သူကိုယ်တိုင် ဂိုးသွင်းသလိုမျိုး အောင်ပွဲခံခဲ့တဲ့ စီရော်နယ်ဒိုကြောင့် လိုင်းပေါ်မှာ လူပြောများနေ

ပေါ်တူဂီက ဥရုဂွေးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းခေါင်း ဆောင် စီရော်နယ်ဒိုတစ်ယောက် အသင်းအတွက် ဦးဆောင်ဂိုးနဲ့ပတ်သက် ပြီး အောင်ပွဲခံတာကို ဘောလုံးပရိသတ်တချို့

အမြင်မကြည်လင်ဘဲ ဖြစ်နေ ကြပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်တွေမှာ ဥရုဂွေးက ဦးဆောင်ဂိုးသွင်းခွင့် တွေရှိခဲ့ပေမဲ့ တကယ်တမ်း ဂိုးသွင်းသွားခဲ့တာကတော့ ပေါ်တူဂီဖြစ်ပြီး ပွဲချိန် ၅၄ မိနစ်မှာ

ဖာနန်ဒက်စ်က ကွင်းရဲ့ ဘယ်ခြမ်းကနေပြီး ဂိုးရှေ့ကို လှလှပပ ဖြတ်တင်ပေးခဲ့တာပါ။ ဒီဖြတ်တင်ဘောကို စီရော်နယ်ဒိုက ပြေးထွက်ပြီး ခေါင်းတိုက်ပြီး ဂိုးသွင်းယူသွားခဲ့ပါတယ်။ အဲဒီနောက်

မန်ယူတိုက်စစ်မှူး ဟောင်းဟာ ကွင်းနောက်ဘက်ကို ပြေးထွက်သွားပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်း အကြာမှာတော့ ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုရဲ့ သွင်းဂိုးမဟုတ်ဘဲ ဖာနန်ဒက်စ်ရဲ့

သွင်းဂိုးဖြစ်တယ်ဆိုပြီး ပွဲအစီအစဉ် ကြေညာသူက ကြေ ညာပေးခဲ့ပါတယ်။ ဒါကြောင့် ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုနဲ့ ထိမိလား၊ မထိမိ ဘူးလားဆိုတာလည်း လူတွေက ဂဃနဏ မသိခဲ့ကြပါဘူး။

ဒါပေမဲ့ ရုပ်သံ အနှေးပြကွက်နေတွဲပ ဗီဒီယိုဖိုင်တွေကို ပြန်ပြီး မြင်တွေ့ခဲ့ကြရတဲ့ နောက်မှာတော့ စီရော်နယ်ဒိုရဲ့ ခေါင်းဟာ ဘောလုံးနဲ့ လုံးဝကို မထိခဲ့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရတယ်။

ဒါကြောင့် သိသိကြီးနဲ့ အောင်ပွဲခံသွားခဲ့တဲ့ စီရော်နယ်ဒိုကို ပရိသတ်တချို့ အမြင်မကြည်ခဲ့ကြသလို အထူးသဖြင့် ဥရုဂွေး ပရိသတ်တွေက လိုင်းပေါ်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။ ‘’စီရော်နယ်ဒိုနဲ့

လုံးလုံးလျားလျားကို ထိတောင် မထိလိုက်ပါဘူးကွာ။ အဲဒါက ဘရူနိုရဲ့ ဂိုးပါ။ ပြေးထွက်သွားပြီး အောင်ပွဲခံနေတာကတော့ စိတ်ပျက်စရာပဲ’’ လို့ ပရိ သတ်တစ်ယောက်က တွစ်တာမှာရေးသားခဲ့ပါတယ်။

ဒုတိယ တစ်ယောက် ကတော့ ‘’ရော်နယ်ဒိုက ဘောလုံးကို မထိခဲ့ပါဘူးဟ’’ လို့ ရေးသားခဲ့ပါတယ်။ တတိယ တစ်ယောက်ကလည်း ‘’ငါ့ကောင် ငဒိုကလည်းကွာ ဘောလုံး တောင် မထိပါဘူးဟ။

သူက မက်ဆီရဲ့ သွင်းဂိုးကို ကမ္ဘာ့ဖလားမှာ ကျော်ပြချင်လို့ လုပ်နေတာ’’ လို့ ရေးသားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ပေါ်တူဂီဟာ ၂ ပွဲ ကစားပြီးချိန် ၆ မှတ်ရခဲ့တာဖြစ်လို့ ကမ္ဘာ့ဖလား ၁၆ သင်း

အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

(Zawgyi)

သူကိုယ္တိုင္ ဂိုးသြင္းသလိုမ်ိဳး ေအာင္ပြဲခံခဲ့တဲ့ စီေရာ္နယ္ဒိုေၾကာင့္ လိုင္းေပၚမွာ လူေျပာမ်ားေန

ေပၚတူဂီက ဥ႐ုေဂြးကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီ အသင္းေခါင္း ေဆာင္ စီေရာ္နယ္ဒိုတစ္ေယာက္ အသင္းအတြက္ ဦးေဆာင္ဂိုးနဲ႔ပတ္သက္ ၿပီး ေအာင္ပြဲခံတာကို

ေဘာလုံးပရိသတ္တခ်ိဳ႕ အျမင္မၾကည္လင္ဘဲ ျဖစ္ေန ၾကပါတယ္။ ဒီပြဲစဥ္ရဲ႕ ပထမပိုင္း ပြဲခ်ိန္ေတြမွာ ဥ႐ုေဂြးက ဦးေဆာင္ဂိုးသြင္းခြင့္ ေတြရွိခဲ့ေပမဲ့ တကယ္တမ္း ဂိုးသြင္းသြားခဲ့တာကေတာ့

ေပၚတူဂီျဖစ္ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ ဖာနန္ဒက္စ္က ကြင္းရဲ႕ ဘယ္ျခမ္းကေနၿပီး ဂိုးေရွ႕ကို လွလွပပ ျဖတ္တင္ေပးခဲ့တာပါ။ ဒီျဖတ္တင္ေဘာကို စီေရာ္နယ္ဒိုက ေျပးထြက္ၿပီး ေခါင္းတိုက္ၿပီး

ဂိုးသြင္းယူသြားခဲ့ပါတယ္။ အဲဒီေနာက္ မန္ယူတိုက္စစ္မႉး ေဟာင္းဟာ ကြင္းေနာက္ဘက္ကို ေျပးထြက္သြားၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ ဒါေပမဲ့ မိနစ္ပိုင္း အၾကာမွာေတာ့ ဒီသြင္းဂိုးဟာ

စီေရာ္နယ္ဒိုရဲ႕ သြင္းဂိုးမဟုတ္ ဘဲ ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးျဖစ္တယ္ဆိုၿပီး ပြဲအစီအစဥ္ ေၾကညာသူက ေၾက ညာေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဒီသြင္းဂိုးဟာ စီေရာ္နယ္ဒိုနဲ႔ ထိမိလား၊

မထိမိ ဘူးလားဆိုတာလည္း လူေတြက ဂဃနဏ မသိခဲ့ၾကပါဘူး။ ဒါေပမဲ့ ႐ုပ္သံ အေႏွးျပကြက္ေနတြဲပ ဗီဒီယိုဖိုင္ေတြကို ျပန္ၿပီး ျမင္ေတြ႕ခဲ့ၾကရတဲ့ ေနာက္မွာ ေတာ့

စီေရာ္နယ္ဒိုရဲ႕ ေခါင္းဟာ ေဘာလုံးနဲ႔ လုံးဝကို မထိခဲ့ဘူးဆိုတာ ရွင္း ရွင္းလင္းလင္း ေတြ႕ခဲ့ရတယ္။ ဒါေၾကာင့္ သိသိႀကီးနဲ႔ ေအာင္ပြဲခံသြားခဲ့တဲ့ စီေရာ္နယ္ဒိုကို

ပရိသတ္တခ်ိဳ႕ အျမင္မၾကည္ခဲ့ၾကသလို အထူးသျဖင့္ ဥ႐ု ေဂြး ပရိသတ္ေတြက လိုင္းေပၚမွာ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ‘’စီေရာ္နယ္ဒို နဲ႔ လုံးလုံးလ်ားလ်ားကို ထိေတာင္

မထိလိုက္ပါဘူးကြာ။ အဲဒါက ဘ႐ူႏိုရဲ႕ ဂိုး ပါ။ ေျပးထြက္သြားၿပီး ေအာင္ပြဲခံေနတာကေတာ့ စိတ္ပ်က္စရာပဲ’’ လို႔ ပရိ သတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ ကေတာ့ ‘’ေရာ္နယ္ဒိုက ေဘာလုံးကို မထိခဲ့ပါဘူးဟ’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယ တစ္ေယာက္ကလည္း ‘’ငါ့ေကာင္ ငဒိုကလည္းကြာ

ေဘာလုံး ေတာင္ မထိပါဘူးဟ။ သူက မက္ဆီရဲ႕ သြင္းဂိုးကို ကမာၻ႔ဖလားမွာ ေက်ာ္ျပခ်င္လို႔ လုပ္ေနတာ’’ လို႔ ေရးသားခဲ့ပါတယ္။ ဒီပြဲစဥ္မွာ အႏိုင္ရခဲ့တဲ့ ေပၚတူဂီဟာ ၂ ပြဲ

ကစားၿပီးခ်ိန္ ၆ မွတ္ရခဲ့တာျဖစ္လို႔ ကမာၻ႔ဖလား ၁၆ သင္း အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။