သားအတွက် ဂုဏ်ယူမျက်ရည်ကျခဲ့တဲ့ ဆားဗေ့

ကမ္ဘာပေါ်မှာရှိတဲ့ အကြီးကျယ်ဆုံးကလပ်တွေထဲက တစ်ခုမှာ

သားဖြစ်သူ အသင်းကြီးပွဲဦးထွက်ခွင့်ရတာကိုမြင်ရတဲ့

ကံကောင်းမှုမျိုးရခဲ့တဲ့ ဖခင်အရေအတွက်က အရမ်းကိုအနည်းငယ်သာ ရှိမှာပါ။

သားဖြစ်သူရဲ့ဒီလိုပွဲဦးထွက်မျိုးမှာ ကိုယ်က ရုပ်သံအစီအစဉ်တင်ဆက်သူ

လုပ်နေရတယ်ဆိုရင်တော့ စဉ်းစားသာကြည့်လိုက်ပါတော့။

ဒီလိုမှော်ဆန်တဲ့အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက အိုးလ်ထရက်ဖို့ဒ်မှာ

ပရီးမီးယားလိဂ်ကစားသမားဟောင်းရော်ဘီဆားဗေ့ကြုံခဲ့ရတာပါ။

လက်စတာ၊ ဘလက်ဘန်းနဲ့ ဘာမင်ဂမ်တို့မှာ ကစားခဲ့ဖူးတဲ့

အဲဒီဝေးလ်ကွင်းလယ်လူဟောင်းဟာ မန်ယူရဲ့ယန်းဘွိုင်းစ်နဲ့ချန်ပီယံလိဂ်ပွဲကို

BT Sport ရုပ်သံအတွက် အစီအစဉ်တင်ဆက်သူအနေနဲ့ လုပ်ခဲ့ရတာပါ။

အဲဒီနောက် ၈၉ မိနစ်အရောက်မှာ ဆားဗေ့ရဲ့၁၈ နှစ်အရွယ်သားဖြစ်သူ

ချာလီဟာ ပရိသတ် ၇၃၁၅၆ ရှေ့မှောက်မှာပဲ မာတာအစား လူစားဝင်လာခဲ့ပါတယ်။

အဲဒါဟာ စီနီယာဆားဗေ့အတွက် စိတ်ခံစားမှုအခိုက်အတန့်ဖြစ်ခဲ့ရပါတယ်။

”မန်ယူအတွက် ဂျူအန်မာတာအစား လူစားဝင်လာတာက ချာလီဆားဗေ့ပါ။

ဝိုး ဒီစကားလုံးတွေပြောရလိမ့်မယ်လို့ ကျွန်တော်တစ်ခါ မယုံကြည်ဖူးဘူး။

ငါ့ကောင်လေးအတွက် ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါ။

မိသားစုတွေအတွက်ရော အထူးသဖြင့် ချာလီဆားဗေ့အတွက်ပါ မှတ်မှတ်ရရနေ့တစ်နေ့ပါ။

ကျွန်တော် သူ့အတွက် အရမ်းဂုဏ်ယူရပါတယ်။

သူ့အတွက် အံ့သြစရာအခိုက်အတန့်တစ်ခုဖြစ်မှာပါ”လို့

ရော်ဘီဆားဗေ့က ပွဲတင်ဆက်ရင်းနဲ့ ပြောခဲ့တာပါ။

ချာလီဟာ သူ့အဖေလိုပဲ ကွင်းလယ်ဗဟိုနေရာမှာ ကစားသူဖြစ်ပြီး

ပြီးခဲ့တဲ့ဧပြီလကမှ ယူနိုက်တက်နဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

ဖခင်ဖြစ်သူရော်ဘီဟာလည်း သူ့ရဲ့ကစားသမားဘဝကို ယူနိုက်တက်နဲ့

စတင်ခဲ့တာဖြစ်ပြီး ကျော်ကြားခဲ့တဲ့ ၁၉၉၂ အက်ဖ်ဖေဖလားလူငယ်ပြိုင်ပွဲ

ဗိုလ်စွဲခဲ့တဲ့အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဝေးလ်လူငယ်လက်ရွေးစင်ချာလီဟာ ကွင်းထဲက အချိန်တိုလေးအတွင်းမှာ

ဘောလုံး ၅ ကြိမ်ထိခဲ့ပြီး ပေးပို့မှု ၃ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။

zawgyi

သားအတြက္ ဂုဏ္ယူမ်က္ရည္က်ခဲ့တဲ့ ဆားေဗ့

ကမာၻေပၚမွာရွိတဲ့ အႀကီးက်ယ္ဆုံးကလပ္ေတြထဲက တစ္ခုမွာ

သားျဖစ္သူ အသင္းႀကီးပြဲဦးထြက္ခြင့္ရတာကိုျမင္ရတဲ့

ကံေကာင္းမႈမ်ိဳးရခဲ့တဲ့ ဖခင္အေရအတြက္က အရမ္းကိုအနည္းငယ္သာ ရွိမွာပါ။

သားျဖစ္သူရဲ႕ဒီလိုပြဲဦးထြက္မ်ိဳးမွာ ကိုယ္က ႐ုပ္သံအစီအစဥ္တင္ဆက္သူ

လုပ္ေနရတယ္ဆိုရင္ေတာ့ စဥ္းစားသာၾကည့္လိုက္ပါေတာ့။

ဒီလိုေမွာ္ဆန္တဲ့အျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညက အိုးလ္ထရက္ဖို႔ဒ္မွာ

ပရီးမီးယားလိဂ္ကစားသမားေဟာင္းေရာ္ဘီဆားေဗ့ႀကဳံခဲ့ရတာပါ။

လက္စတာ၊ ဘလက္ဘန္းနဲ႔ ဘာမင္ဂမ္တို႔မွာ ကစားခဲ့ဖူးတဲ့

အဲဒီေဝးလ္ကြင္းလယ္လူေဟာင္းဟာ မန္ယူရဲ႕ယန္းဘြိဳင္းစ္နဲ႔ခ်န္ပီယံလိဂ္ပြဲကို

BT Sport ႐ုပ္သံအတြက္ အစီအစဥ္တင္ဆက္သူအေနနဲ႔ လုပ္ခဲ့ရတာပါ။

အဲဒီေနာက္ ၈၉ မိနစ္အေရာက္မွာ ဆားေဗ့ရဲ႕၁၈ ႏွစ္အ႐ြယ္သားျဖစ္သူ

ခ်ာလီဟာ ပရိသတ္ ၇၃၁၅၆ ေရွ႕ေမွာက္မွာပဲ မာတာအစား လူစားဝင္လာခဲ့ပါတယ္။

အဲဒါဟာ စီနီယာဆားေဗ့အတြက္ စိတ္ခံစားမႈအခိုက္အတန႔္ျဖစ္ခဲ့ရပါတယ္။

”မန္ယူအတြက္ ဂ်ဴအန္မာတာအစား လူစားဝင္လာတာက ခ်ာလီဆားေဗ့ပါ။

ဝိုး ဒီစကားလုံးေတြေျပာရလိမ့္မယ္လို႔ ကြၽန္ေတာ္တစ္ခါ မယုံၾကည္ဖူးဘူး။

ငါ့ေကာင္ေလးအတြက္ ဂုဏ္ယူရတဲ့ေန႔တစ္ေန႔ပါ။

မိသားစုေတြအတြက္ေရာ အထူးသျဖင့္ ခ်ာလီဆားေဗ့အတြက္ပါ မွတ္မွတ္ရရေန႔တစ္ေန႔ပါ။

ကြၽန္ေတာ္ သူ႔အတြက္ အရမ္းဂုဏ္ယူရပါတယ္။

သူ႔အတြက္ အံ့ၾသစရာအခိုက္အတန႔္တစ္ခုျဖစ္မွာပါ”လို႔

ေရာ္ဘီဆားေဗ့က ပြဲတင္ဆက္ရင္းနဲ႔ ေျပာခဲ့တာပါ။

ခ်ာလီဟာ သူ႔အေဖလိုပဲ ကြင္းလယ္ဗဟိုေနရာမွာ ကစားသူျဖစ္ၿပီး

ၿပီးခဲ့တဲ့ဧၿပီလကမွ ယူႏိုက္တက္နဲ႔ ပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာပါ။

ဖခင္ျဖစ္သူေရာ္ဘီဟာလည္း သူ႔ရဲ႕ကစားသမားဘဝကို ယူႏိုက္တက္နဲ႔

စတင္ခဲ့တာျဖစ္ၿပီး ေက်ာ္ၾကားခဲ့တဲ့ ၁၉၉၂ အက္ဖ္ေဖဖလားလူငယ္ၿပိဳင္ပြဲ

ဗိုလ္စြဲခဲ့တဲ့အသင္းမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ေဝးလ္လူငယ္လက္ေ႐ြးစင္ခ်ာလီဟာ ကြင္းထဲက အခ်ိန္တိုေလးအတြင္းမွာ

ေဘာလုံး ၅ ႀကိမ္ထိခဲ့ၿပီး ေပးပို႔မႈ ၃ ႀကိမ္လုပ္ႏိုင္ခဲ့ပါတယ္။