သူငယ်ချင်းကြီးမက်ဆီထံကို အဂူရိုက ချစ်စဖွယ်မက်ဆေ့ချ်လေးပေးပို့ခဲ့တယ်

မန်စီးတီးတိုက်စစ်မှူးဟောင်းအဂူရိုဟာ ငယ်သူငယ်ချင်းမက်ဆီနဲ့ အာဂျင်တီးနားအသင်းကို နောက်ကွယ်ကနေ အစွမ်းကုန်အားပေးနေခဲ့ပါတယ်။ မက္ကဆီကိုနဲ့ပွဲစဉ်အပြီး သူ့ရဲ့အင်စတာဂရမ်မှာ

လက်ရွေးစင်အသင်းရဲ့နိုင်ပွဲနဲ့ပတ်သတ်ပြီး ဂုဏ်ယူကြောင်းရေးသားခဲ့သလို မက်ဆီရဲ့ထောင်နဲ့ချီတဲ့ နောက်လိုက်တွေထဲမှာ ပရိသတ်တစ်ယောက်အဖြစ်ပါဝင်ပြီး သူ့ရဲ့သူငယ်ချင်းကို

ချစ်စဖွယ်မက်ဆေ့ချ်နဲ့တုံ့ပြန်သွားခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေကိုအသက်သွင်းပေးခဲ့ပြီးနောက် သူ့ရဲ့အပျော်တွေကိုလူမူကွန်ယက်မှာမျှဝေသွားခဲ့ပါတယ်။

“ဒီနေ့နိုင်ပွဲရခဲ့ပြီ ငါတို့လုပ်နိုင်ခဲ့တယ်။ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်ဖိုင်နယ်ပွဲစဉ်တစ်ပွဲအတွက် အတူတူဆက်လက်တိုက်ပွဲဝင်ကြမယ်…အာဂျင်တီးနားရေ သွားကြရအောင်” လို့ မက်ဆီက

သူ့ရဲ့အင်စတာဂရမ်မှာမျှဝေသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အဂူရိုက ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ နောက်လိုက်ပရိသတ်တစ်ယောက်အနေနဲ့ “ဒါပေမဲ့ ငါ့အသံတိတ်နေတယ်။

သူငယ်ချင်းကြီးရေ…မင်းကိုငါချစ်တယ်” လို့ တုံ့ပြန်ရေးသားသွားခဲ့ပါတယ်။ မက်ဆီနဲ့ အဂူရိုတို့ဟာ ငယ်စဉ်ကတည်းကသူငယ်ချင်းတွေအဖြစ်ရှိခဲ့ကြတာဖြစ်ပြီး

လက်ရွေးစင်အသင်းအတွက် ပူးပေါင်းစဉ်ကာလတစ်လျှောက်လုံးမှာ အခန်းဖော်တွေအဖြစ်နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ ကာတာကမ္ဘာ့ဖလားမှာ အဂူရိုမပါဝင်တော့တဲ့အတွက်

မက်ဆီဟာ ပထမဆုံးအကြိမ်အဖြစ်အခန်းထဲမှာ တစ်ယောက်တည်းဖြတ်သန်းနေရတာဖြစ်တယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ၁၆ သင်းအဆင့်အတွက်အဆုံးအဖြတ်ပွဲစဉ်အဖြစ်

လီဝန်ဒေါစကီးရဲ့ ပိုလန်နဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်တယ်။

(Zawgyi)

သူငယ္ခ်င္းႀကီးမက္ဆီထံကို အဂူ႐ိုက ခ်စ္စဖြယ္မက္ေဆ့ခ်္ေလးေပးပို႔ခဲ့တယ္

မန္စီးတီးတိုက္စစ္မႉးေဟာင္းအဂူ႐ိုဟာ ငယ္သူငယ္ခ်င္းမက္ဆီနဲ႔ အာဂ်င္တီးနားအသင္းကို ေနာက္ကြယ္ကေနအစြမ္းကုန္အားေပးေနခဲ့ပါတယ္။ မကၠဆီကိုနဲ႔ပြဲစဥ္အၿပီး သူ႔ရဲ႕အင္စတာဂရမ္မွာ

လက္ေ႐ြးစင္အသင္းရဲ႕ႏိုင္ပြဲနဲ႔ပတ္သတ္ၿပီး ဂုဏ္ယူေၾကာင္းေရးသားခဲ့သလို မက္ဆီရဲ႕ေထာင္နဲ႔ခ်ီတဲ့ေနာက္လိုက္ေတြထဲမွာ ပရိသတ္တစ္ေယာက္အျဖစ္ပါဝင္ၿပီး သူ႔ရဲ႕သူငယ္ခ်င္းကို

ခ်စ္စဖြယ္မက္ေဆ့ခ်္နဲ႔တုံ႔ျပန္သြားခဲ့ပါတယ္။ မက္ဆီဟာ အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္ေတြကိုအသက္သြင္းေပးခဲ့ၿပီးေနာက္ သူ႔ရဲ႕အေပ်ာ္ေတြကိုလူမူကြန္ယက္မွာမွ်ေဝသြားခဲ့ပါတယ္။

“ဒီေန႔ႏိုင္ပြဲရခဲ့ၿပီ ငါတို႔လုပ္ႏိုင္ခဲ့တယ္။ ဗုဒၶဟူးေန႔မွာ ေနာက္ထပ္ဖိုင္နယ္ပြဲစဥ္တစ္ပြဲအတြက္ အတူတူဆက္လက္တိုက္ပြဲဝင္ၾကမယ္…အာဂ်င္တီးနားေရ သြားၾကရေအာင္” လို႔ မက္ဆီက သူ႔ရဲ႕အင္စတာဂရမ္မွာမွ်ေဝသြားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ အဂူ႐ိုက ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ေနာက္လိုက္ပရိသတ္တစ္ေယာက္အေနနဲ႔ “ဒါေပမဲ့ ငါ့အသံတိတ္ေနတယ္။ သူငယ္ခ်င္းႀကီးေရ…မင္းကိုငါခ်စ္တယ္” လို႔ တုံ႔ျပန္ေရးသားသြားခဲ့ပါတယ္။

မက္ဆီနဲ႔ အဂူ႐ိုတို႔ဟာ ငယ္စဥ္ကတည္းကသူငယ္ခ်င္းေတြအျဖစ္ရွိခဲ့ၾကတာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ပူးေပါင္းစဥ္ကာလတစ္ေလွ်ာက္လုံးမွာ အခန္းေဖာ္ေတြအျဖစ္ေနထိုင္ခဲ့တာပါ။

ဒါေပမဲ့ ကာတာကမာၻ႔ဖလားမွာ အဂူ႐ိုမပါဝင္ေတာ့တဲ့အတြက္ မက္ဆီဟာ ပထမဆုံးအႀကိမ္အျဖစ္အခန္းထဲမွာ တစ္ေယာက္တည္းျဖတ္သန္းေနရတာျဖစ္တယ္။ မက္ဆီရဲ႕

အာဂ်င္တီးနားအသင္းဟာ ၁၆ သင္းအဆင့္အတြက္အဆုံးအျဖတ္ပြဲစဥ္အျဖစ္ လီဝန္ေဒါစကီးရဲ႕ ပိုလန္နဲ႔ထိပ္တိုက္ရင္ဆိုင္ရမွာျဖစ္တယ္။