ရဲ့ဆိုရှယ်မီဒီယာထက်မှာ

“ခင်ဗျားဘယ်မှားလိမ့်မတုန်း” လို့မှတ်ချက်ရေးကာ

အိုဝင်ရုပ်ပုံနဲ့ပြောစကားကိုဖော်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာလည်း

လှောင်ပြောင်မှုအများကြီးထွက်ပေါ်လာပြီးတစ်ဦးကဆိုရင်” အနာဂတ်မျိုးဆက်တွေကသာ

အိုဝင်ရဲ့ ပါရမီရင့်သန်မှုကို အမှန်တကယ်အသိအမှတ်ပြုကြလိမ့်မယ်” လို့

ရေးခဲ့ပြီး နောက်တစ်ဦးက” အိုဝင်ဟာတကယ့်ကိုခေတ်သစ် ဆိုကရေးတီးပါဘဲ။

တကယ့်အတွေးအခေါ်သမားကြီး၊ နက်နက်နဲနဲတွေးတတ်သူကြီး၊ ကဗျာဆရာကြီး” လို့

ဆိုခဲ့ပါတယ်။ အခြား တစ်ယောက်ကလည်း” ပွဲတစ်ခုမှာ သရေမကျဘူးဆိုရင်

နိုင်ခြင်လည်းနိုင်မှာဖြစ်သလို ရှုံးခြင်လည်းရှုံးမှာပေါ့- မိုက်ကယ်အိုဝင်” လို့ ရွဲ့ပြီးရေးခဲ့ပါတယ်။

zawgyi

သူေပးတဲ့မွတ္ခ်က္ေၾကာင့္ ေလွာင္ေျပာင္ခံေနရတဲ့ မိုက္ကယ္အိုဝင္

အဂၤလန္နဲ႔ လီဗာပူးအသင္းတိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္ဟာ

ခ်န္ပီယံလိဂ္မဲခြဲမႈနဲ႔ပတ္သက္ၿပီး သူေပးခဲ့တဲ့မွတ္ခ်က္‌ ေၾကာင့္

ဆိုရွယ္မီဒီယာထက္မွာ ေလွာင္ေျပာင္မႈေတြခံေနရတယ္လို႔ သိရပါတယ္။

တနလၤာေန႔က က်င္းပခဲ့တဲ့ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မဲခြဲမႈမွာ

အရႈပ္အေထြးေတြျဖစ္ခဲ့ၿပီးေနာက္ မဲခြဲမႈကိုအစအဆုံးျပန္လုပ္ခဲ့ရလို႔

ယူအီးအက္ဖ္ေအအတြက္ နာမည္ပ်က္ စရာျဖစ္ခဲ့ရပါတယ္။

မဲခြဲမႈမွာ မန္ယူဟာသူနဲ႔အုပ္စုအဆင့္မွာအတူက်ေရာက္ခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔

ေတြ႕ဆုံရမယ့္အသင္းေတြရဲ႕မဲ အိုးထဲမွာထည့္သြင္းခံရတာပါဘဲ။

ပိုၿပီးဆိုးတာက အက္သလက္တီကိုနဲ႔ေတြ႕ရမယ့္အသင္းေတြရဲ႕မဲအိုးထဲမွ

ာ မန္ယူကိုထည့္သြင္း ရမယ့္အစား အဲဒီစပိန္ကလပ္နဲ႔တစ္အုပ္စုတည္းက်ခဲ့တဲ့

လီဗာပူးအသင္းကိုထည့္ခဲ့တာပါဘဲ။ ယူအီးအက္ဖ္ေအစည္းမ်ဥ္းအရ

အုပ္စုအဆင့္မွာအတူက်ေရာက္ခဲ့တဲ့ အသင္းေတြနဲ႔ တစ္ႏိုင္ငံတည္းကအသင္းေတြဟာ

၁၆ သင္းအဆင့္မွာမေတြ႕ရဘူးလို႔ သတ္ မွတ္ထားတာပါ။

ဒါေၾကာင့္လည္း ယူအီးအက္ဖ္ေအက မဲခြဲမႈကိုအစအဆုံးျပန္လည္ျပဳလုပ္ခဲ့ရၿပီး

အခုလိုျဖစ္ခဲ့မႈဟာ ျပင္ပက ဆားဗစ္လာေပးတဲ့ ေဆာ့ဖ္ဝဲရဲ႕နည္းစနစ္ပိုင္းဆိုင္ရာအမွားေၾကာင့္လို႔

အေၾကာင္းျပခဲ့ပါတယ္။ ဒီလိုမဲျပန္ခြဲရမႈေၾကာင့္ ထိပ္တိုက္ေတြ႕တဲ့

အသင္းေတြေျပာင္းသြားလို႔ မေက်နပ္မႈေတြရွိခဲ့သလို ခ်ဲလ္ဆီးလိုမ်ိဳး

မဲခြဲမႈႏွစ္ႀကိမ္စလုံး လိုင္လီနဲ႔ သာေတြ႕ရတဲ့အသင္းလည္းရွိခဲ့တာပါ။

ဒါကို BT Sport ထုတ္လႊင့္ခဲ့ၿပီး ဒုတိယအႀကိမ္မဲခြဲမႈမတိုင္ခင္မွာ အိုဝင္က

အခုလိုဘဲမွတ္ ခ်က္ေပးခဲ့တာပါ။ သူက” တစ္သင္းတည္းမဟုတ္ဘူးဆိုရင္

အသင္းတိုင္းဟာ ပိုေကာင္းတဲ့ ဒါမွမဟုတ္ပိုဆိုးတဲ့ မဲခြဲမႈနဲ႔ႀကဳံရႏိုင္ တာဘဲ” လို႔

ဆိုခဲ့တာပါ။ ဒါေၾကာင့္လည္း ESPN သတင္းဌာနကသူတို႔ရဲ႕ဆိုရွယ္မီဒီယာထက္မွာ

“ခင္ဗ်ားဘယ္မွားလိမ့္မတုန္း” လို႔မွတ္ခ်က္ေရးကာ

အိုဝင္႐ုပ္ပုံနဲ႔ေျပာစကားကိုေဖာ္ျပခဲ့ပါတယ္။ အြန္လိုင္းေပၚမွာလည္း

ေလွာင္ေျပာင္မႈအမ်ားႀကီးထြက္ေပၚလာၿပီးတစ္ဦးကဆိုရင္” အနာဂတ္မ်ိဳးဆက္ေတြကသာ

အိုဝင္ရဲ႕ ပါရမီရင့္သန္မႈကို အမွန္တကယ္အသိအမွတ္ျပဳၾကလိမ့္မယ္” လို႔

ေရးခဲ့ၿပီး ေနာက္တစ္ဦးက” အိုဝင္ဟာတကယ့္ကိုေခတ္သစ္ ဆိုကေရးတီးပါဘဲ။

တကယ့္အေတြးအေခၚသမားႀကီး၊ နက္နက္နဲနဲေတြးတတ္သူႀကီး၊ ကဗ်ာဆရာႀကီး” လို႔

ဆိုခဲ့ပါတယ္။ အျခား တစ္ေယာက္ကလည္း” ပြဲတစ္ခုမွာ သေရမက်ဘူးဆိုရင္

ႏိုင္ျခင္လည္းႏိုင္မွာျဖစ္သလို ရႈံးျခင္လည္းရႈံးမွာေပါ့- မိုက္ကယ္အိုဝင္” လို႔ ႐ြဲ႕ၿပီးေရးခဲ့ပါတယ္။