သားမက်ဖြစ်သူရဲ့ ကမ္ဘာ့ဖလားအိပ်မက်တွေကိုရိုက်ချိုးပစ်လိုက်တဲ့ ယောက်ကထီးကြီး ဂရေဟမ်အာနိုး

ဩစတြေးလျနည်းပြ ဂရေဟမ်အာနိုးဟာ သူ့ရဲ့သားမက်စိန့်ဘာရီကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းကနေချန်လှပ်ခဲ့ပါတယ်။

Al-Wakrah အသင်းနောက်ခံလူဖြစ်တဲ့ စိန့်ဘာရီဟာ ၈နှစ်အတွင်း ဩစတြေးလျ လက်ရွေးစင်အသင်းအတွက် ၅၈ပွဲ ကစားပေးထားသူဖြစ်ပြီး ၂၀၁၈

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ အာနိုးဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကာတာလိုက်ပါခွင့်ရမယ့် ကစားသမားစာ ရင်းကိုထုတ်ပြန်ခဲ့ပြီး

သားမက်ဖြစ်သူကိုအံ့အားသင့်ဖွယ်ရာချန်လှပ်ခဲ့တာဖြစ်တယ်။ စိန့်ဘာရီဟာ ၂၀၁၇ ခုနှစ်မှာ ဂရေဟမ်အာနိုးရဲ့သမီးအလစ်ဆာနဲ့လက်ထပ်ခဲ့သူဖြစ် ပြီး

ကလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီးဖြစ်တယ်။ အပြီးသတ် လူရွေးချယ်ခဲ့ပြီးတဲ့ နောက်သတင်းစာရှင်းလင်းပွဲမှာတော့ အာနိုးက “အရှင်းဆုံးပြောရရင်

ဒါဟာအလွန် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ စိန့်ဘာရီနဲ့ အခုသူရောက်နေတဲ့နေရာအကြောင်းကို ပြောပြီးပါပြီ။ သူက ရက်သတ္တပတ်ပေါင်းများစွာမကစားဘဲနဲ့

ကာတာမှာရှိနေရင် အထင်အရှားကြီးဖြစ်သွားမှာပါ။ ယေဘုယျအနေနဲ့ ကျွန်တော်ဟာ ဟယ်ရီဆောက်တာ၊ ရိုလက်စ်တို့လို ထူးထူးခြားခြားနဲ့ အကောင်းဆုံးဆက်သွားနေ

သူတွေနဲ့လက်တွဲချင်ခဲ့တာပါ။ စိန့်ဘာရီဘက်က ဒီအခြေအနေကိုနားလည်ပေမဲ့ ဆုံးဖြတ်ချက်ချဖို့ကအလွန်ပဲခက်ခဲပါတယ်။ သောမက်စ်ဒန်က ဗဟိုနောက်ခံလူနဲ့

ညာနောက်ခံနေရာမှာပါကစားနိုင်လို့ ဗဟိုခံစစ်နေရာအတွက် ကစားသမား ၄ယောက်ခွဲအထိပဲ ခေါ်ယူခဲ့တာပါ။ လိုက်လျောညီထွေ ဖြစ်ဖို့လိုပါတယ်” လို့ ရှင်းလင်းခဲ့ပါတယ်။

ဩစတြေးလျအသင်းဟာ အုပ်စု-D မှာ ပြင်သစ်၊ ဒိန်းမတ်၊ တူနီးရှားတို့ အတူပါဝင်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၂ မှာ လက်ရှိချန်ပီယံပြင်သစ်နဲ့ရင်ဆိုင်ရမှာဖြစ်တယ်။

(Zawgyi)

သားမက္ျဖစ္သူရဲ႕ ကမာၻ႔ဖလားအိပ္မက္ေတြကို႐ိုက္ခ်ိဳးပစ္လိုက္တဲ့ ေယာက္ကထီးႀကီး ဂေရဟမ္အာႏိုး

ဩစေၾတးလ်နည္းျပဂေရဟမ္အာႏိုးဟာ သူ႔ရဲ႕သားမက္စိန႔္ဘာရီကို ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အၿပီးသတ္ကစားသမား ၂၆ ဦးစာရင္းကေနခ်န္လွပ္ခဲ့ပါတယ္။ Al-Wakrah

အသင္းေနာက္ခံလူျဖစ္တဲ့ စိန႔္ဘာရီဟာ ၈ႏွစ္အတြင္း ဩစေၾတးလ်လက္ေ႐ြးစင္အသင္းအတြက္ ၅၈ပြဲ ကစားေပးထားသူျဖစ္ၿပီး ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ပါတယ္။

အာႏိုးဟာ ၿပီးခဲ့တဲ့တနလၤာေန႔မွာ ကာတာလိုက္ပါခြင့္ရမယ့္ ကစားသမားစာ ရင္းကိုထုတ္ျပန္ခဲ့ၿပီး သားမက္ျဖစ္သူကိုအံ့အားသင့္ဖြယ္ရာခ်န္လွပ္ခဲ့တာျဖစ္တယ္။ စိန႔္ဘာရီဟာ ၂၀၁၇ ခုႏွစ္မွာ

ဂေရဟမ္အာႏိုးရဲ႕သမီးအလစ္ဆာနဲ႔လက္ထပ္ခဲ့သူျဖစ္ ၿပီး ကေလးႏွစ္ေယာက္ပိုင္ဆိုင္ထားၿပီးျဖစ္တယ္။ အၿပီးသတ္လူေ႐ြးခ်ယ္ခဲ့ၿပီးတဲ့ ေနာက္သတင္းစာရွင္းလင္းပြဲမွာေတာ့ အာႏိုးက “အရွင္းဆုံးေျပာရရင္

ဒါဟာအလြန္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုပါ။ စိန႔္ဘာရီနဲ႔ အခုသူေရာက္ေနတဲ့ေနရာအေၾကာင္းကို ေျပာၿပီးပါၿပီ။ သူက ရက္သတၱပတ္ေပါင္းမ်ားစြာမကစားဘဲနဲ႔ ကာတာမွာရွိေနရင္

အထင္အရွားႀကီးျဖစ္သြားမွာပါ။ ေယဘုယ်အေနနဲ႔ ကြၽန္ေတာ္ဟာ ဟယ္ရီေဆာက္တာ၊ ႐ိုလက္စ္တို႔လို ထူးထူးျခားျခားနဲ႔ အေကာင္းဆုံးဆက္သြားေန သူေတြနဲ႔လက္တြဲခ်င္ခဲ့တာပါ။

စိန႔္ဘာရီဘက္က ဒီအေျခအေနကိုနားလည္ေပမဲ့ ဆုံးျဖတ္ခ်က္ခ်ဖို႔ကအလြန္ပဲခက္ခဲပါတယ္။ ေသာမက္စ္ဒန္က ဗဟိုေနာက္ခံလူနဲ႔ ညာေနာက္ခံေနရာမွာပါကစားႏိုင္လို႔ ဗဟိုခံစစ္ေနရာအတြက္

ကစားသမား ၄ေယာက္ခြဲအထိပဲေခၚယူခဲ့တာပါ။ လိုက္ေလ်ာညီေထြျဖစ္ဖို႔လိုပါတယ္” လို႔ ရွင္းလင္းခဲ့ပါတယ္။ ဩစေၾတးလ်အသင္းဟာ အုပ္စု-D မွာ ျပင္သစ္၊ ဒိန္းမတ္၊

တူနီးရွားတို႔အတူပါဝင္ေနၿပီး အဖြင့္ပြဲစဥ္အျဖစ္ ႏိုဝင္ဘာ ၂၂ မွာ လက္ရွိခ်န္ပီယံျပင္သစ္နဲ႔ရင္ဆိုင္ရမွာျဖစ္တယ္။