သူခွင့်ယူခဲ့တယ်ဆိုတဲ့ နည်းပြရန်းနစ်ရဲ့ပြောကြားမှုကို ငြင်းဆန်လိုက်တဲ့ လင်ဂတ်

မန်ယူကနေ သူမပြောင်းခဲ့ရတာနဲ့ပတ်သက်တဲ့စိတ်ပျက်မှုကို ဖြေဖျောက်ဖို့အတွက်

အသင်းကနေ သူခွင့်ယူခဲ့တယ်ဆိုတဲ့ နည်းပြရန်းနစ်ရဲ့ပြောကြားမှုကို

ကွင်းလယ်လူလင်ဂတ်က ငြင်းဆန်လိုက်ပါတယ်။

အဲဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မန်ယူကနေ

အငှားထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ

သူ့ကို လက်လွှတ်ဖို့ ယူနိုက်တက် ငြင်းဆိုခဲ့ပါတယ်။

ရန်းနစ်က လင်ဂတ်ရဲ့ထွက်ခွာမှုကို သဘောတူညီခဲ့တဲ့ကြားက

မန်ယူက ထွက်ခွင့်မပြုခဲ့တာပါ။

ဒါပေမဲ့ လင်ဂတ်က သောကြာညကစားမယ့် မစ်ဒယ်ဘရော့နဲ့

အက်ဖ်အေဖလားပွဲစဉ်မှာ သူမပါနိုင်တာဟာ

ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေကြောင့်လည်း ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် သူမပါနိုင်တာနဲ့ပတ်သက်လို့ အမှန်မပြောခဲ့တဲ့

ယာယီနည်းပြရန်းနစ်ကိုလည်း ပြစ်တင်ခဲ့ပါတယ်။

”ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေကြောင့်

ခဏအနားယူလိုက်လို့ ကလပ်က ကျွန်တော့်ကို ပြောခဲ့တာပါ။

ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာတော့ ရှင်းရှင်းလင်းလင်းရှိပါတယ်။

ကျွန်တော်ဟာ အမြဲတမ်းပရော်ဖက်ရှင်နယ်ဆန်မှာဖြစ်ပြီး

ကစားခိုင်းတဲ့အချိန်တိုင်းမှာ ရာနှုန်းပြည့်ပေးဆပ်သွားမှာပါ”လို့

လင်ဂတ်က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။

ပြီးဆုံးသွားခဲ့တာ မကြာသေးတဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ

လင်ဂတ်ကို အငှားခေါ်ဖို့အတွက် ဝက်စ်ဟမ်းနဲ့နယူးကာဆယ်တို့က

စိတ်ဝင်စားခဲ့ကြပါတယ်။

ကစားသမားကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ ၉ ပွဲသာ

ကစားခွင့်ရထားလို့ ပွဲကစားချိန်ပိုလိုချင်နေတာပါ။

ဒါပေမဲ့ ဂရင်းဝုဒ်ဖမ်းဆီးခံလိုက်ရတဲ့အတွက် မန်ယူဟာ

လင်ဂတ်ကို ထွက်ခွာခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

လင်ဂတ်ဟာ ရန်းနစ်လိမ်ညာတယ်လို့ ပြောဆိုတဲ့တစ်ယောက်တည်းသော

ကစားသမားမဟုတ်ဘဲ မာရှယ်ဟာလည်း ဆီဗီလာကို အငှားမပြောင်းခင်

ရန်းနစ်ပြောတာမဟုတ်ဘူးလို့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ဖူးပါတယ်။

zawgyi

သူခြင့္ယူခဲ့တယ္ဆိုတဲ့ နည္းျပရန္းနစ္ရဲ႕ေျပာၾကားမႈကို ျငင္းဆန္လိုက္တဲ့ လင္ဂတ္

အမွန္မေျပာရေကာင္းလားဆိုၿပီး ရန္းနစ္ကိုရည္႐ြယ္တဲ့ဖြင့္ဟမႈ လင္ဂတ္ျပဳလုပ္

မန္ယူကေန သူမေျပာင္းခဲ့ရတာနဲ႔ပတ္သက္တဲ့စိတ္ပ်က္မႈကို ေျဖေဖ်ာက္ဖို႔အတြက္

အသင္းကေန သူခြင့္ယူခဲ့တယ္ဆိုတဲ့ နည္းျပရန္းနစ္ရဲ႕ေျပာၾကားမႈကို

ကြင္းလယ္လူလင္ဂတ္က ျငင္းဆန္လိုက္ပါတယ္။

အဲဒီအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ မန္ယူကေန

အငွားထြက္ခြာခြင့္ေတာင္းဆိုခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ

သူ႔ကို လက္လႊတ္ဖို႔ ယူႏိုက္တက္ ျငင္းဆိုခဲ့ပါတယ္။

ရန္းနစ္က လင္ဂတ္ရဲ႕ထြက္ခြာမႈကို သေဘာတူညီခဲ့တဲ့ၾကားက

မန္ယူက ထြက္ခြင့္မျပဳခဲ့တာပါ။

ဒါေပမဲ့ လင္ဂတ္က ေသာၾကာညကစားမယ့္ မစ္ဒယ္ဘေရာ့နဲ႔

အက္ဖ္ေအဖလားပြဲစဥ္မွာ သူမပါႏိုင္တာဟာ

ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေတြေၾကာင့္လည္း ဝန္ခံခဲ့ပါတယ္။

ဒါ့အျပင္ သူမပါႏိုင္တာနဲ႔ပတ္သက္လို႔ အမွန္မေျပာခဲ့တဲ့

ယာယီနည္းျပရန္းနစ္ကိုလည္း ျပစ္တင္ခဲ့ပါတယ္။

”ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေတြေၾကာင့္

ခဏအနားယူလိုက္လို႔ ကလပ္က ကြၽန္ေတာ့္ကို ေျပာခဲ့တာပါ။

ဒါေပမဲ့ ကြၽန္ေတာ့္ေခါင္းထဲမွာေတာ့ ရွင္းရွင္းလင္းလင္းရွိပါတယ္။

ကြၽန္ေတာ္ဟာ အၿမဲတမ္းပေရာ္ဖက္ရွင္နယ္ဆန္မွာျဖစ္ၿပီး

ကစားခိုင္းတဲ့အခ်ိန္တိုင္းမွာ ရာႏႈန္းျပည့္ေပးဆပ္သြားမွာပါ”လို႔

လင္ဂတ္က ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။

ၿပီးဆုံးသြားခဲ့တာ မၾကာေသးတဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ

လင္ဂတ္ကို အငွားေခၚဖို႔အတြက္ ဝက္စ္ဟမ္းနဲ႔နယူးကာဆယ္တို႔က

စိတ္ဝင္စားခဲ့ၾကပါတယ္။

ကစားသမားကလည္း ဒီရာသီပရီးမီးယားလိဂ္မွာ ၉ ပြဲသာ

ကစားခြင့္ရထားလို႔ ပြဲကစားခ်ိန္ပိုလိုခ်င္ေနတာပါ။

ဒါေပမဲ့ ဂရင္းဝုဒ္ဖမ္းဆီးခံလိုက္ရတဲ့အတြက္ မန္ယူဟာ

လင္ဂတ္ကို ထြက္ခြာခြင့္ျပဳဖို႔ ျငင္းဆန္ခဲ့ပါတယ္။

လင္ဂတ္ဟာ ရန္းနစ္လိမ္ညာတယ္လို႔ ေျပာဆိုတဲ့တစ္ေယာက္တည္းေသာ

ကစားသမားမဟုတ္ဘဲ မာရွယ္ဟာလည္း ဆီဗီလာကို အငွားမေျပာင္းခင္

ရန္းနစ္ေျပာတာမဟုတ္ဘူးလို႔ ဆိုရွယ္မီဒီယာမွာ တင္ခဲ့ဖူးပါတယ္။