သုညဘ၀ကစခဲ့တဲ့ အာဆင်နယ်သာချန်ပီယံဖြစ်ခဲ့ရင် ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံး အောင်မြင်မှုတွေထဲကတစ်ခုဖြစ်လာလိမ့်မယ်

လက်ရှိမှာ ဒုတိယနေရာကမန်စီးတီးကို ၂ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်အနေနဲ့ရာသီကုန်မှာ ဆုဖလားရခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်သမိုင်းမှာအကြီးကျယ်ဆုံးအောင်

မြင်မှုတွေထဲကတစ်ခုဖြစ်လာလိမ့်မယ်လို့ TalkSPORT ရဲ့ အန်ဒီဂိုးစတိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာဆိုးရွားတဲ့ရာသီစတင်မှုနဲ့အတူ

အဆင့် ၅နေရာမှာ ရာသီသိမ်းခဲ့ပေမဲ့ ဒီရာသီမှာတော့ သူမတူတဲ့ခြေစွမ်းပြသနေတာဖြစ်တယ်။ ဒါဟာ ဂန်းနားတွေအတွက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ရင်ခုန်သံတွေ

ပြန်လည်နိုးထလာတယ်လို့ ဆိုရမှာပါ။ အန်ဒီဂိုးစတိန်းကတော့ အာဆင်နယ်ဟာ စူပါစတားတွေရှိနေတဲ့ မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာပရီးမီးယားလိဂ်သမိုင်းအတွက်

အဖိုးမဖြတ်နိုင်တဲ့လုပ်ဆောင်ချက်တစ်ရပ်လို့ သုံးသပ်လိုက်ပါတယ်။ “ဒီနေရာမှာတော့ ငါ့ကိုပစ်မချလိုက်ပါနဲ့။ ပြီးခဲ့တဲ့ရာသီအစ ၃ပွဲ ကစားပြီးချိန်မှာ သူတို့ဘယ်ရောက်နေလဲပြန်ကြည့်လိုက်ပါ၊

၃ပွဲကစားပြီး သူညနဲ့ဇယားအောက်ဆုံးမှာရှိခဲ့တယ်၊ တကယ်လို့ ဒီရာသီမှာသူတို့ပရီးမီးယားလိဂ် ဖလားရမယ်ဆိုရင်တော့ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာအကြီးကျယ်ဆုံးအောင်

မြင်မှုတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်” လို့ အန်ဒီဂိုးစတိန်းက သုံးသပ်လိုက်ပါ တယ်။ ချန်ပီယံဆုအတွက် ဂန်းနားတွေရဲ့ အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာနဲ့ပတ် သတ်လို့ ဂိုးစတိန်းက

“ဘာကြောင့်လဲဆိုတာ ပြောပြမယ်။ မင်းမှာအပြေးသမားတစ်ယောက်ဖြစ်တဲ့ မန်စီးတီးရှိနေတယ်၊ သူတို့ဟာလန်းကိုထပ်ပေါင်းထည့်နိုင်ခဲ့တယ်။ ဝိုး…သူသာကြံ့ခိုင်မှုပြန်ပြည့်လာရင်

မန်စီးတီးကိုဘယ်လိုတားမလဲ။ မင်းမှာ လီဗာပူးလည်းရှိသေးတယ်။ အခုအချိန်မှာ လီဗာပူးကဘာမှမလုပ်နိုင်သေးပေမဲ့ အကြီးကျယ်ဆုံးနှစ်သင်းအကြောင်းပြောတဲ့နေရာမှာ

မန်စီးတီးနဲ့အတူ လီဗာပူးကို ထည့်သွင်းရပါလိမ့်မယ်။ အာဆင်နယ်ကိုမကောင်းပြောတာမဟုတ်ပါဘူး၊ ဒီစကားဝိုင်းထဲမှာ သူတို့အကြောင်းပါနှင့်ပြီးသားပါ။

မန်စီးတီးနဲ့ လီဗာပူးထက်ခေါင်း တစ်လုံးအသာနဲ့ ချန်ပီယံဖြစ်ခဲ့ရင် ဒါဟာသမိုင်းကြောင်းမှာအကြီးကျယ်ဆုံးတွေထဲ ကတစ်ခုလို့ ယုံကြည်နေတာပါ” လို့ ဆက်ပြောခဲ့ပါတယ်။

(Zawgyi)

သုညဘ၀ကစခဲ့တဲ့ အာဆင္နယ္သာခ်န္ပီယံျဖစ္ခဲ့ရင္ ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးက်ယ္ဆုံး ေအာင္ျမင္မႈေတြထဲကတစ္ခုျဖစ္လာလိမ့္မယ္

လက္ရွိမွာ ဒုတိယေနရာကမန္စီးတီးကို ၂ မွတ္ျဖတ္ထားတဲ့ အာဆင္နယ္အေနနဲ႔ရာသီကုန္မွာ ဆုဖလားရခဲ့မယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ

အႀကီးက်ယ္ဆုံးေအာင္ ျမင္မႈေတြထဲကတစ္ခုျဖစ္လာလိမ့္မယ္လို႔ TalkSPORT ရဲ႕ အန္ဒီဂိုးစတိန္းက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာဆိုး႐ြားတဲ့ရာသီစတင္မႈနဲ႔အတူ အဆင့္ ၅ေနရာမွာ ရာသီသိမ္းခဲ့ေပမဲ့ ဒီရာသီမွာေတာ့

သူမတူတဲ့ေျခစြမ္းျပသေနတာျဖစ္တယ္။ ဒါဟာ ဂန္းနားေတြအတြက္ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးပရီးမီးယားလိဂ္ရင္ခုန္သံေတြ ျပန္လည္ႏိုးထလာတယ္လို႔ ဆိုရမွာပါ။

အန္ဒီဂိုးစတိန္းကေတာ့ အာဆင္နယ္ဟာ စူပါစတားေတြရွိေနတဲ့ မန္စီးတီးကိုေက်ာ္ျဖတ္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဒါဟာပရီးမီးယားလိဂ္သမိုင္းအတြက္အဖိုးမျဖတ္ႏိုင္တဲ့လုပ္ေဆာင္ခ်က္တစ္ရပ္လို႔

သုံးသပ္လိုက္ပါတယ္။ “ဒီေနရာမွာေတာ့ ငါ့ကိုပစ္မခ်လိုက္ပါနဲ႔။ ၿပီးခဲ့တဲ့ရာသီအစ ၃ပြဲ ကစားၿပီးခ်ိန္မွာ သူတို႔ဘယ္ေရာက္ေနလဲျပန္ၾကည့္လိုက္ပါ၊ ၃ပြဲကစားၿပီး သူညနဲ႔

ဇယားေအာက္ဆုံးမွာရွိခဲ့တယ္၊ တကယ္လို႔ ဒီရာသီမွာသူတို႔ပရီးမီးယားလိဂ္ ဖလားရမယ္ဆိုရင္ေတာ့ ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာအႀကီးက်ယ္ဆုံးေအာင္ ျမင္မႈေတြထဲက တစ္ခုျဖစ္လာႏိုင္ပါတယ္” လို႔

အန္ဒီဂိုးစတိန္းက သုံးသပ္လိုက္ပါ တယ္။ ခ်န္ပီယံဆုအတြက္ ဂန္းနားေတြရဲ႕အဓိကၿပိဳင္ဘက္ျဖစ္လာႏိုင္တာနဲ႔ပတ္ သတ္လို႔ ဂိုးစတိန္းက “ဘာေၾကာင့္လဲဆိုတာေျပာျပမယ္။

မင္းမွာအေျပးသမားတစ္ ေယာက္ျဖစ္တဲ့ မန္စီးတီးရွိေနတယ္၊ သူတို႔ဟာလန္းကိုထပ္ေပါင္းထည့္ႏိုင္ခဲ့တယ္။ ဝိုး…သူသာႀကံ့ခိုင္မႈျပန္ျပည့္လာရင္ မန္စီးတီးကိုဘယ္လိုတားမလဲ။

မင္းမွာ လီဗာပူးလည္းရွိေသးတယ္။ အခုအခ်ိန္မွာ လီဗာပူးကဘာမွမလုပ္ႏိုင္ေသးေပမဲ့ အႀကီးက်ယ္ဆုံးႏွစ္သင္းအေၾကာင္းေျပာတဲ့ေနရာမွာ မန္စီးတီးနဲ႔အတူ

လီဗာပူးကို ထည့္သြင္းရပါလိမ့္မယ္။ အာဆင္နယ္ကိုမေကာင္းေျပာတာမဟုတ္ပါဘူး၊ ဒီစကားဝိုင္းထဲမွာ သူတို႔အေၾကာင္းပါႏွင့္ၿပီးသားပါ။ မန္စီးတီးနဲ႔

လီဗာပူးထက္ေခါင္း တစ္လုံးအသာနဲ႔ ခ်န္ပီယံျဖစ္ခဲ့ရင္ ဒါဟာသမိုင္းေၾကာင္းမွာအႀကီးက်ယ္ဆုံးေတြထဲ ကတစ္ခုလို႔ ယုံၾကည္ေနတာပါ” လို႔ ဆက္ေျပာခဲ့ပါတယ္။