သားအဖနှစ်ဦးလေ့ကျင့်ခန်းဆင်းစဉ်ခဏ လို့ ခေါင်းစဉ်ပေးရမလား…

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာသူ့ရဲ့အင်စတာဂရမ်ပေါ်မှာ

သားဖြစ်သူနဲ့ လေ့ကျင့်ခန်းအတူဆင်းနေကြပုံတွေကို တင်ခဲ့ပြီးနောက်

ပရိသတ်တွေကသဘောကျကာ မှတ်ချက်အမျိုးမျိုးပေးနေကြပါတယ်။

သူဟာသားဖြစ်သူ စီရော်နယ်ဒိုဂျူနီ ယာနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံတွေကိုတင်ပြီး

ပစ္စုပ္ပန်နဲ့ အနာဂတ်( Present and future) လို့စာရေးထိုးခဲ့ပါတယ်။

ဒီပုံထဲမှာ စီရော်နယ်ဒိုဟာ အင်္ကျီချွတ်နဲ့ ကွင်းအတွင်းမှာပြေးလွှားနေပြီး ဂျူနီယာကတော့

မန်ယူလေ့ကျင့်ခန်းဝတ်စုံဝတ်ကာ ဘော လုံးနဲ့အတူလေ့ကျင့်ခန်းပြုလုပ်နေတာကို

တွေ့ခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေ မန်ယူကို

ပြောင်းလာခဲ့ပြီးနောက်သားဖြစ်သူ ဂျူနီယာဟာလည်း ဂျူဗင်တပ်အကယ်ဒမီကနေ

မန်ယူအကယ်ဒမီကို သူပါပြောင်းလာခဲ့ တာဖြစ်ပါတယ်။ ဂျူနီယာဟာပြီးခဲ့တဲ့

၂၀၂၁ စက်တင်ဘာတုန်းက စီရော်နယ်ဒိုရဲ့ကစားဖော်ဖြစ်တဲ့ မာတစ်ရဲ့သားဖြစ်သူနဲ့

အတူ လေ့ကျင့်ခန်းကိုသွားရောက်နေတဲ့ ပုံတွေထွက်ပေါ်လာခဲ့သေးသူဖြစ်ပါတယ်။

အဲဒီကတည်းကသူဟာမန်ယူမှာဘဲလေ့ ကျင့်ခန်းတွေပြုလုပ်နေခဲ့ပြီး ဖခင်ဖြစ်သူလိုဘဲ

တိုက်စစ်မှူးအဖြစ်ကစားနေသူပါ။ ဒါကြောင့် ပရိသတ်တွေက ဂျူနီယာကို

ဖအေဖြစ်သူလိုဘဲ တောက်ပမယ့်သူအဖြစ်သတ်မှတ်ကြသလို စီရော်နယ်ဒိုကလည်း

သားဖြစ်သူကို ဘောလုံးလောကရဲ့အနာဂတ်အဖြစ် သတ်မှတ်ထားကြောင်း

သူ့ရဲ့ပုံစာအရသိရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လည်း ပရိသတ်တစ်ဦးကတွစ်တာကနေ”အနာဂတ်ရဲ့ GOAT” အဖြစ်ရေးသားခဲ့ပြီး

နောက်တစ်ယောက်က” Two GOATS” လို့ဆိုခဲ့ပါတယ်။ ပရိသတ်တွေသိထားပြီးတဲ့အတိုင်း

GOAT ဆိုတာကထာဝရအကြီးကျယ်ဆုံးသော ကိုရည်ညွှန်းတာဖြစ်ပါ တယ်။ နောက်ထပ်ပို့စ်တွေမှာ

” ဓာတ်ပုံတစ်ခုတည်းမှာပြနေတဲ့ ဂိုးများ”၊ ” လေ့ကျင့်ခန်းဆင်းတာတောင်

မန်ယူဝတ်စုံနဲ့ဆို တော့ ဂျူနီယာဟာကျုပ်တို့အပိုင်ဖြစ်ပြီ” ၊ ” ဂျူနီယာဟာ

မန်ယူရဲ့တွန်အားနဲ့ အောင်မြင်မယ့်သူ၊ ၂၀၃၀ ဖလား ၃ လုံးပိုင်ရှင်” ဆိုပြီး

ဖော်ပြခဲ့ကြပါတယ်။ အသက် ၁၁ နှစ်အရွယ်ဖြစ်တဲ့ ဂျူနီယာဟာခြေစွမ်းကောင်းနေလို့

စီရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ ဒိုလာရက်စ်က သူ့ရဲ့မြေးဟာ သားဖြစ်သူ

အသက် ၁၁ နှစ်အရွယ်ကခြေစွမ်းထက်ပိုကောင်းတယ်လို့ ပြောကြားခဲ့ဘူးပါတယ်။

Zawgyi

သားအဖႏွစ္ဦးေလ့က်င့္ခန္းဆင္းစဥ္ခဏ လို့ ေခါင္းစဥ္ေပးရမလား…

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာသူ႔ရဲ႕အင္စတာဂရမ္ေပၚမွာ

သားျဖစ္သူနဲ႔ ေလ့က်င့္ခန္းအတူဆင္းေနၾကပုံေတြကို တင္ခဲ့ၿပီးေနာက္

ပရိသတ္ေတြကသေဘာက်ကာ မွတ္ခ်က္အမ်ိဳးမ်ိဳးေပးေနၾကပါတယ္။

သူဟာသားျဖစ္သူ စီေရာ္နယ္ဒိုဂ်ဴနီ ယာနဲ႔ ေလ့က်င့္ခန္းဆင္းေနတဲ့ပုံေတြကိုတင္ၿပီး

ပစၥဳပၸန္နဲ႔ အနာဂတ္( Present and future) လို႔စာေရးထိုးခဲ့ပါတယ္။ ဒီပုံထဲမွာ

စီေရာ္နယ္ဒိုဟာ အက်ႌခြၽတ္နဲ႔ ကြင္းအတြင္းမွာေျပးလႊားေနၿပီး ဂ်ဴနီယာကေတာ့

မန္ယူေလ့က်င့္ခန္းဝတ္စုံဝတ္ကာ ေဘာ လုံးနဲ႔အတူေလ့က်င့္ခန္းျပဳလုပ္ေနတာကို

ေတြ႕ခဲ့ရပါတယ္။ စီေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေန မန္ယူကို

ေျပာင္းလာခဲ့ၿပီးေနာက္သားျဖစ္သူ ဂ်ဴနီယာဟာလည္း ဂ်ဴဗင္တပ္အကယ္ဒမီကေန

မန္ယူအကယ္ဒမီကို သူပါေျပာင္းလာခဲ့ တာျဖစ္ပါတယ္။ ဂ်ဴနီယာဟာၿပီးခဲ့တဲ့

၂၀၂၁ စက္တင္ဘာတုန္းက စီေရာ္နယ္ဒိုရဲ႕ကစားေဖာ္ျဖစ္တဲ့ မာတစ္ရဲ႕သားျဖစ္သူနဲ႔

အတူ ေလ့က်င့္ခန္းကိုသြားေရာက္ေနတဲ့ ပုံေတြထြက္ေပၚလာခဲ့ေသးသူျဖစ္ပါတယ္။

အဲဒီကတည္းကသူဟာမန္ယူမွာဘဲေလ့ က်င့္ခန္းေတြျပဳလုပ္ေနခဲ့ၿပီး ဖခင္ျဖစ္သူလိုဘဲ

တိုက္စစ္မႉးအျဖစ္ကစားေနသူပါ။ ဒါေၾကာင့္ ပရိသတ္ေတြက ဂ်ဴနီယာကို

ဖေအျဖစ္သူလိုဘဲ ေတာက္ပမယ့္သူအျဖစ္သတ္မွတ္ၾကသလို စီေရာ္နယ္ဒိုကလည္း

သားျဖစ္သူကို ေဘာလုံးေလာကရဲ႕အနာဂတ္အျဖစ္ သတ္မွတ္ထားေၾကာင္း

သူ႔ရဲ႕ပုံစာအရသိရွိႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ လည္း ပရိသတ္တစ္ဦးက

တြစ္တာကေန”အနာဂတ္ရဲ႕ GOAT” အျဖစ္ေရးသားခဲ့ၿပီးေနာက္တစ္ေယာက္က

” Two GOATS” လို႔ဆိုခဲ့ပါတယ္။ ပရိသတ္ေတြသိထားၿပီးတဲ့အတိုင္း GOAT ဆိုတာက

ထာဝရအႀကီးက်ယ္ဆုံးေသာ ကိုရည္ၫႊန္းတာျဖစ္ပါ တယ္။ ေနာက္ထပ္ပို႔စ္ေတြမွ

ာ” ဓာတ္ပုံတစ္ခုတည္းမွာျပေနတဲ့ ဂိုးမ်ား”၊ ” ေလ့က်င့္ခန္းဆင္းတာေတာင္

မန္ယူဝတ္စုံနဲ႔ဆို ေတာ့ ဂ်ဴနီယာဟာက်ဳပ္တို႔အပိုင္ျဖစ္ၿပီ” ၊ ” ဂ်ဴနီယာဟာ

မန္ယူရဲ႕တြန္အားနဲ႔ ေအာင္ျမင္မယ့္သူ၊ ၂၀၃၀ ဖလား ၃ လုံးပိုင္ရွင္” ဆိုၿပီး

ေဖာ္ျပခဲ့ၾကပါတယ္။ အသက္ ၁၁ ႏွစ္အ႐ြယ္ျဖစ္တဲ့ ဂ်ဴနီယာဟာေျခစြမ္းေကာင္းေနလို႔

စီေရာ္နယ္ဒိုရဲ႕မိခင္ျဖစ္သူ ဒိုလာရက္စ္က သူ႔ရဲ႕ေျမးဟာ သားျဖစ္သူ

အသက္ ၁၁ ႏွစ္အ႐ြယ္ကေျခစြမ္းထက္ပိုေကာင္းတယ္လို႔ ေျပာၾကားခဲ့ဘူးပါတယ္။