သူချစ်မြတ်နိုးရတဲ့ အဲဗာတန်အသင်းက နည်းပြအဖြစ်မကမ်းလှမ်းခဲ့ဘူးလို့ ဝိန်းရွန်နေး ဖွင့်ဟလာ

အဲဗာတန်အသင်းဟာ ရှောင်ဒိုင်ချီကိုနည်းပြအဖြစ်မခန့်အပ်ခင်မှာ

သူ့ကိုအဆက်အသွယ်မလုပ်ခဲ့ဘူးလို့ DC ယူနိုက်တက်နည်းပြ

ဝိန်းရွန်နေးက ဖွင့်ဟလိုက်ပါတယ်။ ရွန်နေးဟာ အသက် ၉ နှစ်

အရွယ်မှာ အဲဗာတန်အကယ်ဒမီကိုရောက်လာခဲ့သူဖြစ်ပြီး

၁၆ နှစ်အရွယ်မှာတော့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်တယ်။

အိုးလ်ထရက်ဖို့ဒ်ကိုမပြောင်းခင်မှာ အဲဗာတန်နဲ့ ၂ရာသီကြာ

ဖြတ်သန်းခဲ့သလို ယူနိုက်တက်နဲ့အတူကြယ်ပွင့်ဖြစ်လာပြီးနောက်

၂၀၁၇ မှာ ဂွတ်ဒီဆင်ပါ့ခ်ကိုကစားသမားဘဝနဲ့ တကျော့ပြန်

အခြေချခဲ့ပါတယ်။ The Washington Post ရဲ့ဖော်ပြချက်မှာတော့

ရွန်နေးက “ဒါက ကျွန်တော်ကြီးပြင်းလာခဲ့တဲ့အသင်နဲ့

ချစ်မြတ်နိုးရတဲ့အသင်းပါ။ သူတို့ဟာ ကလပ်ရဲ့သမိုင်းမှာ

အလွန်ခက်ခဲတဲ့ကာလတစ်ခုကိုဖြတ်သန်းနေရပြီး

ပြောင်းလဲပစ်နိုင်မယ်လို့တော့ခံစားမိပါတယ်။

ရှောင်ဒိုင်ချီက အတွေ့အကြုံကြွယ်ဝသူပါ။ ဒီနေရာမှာတော့

အမြဲတမ်းအတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက်လိုအပ်နေပါတယ်” လို့

ပြောဆိုခဲ့ပါတယ်။ ရှောင်ဒိုင်ချီဟာ ဘန်လေအသင်းကို

၁၀နှစ်ကြာတာဝန်ယူခဲ့သလို ပြီးခဲ့တဲ့နွေရာသီမှာတော့

ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်။ အဲဗာတန်အနေနဲ့ကတော့

၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်း

အန္တရာယ်ကလွတ်ဖို့အတွက် ရှောင်ဒိုင်ချီကို ၂နှစ်ခွဲစာချုပ်နဲ့

ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တော်ဖီတွေဟာ ဒီရာသီမှာ

၁၅ မှတ်သာရထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့

အဆင့် ၁၉ နေရာမှာရပ်တည်ခဲ့ရတဲ့နောက် နည်းပြ

လမ်းပတ်ကို ရာထူးကနေဖယ်ရှားခဲ့တာဖြစ်တယ်။

zawgyi

သူခ်စ္ျမတ္ႏိုးရတဲ့ အဲဗာတန္အသင္းက နည္းျပအျဖစ္မကမ္းလွမ္းခဲ့ဘူးလို႔ ဝိန္း႐ြန္ေနး ဖြင့္ဟလာ

အဲဗာတန္အသင္းဟာ ေရွာင္ဒိုင္ခ်ီကိုနည္းျပအျဖစ္မခန႔္အပ္ခင္မွာ

သူ႔ကိုအဆက္အသြယ္မလုပ္ခဲ့ဘူးလို႔ DC ယူႏိုက္တက္နည္းျပ

ဝိန္း႐ြန္ေနးက ဖြင့္ဟလိုက္ပါတယ္။ ႐ြန္ေနးဟာ အသက္ ၉ ႏွစ္

အ႐ြယ္မွာ အဲဗာတန္အကယ္ဒမီကိုေရာက္လာခဲ့သူျဖစ္ၿပီး

၁၆ ႏွစ္အ႐ြယ္မွာေတာ့ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူျဖစ္တယ္။

အိုးလ္ထရက္ဖို႔ဒ္ကိုမေျပာင္းခင္မွာ အဲဗာတန္နဲ႔ ၂ရာသီၾကာ

ျဖတ္သန္းခဲ့သလို ယူႏိုက္တက္နဲ႔အတူၾကယ္ပြင့္ျဖစ္လာၿပီးေနာက္

၂၀၁၇ မွာ ဂြတ္ဒီဆင္ပါ့ခ္ကိုကစားသမားဘဝနဲ႔ တေက်ာ့ျပန္

အေျခခ်ခဲ့ပါတယ္။ The Washington Post ရဲ႕ေဖာ္ျပခ်က္မွာေတာ့

႐ြန္ေနးက “ဒါက ကြၽန္ေတာ္ႀကီးျပင္းလာခဲ့တဲ့အသင္နဲ႔

ခ်စ္ျမတ္ႏိုးရတဲ့အသင္းပါ။ သူတို႔ဟာ ကလပ္ရဲ႕သမိုင္းမွာ

အလြန္ခက္ခဲတဲ့ကာလတစ္ခုကိုျဖတ္သန္းေနရၿပီး

ေျပာင္းလဲပစ္ႏိုင္မယ္လို႔ေတာ့ခံစားမိပါတယ္။

ေရွာင္ဒိုင္ခ်ီက အေတြ႕အႀကဳံႂကြယ္ဝသူပါ။ ဒီေနရာမွာေတာ့

အၿမဲတမ္းအေတြ႕အႀကဳံရွိတဲ့ နည္းျပတစ္ေယာက္လိုအပ္ေနပါတယ္” လို႔

ေျပာဆိုခဲ့ပါတယ္။ ေရွာင္ဒိုင္ခ်ီဟာ ဘန္ေလအသင္းကို

၁၀ႏွစ္ၾကာတာဝန္ယူခဲ့သလို ၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့

ထုတ္ပယ္ခံလိုက္ရတာျဖစ္တယ္။ အဲဗာတန္အေနနဲ႔ကေတာ့

၁၉၅၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ တန္းဆင္း

အႏၲရာယ္ကလြတ္ဖို႔အတြက္ ေရွာင္ဒိုင္ခ်ီကို ၂ႏွစ္ခြဲစာခ်ဳပ္နဲ႔

ေခၚယူခဲ့တာျဖစ္ပါတယ္။ ေတာ္ဖီေတြဟာ ဒီရာသီမွာ

၁၅ မွတ္သာရထားၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕

အဆင့္ ၁၉ ေနရာမွာရပ္တည္ခဲ့ရတဲ့ေနာက္ နည္းျပ

လမ္းပတ္ကို ရာထူးကေနဖယ္ရွားခဲ့တာျဖစ္တယ္။