‘သူတို့ရဲ့စည်းကမ်းကို စမ်းသပ်ဖို့အတွက်’ ယူနိုက်တက်ကစားသမားတွေကို ပထမဆုံးအကြိမ်အဖြစ် လက်စ်ဗီးဂက်စ် ခေါ်ဆောင်သွားဖို့ တန်ဟတ် ဆုံးဖြတ်

ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ကလပ်ရဲ့ရာသီကြိုခြေစမ်းခရီး

တစ်စိတ်တစ်ပိုင်းအဖြစ် လက်စ်ဗီးဂက်စ်ကိုသွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ သရဲနီတွေရဲ့ရပ်တည်မှုအပေါ်စိတ်ပျက်မှုကြီးထွားလာခဲ့သလို

၂၀၁၈ ကစလို့ ဒီပြည်နယ်နားတစ်ဝိုက်မှာအလည်အပတ်ခရီးစဉ်

မရှိတော့တာဖြစ်တယ်။ အပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူ

တစ်ဦးခေါ်ယူဖို့ပျက်ကွက်ခဲ့တဲ့ ဒု-ဥက္ကဌဟောင်း အက်ဒ်ဝုဒ်ဝက်ကို

ဒေါသထွက်တဲ့အကြောင်းဖော်ပြဖို့အတွက် မော်ရင်ဟိုက ဒီခရီးစဉ်ကို

အသုံးချသွားခဲ့တာပါ။ ဒါပေမဲ့ စပါယ်ရှယ်ဝမ်းလို့ကြွေးကြော်ထားတဲ့

မော်ရင်ဟိုဟာ အဲ့ဒီနှစ်ကုန်မှာ အိုးလ်ထရက်ဖို့ဒ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ တန်ဟတ်ရဲ့စွန့်စားမှုက အလားတူပုံစံနဲ့ပြီးဆုံးဖိူ့မရှိပါဘူး။

နယ်သာလန်သားလက်အောက်မှာ ယူနိုက်တက်က အမှတ်ပေးဇယား

အဆင့် ၄ နေရာရပ်တည်နေသလို ပြိုင်ပွဲတိုင်းမှာရပ်တည်ထား

နိုင်သေးတာဖြစ်တယ်။ ယူနိုက်တက်ဟာ အမေရိကန်သွားခဲ့တဲ့

ကာလတစ်လျှောက်လုံးမှာ လက်စ်ဗီးဂက်စ်ကို မရောက်ဖူးပေမဲ့

ဒီတစ်ကြိမ်မှာတော့ Allegiant အားကစားကွင်းထဲမှာ အမည်မသိ

ပရီးမီးယားလိဂ်ပြိုင်ဘက်နဲ့ခြေစမ်းကစားဖို့ရှိနေပါတယ်။

ဒီခရီးစဉ်ကနေဝင်ငွေရဖို့ရှိသလို Daily Star သတင်းစာရဲ့ဖော်ပြချက်အရ

တန်ဟတ်ဟာ သူ့ရဲ့ကစားသမားတွေကို အခြားသောအကြောင်းပြချက်တစ်ခုနဲ့

ခေါ်ဆောင်ခွင့်ရလို့ စိတ်ကျေနပ်မှုရှိနေပါတယ်။ ‘Sin City’ နဲ့

‘The City that Never Sleeps’ လို့လူသိများတဲ့ လက်စ်ဗီးဂက်စ်မှာ

ကစားသမားတွေဘယ်လိုပြုမူနေထိုင်မယ်ဆိုတာ စမ်းသပ်ချင်စိတ်

ရှိနေပါတယ်။ တနည်းအားဖြင့်တော့ တန်ဟတ်ဟာ သူချမှတ်ထားတဲ့

သံမဏိစည်းမျဉ်းဘယ်လောက်အထိတာသွားနေပြီလဲဆိုတာကို စမ်းသပ်ချင်စိတ်ရှိနေတာဖြစ်တယ်။

zawgyi

‘သူတို႔ရဲ႕စည္းကမ္းကို စမ္းသပ္ဖို႔အတြက္’ ယူႏိုက္တက္ကစားသမားေတြကို ပထမဆုံးအႀကိမ္အျဖစ္ လက္စ္ဗီးဂက္စ္ ေခၚေဆာင္သြားဖို႔ တန္ဟတ္ ဆုံးျဖတ္

ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ကလပ္ရဲ႕ရာသီႀကိဳေျခစမ္းခရီး

တစ္စိတ္တစ္ပိုင္းအျဖစ္ လက္စ္ဗီးဂက္စ္ကိုသြားေရာက္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ သရဲနီေတြရဲ႕ရပ္တည္မႈအေပၚစိတ္ပ်က္မႈႀကီးထြားလာခဲ့သလို

၂၀၁၈ ကစလို႔ ဒီျပည္နယ္နားတစ္ဝိုက္မွာအလည္အပတ္ခရီးစဥ္

မရွိေတာ့တာျဖစ္တယ္။ အေျပာင္းအေ႐ႊ႕ကာလမွာ ဗဟိုေနာက္ခံလူ

တစ္ဦးေခၚယူဖို႔ပ်က္ကြက္ခဲ့တဲ့ ဒု-ဥကၠဌေဟာင္း အက္ဒ္ဝုဒ္ဝက္ကို

ေဒါသထြက္တဲ့အေၾကာင္းေဖာ္ျပဖို႔အတြက္ ေမာ္ရင္ဟိုက ဒီခရီးစဥ္ကို

အသုံးခ်သြားခဲ့တာပါ။ ဒါေပမဲ့ စပါယ္ရွယ္ဝမ္းလို႔ေႂကြးေၾကာ္ထားတဲ့

ေမာ္ရင္ဟိုဟာ အဲ့ဒီႏွစ္ကုန္မွာ အိုးလ္ထရက္ဖို႔ဒ္ကေနေပ်ာက္ကြယ္သြားခဲ့ပါတယ္။

အျခားတစ္ဖက္မွာေတာ့ တန္ဟတ္ရဲ႕စြန႔္စားမႈက အလားတူပုံစံနဲ႔ၿပီးဆုံးဖိူ႔မရွိပါဘူး။

နယ္သာလန္သားလက္ေအာက္မွာ ယူႏိုက္တက္က အမွတ္ေပးဇယား

အဆင့္ ၄ ေနရာရပ္တည္ေနသလို ၿပိဳင္ပြဲတိုင္းမွာရပ္တည္ထား

ႏိုင္ေသးတာျဖစ္တယ္။ ယူႏိုက္တက္ဟာ အေမရိကန္သြားခဲ့တဲ့

ကာလတစ္ေလွ်ာက္လုံးမွာ လက္စ္ဗီးဂက္စ္ကို မေရာက္ဖူးေပမဲ့

ဒီတစ္ႀကိမ္မွာေတာ့ Allegiant အားကစားကြင္းထဲမွာ အမည္မသိ

ပရီးမီးယားလိဂ္ၿပိဳင္ဘက္နဲ႔ေျခစမ္းကစားဖို႔ရွိေနပါတယ္။

ဒီခရီးစဥ္ကေနဝင္ေငြရဖို႔ရွိသလို Daily Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရ

တန္ဟတ္ဟာ သူ႔ရဲ႕ကစားသမားေတြကို အျခားေသာအေၾကာင္းျပခ်က္တစ္ခုနဲ႔

ေခၚေဆာင္ခြင့္ရလို႔ စိတ္ေက်နပ္မႈရွိေနပါတယ္။ ‘Sin City’ နဲ႔

‘The City that Never Sleeps’ လို႔လူသိမ်ားတဲ့ လက္စ္ဗီးဂက္စ္မွာ

ကစားသမားေတြဘယ္လိုျပဳမူေနထိုင္မယ္ဆိုတာ စမ္းသပ္ခ်င္စိတ္

ရွိေနပါတယ္။ တနည္းအားျဖင့္ေတာ့ တန္ဟတ္ဟာ သူခ်မွတ္ထားတဲ့

သံမဏိစည္းမ်ဥ္းဘယ္ေလာက္အထိတာသြားေနၿပီလဲဆိုတာကို စမ္းသပ္ခ်င္စိတ္ရွိေနတာျဖစ္တယ္။