သားဖြစ်သူ ရော်နယ်ဒိုအတွက် ဝမ်းသာလို့ကျတဲ့ မိခင်ဖြစ်သူရဲ့မျက်ရည်

ကျွန်တော်တို့ဟာ တိုက်စစ်မှူး ရော်နယ်ဒို

ဂိုးသွင်းတာကို အမြဲတမ်းနီးပါးထိတွေ့ခွင့်ရနေလို့
သိပ်မထူးဆန်းတော့သလိုဖြစ်ပေမယ့် မိခင်ဖြစ်သူအတွက်
ဘယ်လိုပဲဂိုးသွင်းသွင်း စိတ်ခံစားချက်
ပြင်းထန်မှုကတော့ အမြဲတမ်းအမြင့်ဆုံး
ရှိနေဆဲဖြစ်ပြီး ယမန်နေ့ညကလည်း

အဲဒီခံစားချက်ကို ထပ်မံမြင်တွေ့ခဲ့ပါတယ်။
ဘောလုံးလောကမှာ ရော်နယ်ဒိုထက်
သွင်းဂိုးပိုများသူ တစ်ယောက်မှမရှိဘဲ
ယူနိုက်တက်တိုက်စစ်မှူးဟာ မတ်လက
ယခင်စံချိန်ရှင် ဂျိုးဆက်ဘီကန်ကို

ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်
ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ ဟက်ထရစ်
သွင်းယူနိုင်ခဲ့ပြီးနောက် ဘီကန်ရဲ့
စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး

ကစားသမားဘဝနှစ်ပေါင်း ၂၀အတွင်း
ကလပ်နဲ့လက်ရွေးစင်သွင်းဂိုး ၈၀၆ ဂိုးနဲ့ စံချိန်တင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း
အမျိုးသားကစားသမားတွေအနက် လက်ရွေးစင်
သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး

ပြီးခဲ့တဲ့အပတ်က စပိန်နဲ့သရေကျခဲ့တဲ့ပွဲမှာ
ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့်
ဆွစ်ဇာလန်နဲ့ပွဲမှာ သူ့ရဲ့ခြေစွမ်း
မကျဆင်းသေးဘူးဆိုတာ သွင်းဂိုးတွေနဲ့ သက်သေပြသွားပါတယ်။
သူ့ရဲ့သွင်းဂိုးတွေက များပြားလို့

ဂိုးသွင်းတာ သိပ်မဆန်းတော့ဘူးလို့
ထင်ချင်စရာရှိပေမယ့် အမေဖြစ်သူကတော့
ဘယ်လိုဂိုးပဲဖြစ်ဖြစ် သားဖြစ်သူ သွင်းသမျှ
ဂိုးတိုင်းအတွက် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး
ဆွစ်ဇာလန်နဲ့ပွဲမှာလည်း သားဖြစ်သူ

ဂိုးသွင်းနိုင်ပြီးနောက် ပွဲကြည့်စင်ကနေ
အားပေးရင်း ဝမ်းသာလို့ မျက်ရည်တွေပါ ကျဆင်းလာခဲ့ပါတယ်။
”ရော်နယ်ဒို ဂိုးသွင်းတာ ၈၀၀ ကျော်နေပြီ။
ဒါပေမဲ့ အမေကတော့ ဂိုးသွင်းလို့ ဝမ်းသာမျက်ရည်ကျနေဆဲ”
”တကယ်လို့ ချစ်စရာကောင်းတဲ့ဖြစ်ရပ်လေးပါပဲ။

ရော်နယ်ဒိုက သူ့ရဲ့ဂိုးတွေက အမေဖြစ်သူအတွက်၊
အမေကလည်း သားဖြစ်သူရဲ့သွင်းဂိုးအတွက်
မျက်ရည်ကျတဲ့အထိ ဝမ်းသာတယ်”လို့
ပရိသတ်တွေက ရေးသားခဲ့ကြပါတယ်။
ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက

သူ့အနေနဲ့ မိခင်ဖြစ်သူရဲ့ကျန်းမာရေးကို
စိုးရိမ်တာကြောင့် မိခင်ဖြစ်သူ ဒိုလိုရက်စ်
သူပါဝင်ကစားတဲ့ ပွဲကြီးပွဲကောင်းတွေကို
ကိုယ်တိုင်ကွင်းထဲ လာရောက်အားပေးတာမျိုး
မဖြစ်စေချင်ဘူးလို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။

ရော်နယ်ဒိုအနေနဲ့ ရယ်စရာမောစရာတစ်ခုလို
ပြောခဲ့တာမှန်ပေမယ့် အခုလို ဒိုလိုရက်စ်
စိတ်ခံစားချက်ပြင်းထန်ပုံ ထောက်ရင်
သားဖြစ်သူ စိုးရိမ်တာလည်း မလွန်ဘူးလို့ ဆိုနိုင်ပါတယ်။

Zawgyi

သားျဖစ္သူ ေရာ္နယ္ဒိုအတြက္ ၀မ္းသာလို႔က်တဲ့ မိခင္ျဖစ္သူရဲ႕မ်က္ရည္
ကၽြန္ေတာ္တို႔ဟာ တိုက္စစ္မွဴး ေရာ္နယ္ဒို
ဂိုးသြင္းတာကို အၿမဲတမ္းနီးပါးထိေတြ႕ခြင့္ရေနလို႔

သိပ္မထူးဆန္းေတာ့သလိုျဖစ္ေပမယ့္ မိခင္ျဖစ္သူအတြက္
ဘယ္လိုပဲဂိုးသြင္းသြင္း စိတ္ခံစားခ်က္
ျပင္းထန္မႈကေတာ့ အၿမဲတမ္းအျမင့္ဆုံး
ရွိေနဆဲျဖစ္ၿပီး ယမန္ေန႔ညကလည္း
အဲဒီခံစားခ်က္ကို ထပ္မံျမင္ေတြ႕ခဲ့ပါတယ္။

ေဘာလုံးေလာကမွာ ေရာ္နယ္ဒိုထက္
သြင္းဂိုးပိုမ်ားသူ တစ္ေယာက္မွမရွိဘဲ
ယူႏိုက္တက္တိုက္စစ္မွဴးဟာ မတ္လက
ယခင္စံခ်ိန္ရွင္ ဂ်ိဳးဆက္ဘီကန္ကို
ေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

အသက္ ၃၇ ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္
ေရာ္နယ္ဒိုဟာ စပါးနဲ႔ပြဲမွာ ဟက္ထရစ္
သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဘီကန္ရဲ႕
စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး
ကစားသမားဘ၀ႏွစ္ေပါင္း ၂၀အတြင္း

ကလပ္နဲ႔လက္ေရြးစင္သြင္းဂိုး ၈၀၆ ဂိုးနဲ႔ စံခ်ိန္တင္ခဲ့တာပါ။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကလည္း
အမ်ိဳးသားကစားသမားေတြအနက္ လက္ေရြးစင္
သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီး
ၿပီးခဲ့တဲ့အပတ္က စပိန္နဲ႔သေရက်ခဲ့တဲ့ပြဲမွာ

ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္
ဆြစ္ဇာလန္နဲ႔ပြဲမွာ သူ႕ရဲ႕ေျခစြမ္း
မက်ဆင္းေသးဘူးဆိုတာ သြင္းဂိုးေတြနဲ႔ သက္ေသျပသြားပါတယ္။
သူ႕ရဲ႕သြင္းဂိုးေတြက မ်ားျပားလို႔
ဂိုးသြင္းတာ သိပ္မဆန္းေတာ့ဘူးလို႔

ထင္ခ်င္စရာရွိေပမယ့္ အေမျဖစ္သူကေတာ့
ဘယ္လိုဂိုးပဲျဖစ္ျဖစ္ သားျဖစ္သူ သြင္းသမွ်
ဂိုးတိုင္းအတြက္ စိတ္လႈပ္ရွားေနဆဲျဖစ္ၿပီး
ဆြစ္ဇာလန္နဲ႔ပြဲမွာလည္း သားျဖစ္သူ
ဂိုးသြင္းႏိုင္ၿပီးေနာက္ ပြဲၾကည့္စင္ကေန

အားေပးရင္း ၀မ္းသာလို႔ မ်က္ရည္ေတြပါ က်ဆင္းလာခဲ့ပါတယ္။
”ေရာ္နယ္ဒို ဂိုးသြင္းတာ ၈၀၀ ေက်ာ္ေနၿပီ။
ဒါေပမဲ့ အေမကေတာ့ ဂိုးသြင္းလို႔ ၀မ္းသာမ်က္ရည္က်ေနဆဲ”
”တကယ္လို႔ ခ်စ္စရာေကာင္းတဲ့ျဖစ္ရပ္ေလးပါပဲ။
ေရာ္နယ္ဒိုက သူ႕ရဲ႕ဂိုးေတြက အေမျဖစ္သူအတြက္၊

အေမကလည္း သားျဖစ္သူရဲ႕သြင္းဂိုးအတြက္
မ်က္ရည္က်တဲ့အထိ ၀မ္းသာတယ္”လို႔
ပရိသတ္ေတြက ေရးသားခဲ့ၾကပါတယ္။
ရီးရဲလ္တိုက္စစ္မွဴးေဟာင္း ေရာ္နယ္ဒိုက
သူ႕အေနနဲ႔ မိခင္ျဖစ္သူရဲ႕က်န္းမာေရးကို

စိုးရိမ္တာေၾကာင့္ မိခင္ျဖစ္သူ ဒိုလိုရက္စ္
သူပါ၀င္ကစားတဲ့ ပြဲႀကီးပြဲေကာင္းေတြကို
ကိုယ္တိုင္ကြင္းထဲ လာေရာက္အားေပးတာမ်ိဳး
မျဖစ္ေစခ်င္ဘူးလို႔ အရင္တုန္းက ေျပာခဲ့ဖူးပါတယ္။
ေရာ္နယ္ဒိုအေနနဲဲ႔ ရယ္စရာေမာစရာတစ္ခုလို

ေျပာခဲ့တာမွန္ေပမယ့္ အခုလို ဒိုလိုရက္စ္
စိတ္ခံစားခ်က္ျပင္းထန္ပုံ ေထာက္ရင္
သားျဖစ္သူ စိုးရိမ္တာလည္း မလြန္ဘူးလို႔ ဆိုႏိုင္ပါတယ္။