
သူ့ရဲ့ရိုးမားအသင်းက နော်ဝေကလပ်ဘိုဒိုဂလင့်ကို ၆-၁ ဂိုးနဲ့ အရှက်တကွဲ
ရှုံးနိမ့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ကြာသပတေးညဟာ မော်ရင်ဟိုရဲ့နည်းပြဘဝမှာ
နိမ့်ဆင်းသွားခဲ့တဲ့အမှတ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒီယူရိုပါကွန်ဖရန့်လိဂ်ပွဲစဉ်မှာ မော်ရင်ဟိုရဲ့အသင်းက အနိုင်ရဖို့ ပိုပြီး
ရေပန်းစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းရဲ့ဂိုးပြတ်သွင်းယူခြင်းကို ခံခဲ့ရတာပါ။
ပွဲပေါင်း ၁၀၀၀ ကျော်ရှိခဲ့တဲ့ မော်ရင်ဟိုရဲ့နည်းပြဘဝမှာ အခုလို တစ်ပွဲတည်း
၆ ဂိုးပေးရတာဟာ ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ သူတို့ထက်
အစစအရာရာအားနည်းတဲ့အသင်းကို ဒီလိုဂိုးပြတ်ရှုံးခဲ့တာဖြစ်လို့လည်း
မော်ရင်ဟိုတစ်ယောက် ဒေါသထွက်နေပါတယ်။
ဒါကြောင့်လည်း ပွဲအပြီးမှာ မော်ရင်ဟိုက”ဘိုဒိုဂလင့်ရဲ့ပွဲထွက် ၁၁ ယောက်က
ကျွန်တော်တို့ထက် အရည်အသွေးပိုင်း ပိုကောင်းပါတယ်။ ဒီကစားသမားတွေကိုပဲ
အမြဲတမ်းဘာကြောင့်သုံးနေတာလဲဆိုတဲ့မေးခွန်းတွေမေးတာကို အခုရပ်လို့ ရပါပြီ။
ကျွန်တော်ကတော့ ကြိုးကြီးစားစားရှိသူတွေကို အခွင့်အရေးပေးဖို့ရယ်၊ ချမ်းအေးတဲ့ရာသီဥတုအောက်မှာ
အလှည့်ကျဖြစ်ဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ခဲ့တာပါ။
တူညီတဲ့လူစားရင်းပဲ သုံးနေမယ်ဆိုရင်တော့ စွန့်စားရာကျမှာပေါ့။ ဒီအသင်းရဲ့
လုပ်နိုင်စွမ်းကန့်သက်ချက်ကို ကျွန်တော်သိပါတယ်။ အဲဒါဟာ ကျွန်တော့်အတွက်
အသစ်လည်း မဟုတ်ပါဘူး။ ကျွန်တော်က ပိုကောင်းတဲ့တုံ့ပြန်မှုကို မျှော်လင့်နေဆဲပါ။
ကျွန်တော်ပြောခဲ့သလိုပဲ သူတို့ကစားစေဖို့ ကျွန်တော်ရွေးချယ်ခဲ့တာဆိုတော့
ကျွန်တော့်တာဝန်ပါ”လို့ ပြောကြားခဲ့တာပါ။ ဒါဟာ အိုးလ်ထရက်ဖို့ဒ်မှာရှိစဉ်တုန်းက
အဲဒီပေါ်တူဂီသားနည်းပြအသုံးပြုခဲ့တဲ့ တူညီတဲ့ဆင်ခြေလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တဲ့အဝေးကွင်းပွဲတုန်းက မော်ရင်ဟိုဟာ
သူ့ချဉ်းကပ်မှုနဲ့ပတ်သက်လို့ အဲဒီလိုပဲ ပြောခဲ့ပါတယ်။
အဲဒီတုန်းက ပုံမှန်ပွဲထွက်နေကျလူကာကူဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ
အဲဒီအစား ရက်ရှ်ဖို့ဒ်နဲ့မာရှယ်တို့ဟာ မော်ရင်ဟိုလက်ထက်မှာ ရှားရှားပါးပါး
ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ သူ့အသင်းက ၁-၀ နဲ့ရှုံးနိမ့်ခဲ့တော့ မော်ရင်ဟိုဟာ
ဒီတိုက်စစ်ကစားသမားနှစ်ယောက်ကို ရည်ရွယ်အပြစ်တင်တဲ့စကားမျိုးသာ ပြောခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ မန်ယူရဲ့ပုံမှန်ပွဲထွက်စာရင်းမှာ ပါဝင်ဖို့
မထိုတ်တန်သလို သူတို့ရဲ့ခြေစွမ်းက လူကာကူထက်ယုံကြည်လို့မရတဲ့
အကြောင်းအရင်းလို့လည်း မော်ရင်ဟိုဟာ အဲဒီတုန်းက ပြောခဲ့တာပါ။
zawgyi
သူတို႔ကစားေစဖို႔ ကြၽန္ေတာ္ေ႐ြးခ်ယ္ခဲ့တာဆိုေတာ့ ကြၽန္ေတာ့္တာဝန္ပါ – ေမာ္ရင္ဟို
သူ႔ရဲ႕႐ိုးမားအသင္းက ေနာ္ေဝကလပ္ဘိုဒိုဂလင့္ကို ၆-၁ ဂိုးနဲ႔ အရွက္တကြဲ
ရႈံးနိမ့္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ၾကာသပေတးညဟာ ေမာ္ရင္ဟိုရဲ႕နည္းျပဘဝမွာ
နိမ့္ဆင္းသြားခဲ့တဲ့အမွတ္တစ္ခု ျဖစ္ခဲ့ပါတယ္။
အဲဒီယူ႐ိုပါကြန္ဖရန႔္လိဂ္ပြဲစဥ္မွာ ေမာ္ရင္ဟိုရဲ႕အသင္းက အႏိုင္ရဖို႔ ပိုၿပီး
ေရပန္းစားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အိမ္ရွင္အသင္းရဲ႕ဂိုးျပတ္သြင္းယူျခင္းကို ခံခဲ့ရတာပါ။
ပြဲေပါင္း ၁၀၀၀ ေက်ာ္ရွိခဲ့တဲ့ ေမာ္ရင္ဟိုရဲ႕နည္းျပဘဝမွာ အခုလို တစ္ပြဲတည္း
၆ ဂိုးေပးရတာဟာ ဒါပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။ သူတို႔ထက္
အစစအရာရာအားနည္းတဲ့အသင္းကို ဒီလိုဂိုးျပတ္ရႈံးခဲ့တာျဖစ္လို႔လည္း
ေမာ္ရင္ဟိုတစ္ေယာက္ ေဒါသထြက္ေနပါတယ္။
ဒါေၾကာင့္လည္း ပြဲအၿပီးမွာ ေမာ္ရင္ဟိုက”ဘိုဒိုဂလင့္ရဲ႕ပြဲထြက္ ၁၁ ေယာက္က
ကြၽန္ေတာ္တို႔ထက္ အရည္အေသြးပိုင္း ပိုေကာင္းပါတယ္။ ဒီကစားသမားေတြကိုပဲ
အၿမဲတမ္းဘာေၾကာင့္သုံးေနတာလဲဆိုတဲ့ေမးခြန္းေတြေမးတာကို အခုရပ္လို႔ ရပါၿပီ။
ကြၽန္ေတာ္ကေတာ့ ႀကိဳးႀကီးစားစားရွိသူေတြကို အခြင့္အေရးေပးဖို႔ရယ္၊ ခ်မ္းေအးတဲ့ရာသီဥတုေအာက္မွာ
အလွည့္က်ျဖစ္ဖို႔ရယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ေကာင္းေတြနဲ႔ လုပ္ခဲ့တာပါ။
တူညီတဲ့လူစားရင္းပဲ သုံးေနမယ္ဆိုရင္ေတာ့ စြန႔္စားရာက်မွာေပါ့။ ဒီအသင္းရဲ႕
လုပ္ႏိုင္စြမ္းကန႔္သက္ခ်က္ကို ကြၽန္ေတာ္သိပါတယ္။ အဲဒါဟာ ကြၽန္ေတာ့္အတြက္
အသစ္လည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္က ပိုေကာင္းတဲ့တုံ႔ျပန္မႈကို ေမွ်ာ္လင့္ေနဆဲပါ။
ကြၽန္ေတာ္ေျပာခဲ့သလိုပဲ သူတို႔ကစားေစဖို႔ ကြၽန္ေတာ္ေ႐ြးခ်ယ္ခဲ့တာဆိုေတာ့
ကြၽန္ေတာ့္တာဝန္ပါ”လို႔ ေျပာၾကားခဲ့တာပါ။ ဒါဟာ အိုးလ္ထရက္ဖို႔ဒ္မွာရွိစဥ္တုန္းက
အဲဒီေပၚတူဂီသားနည္းျပအသုံးျပဳခဲ့တဲ့ တူညီတဲ့ဆင္ေျခလည္း ျဖစ္ပါတယ္။
ဘ႐ိုက္တန္ကိုရႈံးနိမ့္ခဲ့တဲ့အေဝးကြင္းပြဲတုန္းက ေမာ္ရင္ဟိုဟာ
သူ႔ခ်ဥ္းကပ္မႈနဲ႔ပတ္သက္လို႔ အဲဒီလိုပဲ ေျပာခဲ့ပါတယ္။
အဲဒီတုန္းက ပုံမွန္ပြဲထြက္ေနက်လူကာကူဟာ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့ဘဲ
အဲဒီအစား ရက္ရွ္ဖို႔ဒ္နဲ႔မာရွယ္တို႔ဟာ ေမာ္ရင္ဟိုလက္ထက္မွာ ရွားရွားပါးပါး
ပြဲထြက္ခြင့္ရခဲ့တာပါ။ ဒါေပမဲ့ သူ႔အသင္းက ၁-၀ နဲ႔ရႈံးနိမ့္ခဲ့ေတာ့ ေမာ္ရင္ဟိုဟာ
ဒီတိုက္စစ္ကစားသမားႏွစ္ေယာက္ကို ရည္႐ြယ္အျပစ္တင္တဲ့စကားမ်ိဳးသာ ေျပာခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ မန္ယူရဲ႕ပုံမွန္ပြဲထြက္စာရင္းမွာ ပါဝင္ဖို႔
မထိုတ္တန္သလို သူတို႔ရဲ႕ေျခစြမ္းက လူကာကူထက္ယုံၾကည္လို႔မရတဲ့
အေၾကာင္းအရင္းလို႔လည္း ေမာ္ရင္ဟိုဟာ အဲဒီတုန္းက ေျပာခဲ့တာပါ။