
ယူနိုက်တက်က အာဆင်နယ်ကို ၃-၂ နဲ့အနိုင်ရတဲ့ပွဲကို
ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်တစ်ဦးဖြစ်တဲ့ နာမည်ကျော်ဒေးဗစ်ဘက်ခမ်းနဲ့
သူ့သားလတ် ရိုမီယိုတို့လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။
ရိုမီယိုဟာ အာဆင်နယ်အသင်းကို သူငယ်စဉ်ကတည်းကအားပေးခဲ့တဲ့
ပရိသတ်တစ်ဦးဖြစ်ပေမယ့် အာဆင်နယ်ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့
စီရော်နယ်ဒိုကပွဲအပြီးမှာ သူကိုယ်တိုင် လက်မှတ်ထိုးထားတဲ့
ယူနိုက်တက်အသင်းအင်္ကျီကို လက်ဆောင်ပေးခဲ့ရမှာတော့ ပျော်ရွှင်နေခဲ့ပါတယ်။
သူ့ရဲ့ဖခင် ဒေးဗစ်ဘက်ခမ်းကလည်း ရိုမီယိုက ရော်နယ်ဒိုပေးခဲ့တဲ့
ယူနိုက်တက်အသင်းအင်္ကျီကိုင်ထားပြီး ပြုံးနေတဲ့ပုံကိုလည်း
ဓါတ်ပုံရိုက်ကာ အင်စတာဂရမ်ကသူ့ wallပေါ်မှာတင်ထားခဲ့ပါတယ်။
**သူ့သား အာဆင်နယ်ဖန်ကို လိုက်စနေတာ**
စီရော်နယ်ဒိုပင်နယ်တီကန်သွင်းချိန်တုန်းကဆိုရင်လည်း
ရိုမီယိုဟာသူ့ရဲ့ဖုန်းနဲ့ ဗီဒီယိုရိုက်နေခဲ့ပါတယ်။
ဒါကို သူ့ရဲ့ဖခင် ဒေးဗစ်ဘက်ခမ်းက သူ့သားရိုက်ကူးနေပုံကို ဗီဒီယိုရိုက်ထားပြီး
” @romeobeckham the Arsenal and @cristiano fan 😂 ” ဆိုပြီး
အင်စတာဂရမ်မှာ စနောက်တဲ့ ပိုစ်တင်ခဲ့ပါတယ်။
**သားအဖအချင်းချင်းဆေးထိုးချက်**
ယူနိုက်တက်ရဲ့ ကျောနံပါတ် (၇) ဟာသူ့ဖခင်ဖြစ်သူအတွက်
ထူးခြားလှတဲ့နံပါတ်တစ်ခုဖြစ်ပြီး ယူနိုက်တက် မှာရှိနေတုန်းက
ဒီနံပါတ်ဝတ်ဆင်ကာ ဘက်ခမ်းဆိုတဲ့ နာမည်တစ်ခုကို
ကမ္ဘာကျော်စေခဲ့ တာလည်းဖြစ်ပါတယ်။
စီရော်နယ်ဒိုဆိုတာကလည်း ၂၀၀၃ တုန်းကရီးရဲလ်ကို
ဘက်ခမ်းပြောင်းသွားပြီးနောက် ယူနိုက်တက် ရဲ့နံပါတ် ၇ ကို
ဆက်ခံကာနာမည်ကျော်ခဲ့သူဖြစ်ပြီး ယူနိုက်တက် ကို
တစ်ကျော့ပြန်ရောက်လာတော့လည်း ဒီနံပါတ်ကိုဘဲရယူဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်က တွစ်တာပို့စ်တစ်ခုမှာ ရိုမီယိုငယ်စဉ်က
သူ့အမေဖြစ်သူ ဗစ်တိုးရီးယားနဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ခဲ့ပြီး
ရိုမီယိုတစ်ယောက် ဗစ်တိုးရီးယားရဲ့မျက်နှာပေါက်အတိုင်းဖြစ်ပြီး
သားအမိနှစ်ဦးက ဆံပင်ပုံ၊ မျက်လုံး၊နှာတံနဲ့ မေးရိုးအကျတွေကအစတူလွန်းလို့
သူ့တို့မိသားစုရဲ့ပရိသတ်တွေက ” အမေရဲ့ပုံတူကိုယ်ပွား”၊
” မိတ်ကပ်မလိမ်းထားတဲ့ ဗစ်တိုးရီးယား” အစရှိသဖြင့် ရိုမီယိုကို မှတ်ချက်ပြုခဲ့ကြပါတယ်။
ဒါပေမယ့်ခက်တာက ရိုမီယိုဟာ မအေနဲ့သာတူလွန်းပေမယ့်
သူ့စရိုက်က ဖအေနဲ့တစ်ထေရာတည်းဖြစ်နေတာပါ။
ဖအေလိုဘဲ ဘောလုံးဝါသနာပါပြီး သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ
စိတ်ရောကိုယ်ပါ အားနှစ် တတ်တဲ့သူဖြစ်ပါတယ်။
ဒါကြောင့်လည်း မိခင်ဖြစ်တဲ့ ဗစ်တိုးရီးယားနဲ့အပြင်ပန်းသာတူပြီး
မိခင်ရဲ့အနုပညာဝါသနာနဲ့လုံးဝထပ်တူမညီတဲ့ သားအဖြစ်သူ့ကို
သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ သူဟာဘောလုံးသမားဖြစ်ပေမယ့်
ဖအေလိုတော့နာမည်ကျော်ကြားခြင်းမရှိသေးဘဲ လက်ရှိကစားနေ တဲ့
ကလပ်ကလည်း သူ့အဖေပိုင်ဆိုင်တဲ့ မေဂျာလိဂ်တတိယတန်းကလပ်ဖြစ်တဲ့
အင်တာမိုင်ယာမီ(Fort Lauderdale CF) မှာဖြစ်ပါတယ်။
ရိုမီယိုဟာ ဘောလုံးကစားရာမှာတော့ နာမည်မကျော်သေးပေမယ့်
အချစ်ရေးမှာတော့ သူကလည်းခေသူမဟုတ်ဘဲ
ဖက်ရှင်မော်ဒယ် မီယာရေဂန်နဲ့တွဲခုတ်နေတာ ၂ နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။
zawgyi
သားအဖအခ်င္းခ်င္း ေဆးထိုးခ်က္
ယူႏိုက္တက္က အာဆင္နယ္ကို ၃-၂ နဲ႔အႏိုင္ရတဲ့ပြဲကို
ယူႏိုက္တက္အသင္းရဲ႕ဂႏၴဝင္တစ္ဦးျဖစ္တဲ့ နာမည္ေက်ာ္ေဒးဗစ္ဘက္ခမ္းနဲ႔
သူ႔သားလတ္ ႐ိုမီယိုတို႔လာေရာက္ၾကည့္ရႈ႕ခဲ့ၾကပါတယ္။
႐ိုမီယိုဟာ အာဆင္နယ္အသင္းကို သူငယ္စဥ္ကတည္းကအားေပးခဲ့တဲ့
ပရိသတ္တစ္ဦးျဖစ္ေပမယ့္ အာဆင္နယ္ပြဲမွာ အႏိုင္ဂိုးသြင္းယူခဲ့တဲ့
စီေရာ္နယ္ဒိုကပြဲအၿပီးမွာ သူကိုယ္တိုင္ လက္မွတ္ထိုးထားတဲ့
ယူႏိုက္တက္အသင္းအက်ႌကို လက္ေဆာင္ေပးခဲ့ရမွာေတာ့ ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။
သူ႔ရဲ႕ဖခင္ ေဒးဗစ္ဘက္ခမ္းကလည္း ႐ိုမီယိုက ေရာ္နယ္ဒိုေပးခဲ့တဲ့
ယူႏိုက္တက္အသင္းအက်ႌကိုင္ထားၿပီး ၿပဳံးေနတဲ့ပုံကိုလည္း
ဓါတ္ပုံ႐ိုက္ကာ အင္စတာဂရမ္ကသူ႔ wallေပၚမွာတင္ထားခဲ့ပါတယ္။
**သူ႔သား အာဆင္နယ္ဖန္ကို လိုက္စေနတာ**
စီေရာ္နယ္ဒိုပင္နယ္တီကန္သြင္းခ်ိန္တုန္းကဆိုရင္လည္း
႐ိုမီယိုဟာသူ႔ရဲ႕ဖုန္းနဲ႔ ဗီဒီယို႐ိုက္ေနခဲ့ပါတယ္။
ဒါကို သူ႔ရဲ႕ဖခင္ ေဒးဗစ္ဘက္ခမ္းက သူ႔သား႐ိုက္ကူးေနပုံကို ဗီဒီယို႐ိုက္ထားၿပီး
” @romeobeckham the Arsenal and @cristiano fan 😂 ” ဆိုၿပီး
အင္စတာဂရမ္မွာ စေနာက္တဲ့ ပိုစ္တင္ခဲ့ပါတယ္။
**သားအဖအခ်င္းခ်င္းေဆးထိုးခ်က္**
ယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ (၇) ဟာသူ႔ဖခင္ျဖစ္သူအတြက္
ထူးျခားလွတဲ့နံပါတ္တစ္ခုျဖစ္ၿပီး ယူႏိုက္တက္ မွာရွိေနတုန္းက
ဒီနံပါတ္ဝတ္ဆင္ကာ ဘက္ခမ္းဆိုတဲ့ နာမည္တစ္ခုကို
ကမာၻေက်ာ္ေစခဲ့ တာလည္းျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဆိုတာကလည္း ၂၀၀၃ တုန္းကရီးရဲလ္ကို
ဘက္ခမ္းေျပာင္းသြားၿပီးေနာက္ ယူႏိုက္တက္ ရဲ႕နံပါတ္ ၇ ကို
ဆက္ခံကာနာမည္ေက်ာ္ခဲ့သူျဖစ္ၿပီး ယူႏိုက္တက္ ကို
တစ္ေက်ာ့ျပန္ေရာက္လာေတာ့လည္း ဒီနံပါတ္ကိုဘဲရယူဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
မၾကာေသးခင္က တြစ္တာပို႔စ္တစ္ခုမွာ ႐ိုမီယိုငယ္စဥ္က
သူ႔အေမျဖစ္သူ ဗစ္တိုးရီးယားနဲ႔တြဲ႐ိုက္ထားတဲ့ပုံကိုတင္ခဲ့ၿပီး
႐ိုမီယိုတစ္ေယာက္ ဗစ္တိုးရီးယားရဲ႕မ်က္ႏွာေပါက္အတိုင္းျဖစ္ၿပီး
သားအမိႏွစ္ဦးက ဆံပင္ပုံ၊ မ်က္လုံး၊ႏွာတံနဲ႔ ေမး႐ိုးအက်ေတြကအစတူလြန္းလို႔
သူ႔တို႔မိသားစုရဲ႕ပရိသတ္ေတြက ” အေမရဲ႕ပုံတူကိုယ္ပြား”၊
” မိတ္ကပ္မလိမ္းထားတဲ့ ဗစ္တိုးရီးယား” အစရွိသျဖင့္ ႐ိုမီယိုကို မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။
ဒါေပမယ့္ခက္တာက ႐ိုမီယိုဟာ မေအနဲ႔သာတူလြန္းေပမယ့္
သူ႔စ႐ိုက္က ဖေအနဲ႔တစ္ေထရာတည္းျဖစ္ေနတာပါ။
ဖေအလိုဘဲ ေဘာလုံးဝါသနာပါၿပီး သူ႔ရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာေတြမွာ
စိတ္ေရာကိုယ္ပါ အားႏွစ္ တတ္တဲ့သူျဖစ္ပါတယ္။
ဒါေၾကာင့္လည္း မိခင္ျဖစ္တဲ့ ဗစ္တိုးရီးယားနဲ႔အျပင္ပန္းသာတူၿပီး
မိခင္ရဲ႕အႏုပညာဝါသနာနဲ႔လုံးဝထပ္တူမညီတဲ့ သားအျဖစ္သူ႔ကို
သတ္မွတ္ခဲ့ၾကတာျဖစ္ပါတယ္။ သူဟာေဘာလုံးသမားျဖစ္ေပမယ့္
ဖေအလိုေတာ့နာမည္ေက်ာ္ၾကားျခင္းမရွိေသးဘဲ လက္ရွိကစားေန တဲ့
ကလပ္ကလည္း သူ႔အေဖပိုင္ဆိုင္တဲ့ ေမဂ်ာလိဂ္တတိယတန္းကလပ္ျဖစ္တဲ့
အင္တာမိုင္ယာမီ(Fort Lauderdale CF) မွာျဖစ္ပါတယ္။
႐ိုမီယိုဟာ ေဘာလုံးကစားရာမွာေတာ့ နာမည္မေက်ာ္ေသးေပမယ့္
အခ်စ္ေရးမွာေတာ့ သူကလည္းေခသူမဟုတ္ဘဲ
ဖက္ရွင္ေမာ္ဒယ္ မီယာေရဂန္နဲ႔တြဲခုတ္ေနတာ ၂ ႏွစ္ေတာင္ရွိေနၿပီျဖစ္ပါတယ္။