သူတို့ကသာ အရှုံးခံထုတ်ရောင်းပေမယ့် ကော်တင်ဟိုကို လိုချင်တဲ့အသင်းတွေမှ ပုံလို့

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့များပြားလှတဲ့လစာ စာရင်းကိုသိသာစွာ

လျှော့ချချင်တဲ့အတွက် တောင်ပံကစားသမား ကော်တင်ဟို ကို

ပေါင် ၁၆ သန်းရရင်ထုတ်ရောင်းဖို့ ပြင်ဆင်ထားကြောင်းသိရပါတယ်။

ဒါဟာသူ့ကိုဝယ်ယူစဥ်ကတန်ကြေးထက်ပေါင်သန်း၁၃၀ အရှုံးခံလိုက်မယ့်

သဘောလည်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ ကော်တင်ဟို ဟာ

လီဗာပူးမှာခြေစွမ်းပြနေတဲ့အချိန်ဖြစ်တဲ့ ၂၀၁၈ ဇန်နဝါရီလမှာ

ဘာစီလိုနာဆီပေါင် ၁၄၆ သန်းနဲ့ပြောင်းသွားတဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် စပိန်ကိုအရောက်မှာခြေစွမ်းပျောက်သလောက်ဖြစ်သွားတာကြောင့်

၂၀၁၉-၂၀ မှာဘိုင်ယန်မြူးနစ်အသင်းဆီအငှားသွားကစားခဲ့ရပါတယ်။

နောက်ပိုင်းမှာဘာစီလိုနာကို ပြန်ရောက်လာပေမယ့်သူ့ခြေစွမ်းက

တိုးတက်မှုသိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့်သူ့လစာကတစ်ပတ်ကိုပေါင် ၃၇၀၀၀၀ ဖြစ်လို့

ကလပ်မှာလစာအများဆုံးရသူဖြစ်နေပါတယ်။

လက်ရှိမှာ ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာတွေကြောင့်

အသုံးစားရိတ်ကိုတတ်နိုင်သလောက်ချွေတာနေရတာပါ။

ဒီအတွက်လစာအများအပြားပေးချေနေရမှုကိုလည်း လျှော့ချမှာဖြစ်လို့

ကော်တင်ဟိုကိုပေါင် ၁၆ သန်းရရင်ထုတ်ရောင်းဖို့ဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။

ကော်တင်ဟိုက ခြေစွမ်းမပြနိုင်လို့ သူ့ကိုဈေးကောင်းရမှထုတ်ရောင်းမယ်ဆိုရင်လည်း

ဝယ်မယ့်သူမရှိဘူးဆိုတာ ဘိုင်ယန်ကအငှားဆက်မခေါ်တော့ဘဲပြန်ပို့လိုက်တာကိုကြည့်ရင်

တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖာရန်တောရက်စ်ရောက်လာလို့

သူ့အနေနဲ့ဦးစားပေးနေရာရဖို့ မရှိတော့ပါဘူး။ဒါကြောင့်အသင်းမှာဆက်ရှိနေရင်လည်း

လစာပေးရတာသာအဖတ်တင်မှာဖြစ်လို့ပေါင်သန်း ၁၃၀ အထိအရှုံးခံဖို့သာ

ရွေးချယ်လိုက်တာပါ။

လက်ရှိမှာ ကော်တင်ဟိုကို စပါး၊ အာဆင်နယ်နဲ့ အဲဗာတန်တို့အပြင်

ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာပြီလို့ သတ်မှတ်ထားကြတဲ့

နယူးကာဆယ် ကပါခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

စပါးအသင်းနည်းပြ ကွန်တီဟာ ကော်တင်ဟို ရဲ့ခြေစွမ်းကို

သူကအကောင်းဆုံးဖြစ်လာအောင်လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်နေတာကြောင့်

ဒီဘရာဇီးသားကိုခေါ်ယူဖို့ ကလပ်ကိုတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

zawgyi

သူတို႔ကသာ အရႈံးခံထုတ္ေရာင္းေပမယ့္ ေကာ္တင္ဟိုကို လိုခ်င္တဲ့အသင္းေတြမွ ပုံလို႔

ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕မ်ားျပားလွတဲ့လစာ စာရင္းကိုသိသာစြာ

ေလွ်ာ့ခ်ခ်င္တဲ့အတြက္ ေတာင္ပံကစားသမား ေကာ္တင္ဟို ကို

ေပါင္ ၁၆ သန္းရရင္ထုတ္ေရာင္းဖို႔ ျပင္ဆင္ထားေၾကာင္းသိရပါတယ္။

ဒါဟာသူ႔ကိုဝယ္ယူစဥ္ကတန္ေၾကးထက္ေပါင္သန္း၁၃၀ အရႈံးခံလိုက္မယ့္

သေဘာလည္းျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိတဲ့ ေကာ္တင္ဟို ဟာ

လီဗာပူးမွာေျခစြမ္းျပေနတဲ့အခ်ိန္ျဖစ္တဲ့ ၂၀၁၈ ဇန္နဝါရီလမွာ

ဘာစီလိုနာဆီေပါင္ ၁၄၆ သန္းနဲ႔ေျပာင္းသြားတဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ စပိန္ကိုအေရာက္မွာေျခစြမ္းေပ်ာက္သေလာက္ျဖစ္သြားတာေၾကာင့္

၂၀၁၉-၂၀ မွာဘိုင္ယန္ျမဴးနစ္အသင္းဆီအငွားသြားကစားခဲ့ရပါတယ္။

ေနာက္ပိုင္းမွာဘာစီလိုနာကို ျပန္ေရာက္လာေပမယ့္သူ႔ေျခစြမ္းက

တိုးတက္မႈသိပ္မရွိခဲ့ပါဘူး။ ဒါေပမယ့္သူ႔လစာကတစ္ပတ္ကိုေပါင္ ၃၇၀၀၀၀ ျဖစ္လို႔

ကလပ္မွာလစာအမ်ားဆုံးရသူျဖစ္ေနပါတယ္။

လက္ရွိမွာ ဘာစီလိုနာဟာဘ႑ာေရးျပႆနာေတြေၾကာင့္

အသုံးစားရိတ္ကိုတတ္ႏိုင္သေလာက္ေခြၽတာေနရတာပါ။

ဒီအတြက္လစာအမ်ားအျပားေပးေခ်ေနရမႈကိုလည္း ေလွ်ာ့ခ်မွာျဖစ္လို႔

ေကာ္တင္ဟိုကိုေပါင္ ၁၆ သန္းရရင္ထုတ္ေရာင္းဖို႔ဆုံးျဖတ္လိုက္တာလို႔ဆိုပါတယ္။

ေကာ္တင္ဟိုက ေျခစြမ္းမျပႏိုင္လို႔ သူ႔ကိုေဈးေကာင္းရမွထုတ္ေရာင္းမယ္ဆိုရင္လည္း

ဝယ္မယ့္သူမရွိဘူးဆိုတာ ဘိုင္ယန္ကအငွားဆက္မေခၚေတာ့ဘဲျပန္ပို႔လိုက္တာကိုၾကည့္ရင္

ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဖာရန္ေတာရက္စ္ေရာက္လာလို႔

သူ႔အေနနဲ႔ဦးစားေပးေနရာရဖို႔ မရွိေတာ့ပါဘူး။ဒါေၾကာင့္အသင္းမွာဆက္ရွိေနရင္လည္း

လစာေပးရတာသာအဖတ္တင္မွာျဖစ္လို႔ေပါင္သန္း ၁၃၀ အထိအရႈံးခံဖို႔သာ

ေ႐ြးခ်ယ္လိုက္တာပါ။

လက္ရွိမွာ ေကာ္တင္ဟိုကို စပါး၊ အာဆင္နယ္နဲ႔ အဲဗာတန္တို႔အျပင္

ကမာၻ႔အခ်မ္းသာဆုံးကလပ္ျဖစ္လာၿပီလို႔ သတ္မွတ္ထားၾကတဲ့

နယူးကာဆယ္ ကပါေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

စပါးအသင္းနည္းျပ ကြန္တီဟာ ေကာ္တင္ဟို ရဲ႕ေျခစြမ္းကို

သူကအေကာင္းဆုံးျဖစ္လာေအာင္လုပ္ႏိုင္စြမ္းရွိမယ္လို႔ ယုံၾကည္ေနတာေၾကာင့္

ဒီဘရာဇီးသားကိုေခၚယူဖို႔ ကလပ္ကိုေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။