သားကို ကျောင်းမတက်စေဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်ဖို့ ခေါ်သွားတဲ့ လီဗာပူးပရိသတ်တစ်ဦးရဲ့ အကောင်းဆုံးတုံ့ပြန်ချက်

လီဗာပူးပရိသတ်တစ်ဦးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ

ကြည့်ဖို့ သားဖြစ်သူကို ကျောင်းမတက်စေဘဲ
သူနဲ့အတူ ခေါ်လာပြီး ကျောင်းဘက်က
ကျောင်းပျက်တဲ့အကြောင်း အသိပေးလာတာကို
အကောင်းဆုံးတုံ့ပြန်သွားပါတယ်။
လီဗာပူးဟာ ယခုရာသီမှာ

ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေ
ရယူထားပြီးဖြစ်သလို ယနေ့ည
ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်နဲ့
ပွဲမှာလည်း အနိုင်ရဖို့ ရေပန်းစားနေပါတယ်။
မာဆေးဆိုက်ဒ်မှာ Taggy’s ဆိုတဲ့

အရက်ဘားတစ်ခု ဖွင့်ထားတဲ့ တာဂီဟာစတက်ဒ်နဲ့
သားဖြစ်သူ ဝီလျံတို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ
ကြည့်ဖို့ ကြာသပတေးနေ့မှာ
ပြင်သစ်နိုင်ငံကို ခရီးထွက်ခွာလာခဲ့ကြပါတယ်။
ဗြိတိန်မှာ ကျောင်းဖွင့်ရာသီရောက်နေပြီဖြစ်ပြီး

ဝီလျံလည်း ဖခင်ဖြစ်သူနဲ့အတူ
ဘောလုံးပွဲလိုက်ကြည့်လို့
ကျောင်း ၂ရက်ပျက်ခဲ့ရပြီး စာသင်ကျောင်းရဲ့
မော်နီတာစာရင်းရဲ့ ပျက်ကွက်စာရင်းမှာ
ဝီလျံလည်း ပါခဲ့ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဖခင်ဖြစ်သူရဲ့
တုံ့ပြန်ချက်က တွစ်တာမှာ
အတော်လေး ပေါက်နေပါတယ်။
”သားဖြစ်သူ ကျောင်းမတက်တာအမှန်ပါပဲ။
သူဟာ ဖခင်ဖြစ်သူရော

ခပ်ဆိုးဆိုး သူ့အဖေသူငယ်ချင်းတွေနဲ့အတူ
ပဲရစ်ကို သွားနေပါတယ်။
ဖလား ၃လုံးရယူဖို့ ပြင်နေတဲ့
လီဗာပူးရဲ့ နောက်ထပ်ချန်ပီယံလိဂ်
ဗိုလ်လုပွဲကို ကြည့်ရှုအားပေးဖို့ပါ။

၇ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့အတူ
အိမ်ပြန်နိုင်ဖို့လည်း သူမျှော်လင့်နေပါတယ်”လို့
ဖခင်ဖြစ်သူက အကြောင်းပြန်ခဲ့တာပါ။
တာဂီဟာ အဲဒီစာနဲ့အတူ ဖယ်ရီပေါ်မှာ
သားဖြစ်သူအပါအဝင် သူငယ်ချင်းတွေနဲ့အတူ

ရိုက်ထားတဲ့ ဓာတ်ပုံပါ ပေးပို့ခဲ့ပါတယ်။
”လီဗာပူးဖန်တော့ မဟုတ်ပါဘူး။
ဒါပေမဲ့ မျှမျှတတပြောရရင်
ဖခင်ကောင်းတစ်ယောက်ပါပဲ။
၂ ရက်လောက် ကျောင်းပျက်ရပေမယ့်

ကိုယ့်အဖေနဲ့အတူ ကိုယ့်ဘဝမှာ
အကောင်းဆုံးညတစ်ညဖြစ်လာနိုင်တဲ့
အတွေ့အကြုံမျိုး ရနိုင်မှာလေ။
ဒီအတွေ့အကြုံတွေကို သင်ကြားပေးလို့မရပါဘူး”
”ကျောင်းအုပ်ကြီးဆိုရင်လည်း

အေးဆေးခွင့်ပြုမှာ သေချာပါတယ်”လို့
ပရိသတ်တွေက အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။

Zawgyi

သားကို ေက်ာင္းမတက္ေစဘဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၾကည့္ဖို႔ ေခၚသြားတဲ့ လီဗာပူးပရိသတ္တစ္ဦးရဲ႕ အေကာင္းဆုံးတုံ႔ျပန္ခ်က္
လီဗာပူးပရိသတ္တစ္ဦးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ
ၾကည့္ဖို႔ သားျဖစ္သူကို ေက်ာင္းမတက္ေစဘဲ
သူနဲ႔အတူ ေခၚလာၿပီး ေက်ာင္းဘက္က
ေက်ာင္းပ်က္တဲ့အေၾကာင္း အသိေပးလာတာကို

အေကာင္းဆုံးတုံ႔ျပန္သြားပါတယ္။
လီဗာပူးဟာ ယခုရာသီမွာ
ကာရာေဘာင္ဖလားနဲ႔ အက္ဖ္ေအဖလားေတြ
ရယူထားၿပီးျဖစ္သလို ယေန႔ည
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ရီးရဲလ္နဲ႔

ပြဲမွာလည္း အႏိုင္ရဖို႔ ေရပန္းစားေနပါတယ္။
မာေဆးဆုိက္ဒ္မွာ Taggy’s ဆုိတဲ့
အရက္ဘားတစ္ခု ဖြင့္ထားတဲ့ တာဂီဟာစတက္ဒ္နဲ႔
သားျဖစ္သူ ၀ီလ်ံတုိ႔ဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ
ၾကည့္ဖို႔ ၾကာသပေတးေန႔မွာ

ျပင္သစ္ႏိုင္ငံကို ခရီးထြက္ခြာလာခဲ့ၾကပါတယ္။
ၿဗိတိန္မွာ ေက်ာင္းဖြင့္ရာသီေရာက္ေနၿပီျဖစ္ၿပီး
၀ီလ်ံလည္း ဖခင္ျဖစ္သူနဲ႔အတူ
ေဘာလုံးပြဲလိုက္ၾကည့္လုိ႔
ေက်ာင္း ၂ရက္ပ်က္ခဲ့ရၿပီး စာသင္ေက်ာင္းရဲ႕

ေမာ္နီတာစာရင္းရဲ႕ ပ်က္ကြက္စာရင္းမွာ
၀ီလ်ံလည္း ပါခဲ့ပါတယ္။
အဲဒါနဲ႔ပတ္သက္လုိ႔ ဖခင္ျဖစ္သူရဲ႕
တုံ႔ျပန္ခ်က္က တြစ္တာမွာ
အေတာ္ေလး ေပါက္ေနပါတယ္။

”သားျဖစ္သူ ေက်ာင္းမတက္တာအမွန္ပါပဲ။
သူဟာ ဖခင္ျဖစ္သူေရာ
ခပ္ဆုိးဆုိး သူ႕အေဖသူငယ္ခ်င္းေတြနဲ႔အတူ
ပဲရစ္ကို သြားေနပါတယ္။
ဖလား ၃လုံးရယူဖုိ႔ ျပင္ေနတဲ့

လီဗာပူးရဲ႕ ေနာက္ထပ္ခ်န္ပီယံလိဂ္
ဗိုလ္လုပြဲကို ၾကည့္ရႈအားေပးဖို႔ပါ။
၇ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔အတူ
အိမ္ျပန္ႏိုင္ဖို႔လည္း သူေမွ်ာ္လင့္ေနပါတယ္”လုိ႔
ဖခင္ျဖစ္သူက အေၾကာင္းျပန္ခဲ့တာပါ။

တာဂီဟာ အဲဒီစာနဲ႔အတူ ဖယ္ရီေပၚမွာ
သားျဖစ္သူအပါအ၀င္ သူငယ္ခ်င္းေတြနဲ႔အတူ
ရိုက္ထားတဲ့ ဓာတ္ပုံပါ ေပးပို႔ခဲ့ပါတယ္။
”လီဗာပူးဖန္ေတာ့ မဟုတ္ပါဘူး။
ဒါေပမဲ့ မွ်မွ်တတေျပာရရင္

ဖခင္ေကာင္းတစ္ေယာက္ပါပဲ။
၂ ရက္ေလာက္ ေက်ာင္းပ်က္ရေပမယ့္
ကိုယ့္အေဖနဲ႔အတူ ကုိယ့္ဘ၀မွာ
အေကာင္းဆုံးညတစ္ညျဖစ္လာႏိုင္တဲ့
အေတြ႕အႀကံဳမ်ိဳး ရႏုိင္မွာေလ။

ဒီအေတြ႕အႀကံဳေတြကို သင္ၾကားေပးလုိ႔မရပါဘူး”
”ေက်ာင္းအုပ္ႀကီးဆုိရင္လည္း
ေအးေဆးခြင့္ျပဳမွာ ေသခ်ာပါတယ္”လုိ႔
ပရိသတ္ေတြက အြန္လုိင္းမွာ ေရးသားခဲ့ပါတယ္။