သူတို့ကလည်း ယူနိုက်တက်အတွက် ကတိကဝတ်ပြုထားသူတွေဖြစ်လို့ ပိုင်ရှင်သစ်ကိစ္စကိုစူးစမ်းချင်စိတ်ရှိတယ်လို့ တန်ဟတ် ဖွင့်ဟလာ

ဂလေဇာမိသားစုရဲ့နောက်ဆုံးသတ်မှတ်ရက်အပြီး ယူနိုက်တက်နဲ့ပက်သတ်လို့

အပြိုင်အဆိုင်ကမ်းလှမ်းနေမှုတွေကို စူးစမ်းလိုစိတ်ရှိတယ်လို့ နည်းပြတန်ဟတ်က

ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် နယ်သာလန်သားက သူနဲ့ အသင်းသားတွေရဲ့

အလုပ်ကဘောလုံးကိုအာရုံစိုက်ဖို့ပဲဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့တာဖြစ်တယ်။

အသက် ၅၃ နှစ်အရွယ် တန်ဟတ်ဟာ လက်စတာနဲ့ပွဲမတိုင်ခင် Sky Sports

ရုပ်သံနဲ့တွေ့ဆုံမှုမှာ သူအပါအဝင် ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေနဲ့

ကစားသမားတွေဟာ ပိုင်ရှင်လောင်းတွေအပေါ်စိတ်ဝင်စားမှုရှိနေကြတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

သတင်းတွေအရတော့ ဂလေဇာတွေရဲ့ပျော့ပျောင်းတဲ့နောက်ဆုံးသတ်မှတ်ရက်မှာ

ကာတာရဲ့ ရှိတ်ဂျက်ဆင်မ်နဲ့ ဗြိတိန်အချိမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ်တို့က

လေလံဆွဲခဲ့ကြောင်းအတည်ပြုထားတာဖြစ်တယ်။ The Times သတင်းစာရဲ့

အဆိုအရတော့ အမေရိကန်ဘီလီယံနာရန်ပုံငွေအဖွဲ့အစည်း Elliott ဟာ

ယူနိုက်တက်အသင်းကိုဝယ်ယူဖို့အတွက် မယုံကြည်နိုင်လောက်စရာ

နောက်ကျကြိုးစားမှုပြုလုပ်လိမ့်မယ်လို့သိရပါတယ်။ တန်ဟတ်က “ကျွန်တော်တို့

အားလုံးဟာ ကစားသမားတွေအတွက်ရော၊ ဝန်ထမ်းတွေအတွက်ရော၊

ကျွန်တော့်အတွက်ပါ သတင်းတွေကိုလိုက်ကြည့်နေတယ်လို့ထင်တယ်။

ကျွန်တော်တို့တွေဟာ ကလပ်အတွက်ကတိကဝတ်တွေပြုထားတာကြောင့်

ဘာဖြစ်လာမလဲဆိုတာသိချင်နေကြပေမယ့် ကျွန်တော်တို့နဲ့တော့မသက်ဆိုင်ပါဘူး။

ကျွန်တော်တို့က ဘောလုံးပဲအာရုံစိုက်ရမှာပါ။ ကျွန်တော်တို့က ဒါပဲလုပ်ရမယ်၊

စွမ်းဆောင်ရမယ်၊ မှန်ကန်တဲ့ရလဒ်တွေရရမယ်၊ ကလပ်ပတ်ပတ်လည်နဲ့

ပတ်ဝန်းကျင်ရှိအရာတွေနောက်ကိုလိုက်ပြီး အာရုံပြောင်းနေလို့မရပါဘူး” လို့ ဆိုခဲ့ပါတယ်။

ဂလေဇာတွေဟာ ယူနိုက်တက်ကိုရောင်းချရာကနေ ပေါင် ၆ ဘီလီယံလိုချင်နေတာဖြစ်သလို

ဒါဟာ ၂၀၀၅ ခုနှစ်မှာ သူတို့အသင်းကိုလွှဲပြောင်းရယူခဲ့တဲ့ပမာဏရဲ့အဆ ၄၀ နီးပါးဖြစ်နေပါတယ်။

ကလပ်အသင်းအရောင်းအဝယ်ကိုကြီးကြပ်ထားတဲ့ Raine Group ကတော့

ပြီးခဲ့တဲ့သောကြာကို နောက်ဆုံးရက်သတ်မှတ်ပြီးတဲ့နောက် လုပ်ရိုးလုပ်စဉ်အတိုင်း

ဆုံးဖြတ်ချက်တွေချမှတ်သွားမှာပဲဖြစ်တယ်။

zawgyi

သူတို႔ကလည္း ယူႏိုက္တက္အတြက္ ကတိကဝတ္ျပဳထားသူေတြျဖစ္လို႔ ပိုင္ရွင္သစ္ကိစၥကိုစူးစမ္းခ်င္စိတ္ရွိတယ္လို႔ တန္ဟတ္ ဖြင့္ဟလာ

ဂေလဇာမိသားစုရဲ႕ေနာက္ဆုံးသတ္မွတ္ရက္အၿပီး ယူႏိုက္တက္နဲ႔ပက္သတ္လို႔

အၿပိဳင္အဆိုင္ကမ္းလွမ္းေနမႈေတြကို စူးစမ္းလိုစိတ္ရွိတယ္လို႔ နည္းျပတန္ဟတ္က

ေျပာဆိုလိုက္ပါတယ္။ ဒါေပမယ့္ နယ္သာလန္သားက သူနဲ႔ အသင္းသားေတြရဲ႕

အလုပ္ကေဘာလုံးကိုအာ႐ုံစိုက္ဖို႔ပဲျဖစ္တယ္လို႔ အခိုင္အမာေျပာဆိုခဲ့တာျဖစ္တယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္ တန္ဟတ္ဟာ လက္စတာနဲ႔ပြဲမတိုင္ခင္ Sky Sports

႐ုပ္သံနဲ႔ေတြ႕ဆုံမႈမွာ သူအပါအဝင္ ယူႏိုက္တက္နည္းျပအဖြဲ႕ဝင္ေတြနဲ႔

ကစားသမားေတြဟာ ပိုင္ရွင္ေလာင္းေတြအေပၚစိတ္ဝင္စားမႈရွိေနၾကတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

သတင္းေတြအရေတာ့ ဂေလဇာေတြရဲ႕ေပ်ာ့ေပ်ာင္းတဲ့ေနာက္ဆုံးသတ္မွတ္ရက္မွာ

ကာတာရဲ႕ ရွိတ္ဂ်က္ဆင္မ္နဲ႔ ၿဗိတိန္အခ်ိမ္းသာဆုံးပုဂၢိဳလ္ ဆာဂ်င္မ္ရက္ကလစ္ဖ္တို႔က

ေလလံဆြဲခဲ့ေၾကာင္းအတည္ျပဳထားတာျဖစ္တယ္။ The Times သတင္းစာရဲ႕

အဆိုအရေတာ့ အေမရိကန္ဘီလီယံနာရန္ပုံေငြအဖြဲ႕အစည္း Elliott ဟာ

ယူႏိုက္တက္အသင္းကိုဝယ္ယူဖို႔အတြက္ မယုံၾကည္ႏိုင္ေလာက္စရာ

ေနာက္က်ႀကိဳးစားမႈျပဳလုပ္လိမ့္မယ္လို႔သိရပါတယ္။ တန္ဟတ္က “ကြၽန္ေတာ္တို႔

အားလုံးဟာ ကစားသမားေတြအတြက္ေရာ၊ ဝန္ထမ္းေတြအတြက္ေရာ၊

ကြၽန္ေတာ့္အတြက္ပါ သတင္းေတြကိုလိုက္ၾကည့္ေနတယ္လို႔ထင္တယ္။

ကြၽန္ေတာ္တို႔ေတြဟာ ကလပ္အတြက္ကတိကဝတ္ေတြျပဳထားတာေၾကာင့္

ဘာျဖစ္လာမလဲဆိုတာသိခ်င္ေနၾကေပမယ့္ ကြၽန္ေတာ္တို႔နဲ႔ေတာ့မသက္ဆိုင္ပါဘူး။

ကြၽန္ေတာ္တို႔က ေဘာလုံးပဲအာ႐ုံစိုက္ရမွာပါ။ ကြၽန္ေတာ္တို႔က ဒါပဲလုပ္ရမယ္၊

စြမ္းေဆာင္ရမယ္၊ မွန္ကန္တဲ့ရလဒ္ေတြရရမယ္၊ ကလပ္ပတ္ပတ္လည္နဲ႔

ပတ္ဝန္းက်င္ရွိအရာေတြေနာက္ကိုလိုက္ၿပီး အာ႐ုံေျပာင္းေနလို႔မရပါဘူး” လို႔ ဆိုခဲ့ပါတယ္။

ဂေလဇာေတြဟာ ယူႏိုက္တက္ကိုေရာင္းခ်ရာကေန ေပါင္ ၆ ဘီလီယံလိုခ်င္ေနတာျဖစ္သလို

ဒါဟာ ၂၀၀၅ ခုႏွစ္မွာ သူတို႔အသင္းကိုလႊဲေျပာင္းရယူခဲ့တဲ့ပမာဏရဲ႕အဆ ၄၀ နီးပါးျဖစ္ေနပါတယ္။

ကလပ္အသင္းအေရာင္းအဝယ္ကိုႀကီးၾကပ္ထားတဲ့ Raine Group ကေတာ့

ၿပီးခဲ့တဲ့ေသာၾကာကို ေနာက္ဆုံးရက္သတ္မွတ္ၿပီးတဲ့ေနာက္ လုပ္႐ိုးလုပ္စဥ္အတိုင္း

ဆုံးျဖတ္ခ်က္ေတြခ်မွတ္သြားမွာပဲျဖစ္တယ္။