သရဲနီပစ်မှတ် ဂတ်ခ်ပိုနောက်ကိုအာဆင်နယ်လိုက်နေပြီလို့ စကိုင်းစပေါ့ဂျာနယ်လစ် ဒရာမက်ရှက်ရှ် အသိပေး

အာဆင်နယ်အသင်းဟာသွင်းဂိုးတွေအတွက်ပြီးပြည့်စုံတဲ့ ပီအက်ဗွီတိုက်စစ်မှူးဂတ်ခ်ပိုကို ဇန်နဝါရီစျေးကွက်မှာခေါ်ယူနိုင်ဖို့အတွက် စတင်ကြိုးစားနေပြီဖြစ်တယ်။

တောင်ပံကစားအဖြစ်ရော၊ တိုက်စစ်မှူးအဖြစ်ပါကစားနိုင်တဲ့ နယ်သာလန်ကြယ်ပွင့်ဟာ ဒီရာသီ ပီအက်ဗွီအတွက် လိဂ်ပွဲစဉ် ၁၁ပွဲ မှာ ၉ဂိုးသွင်း၊ ၉ကြိမ်ဖန်တီးပြီး အကောင်းဆုံး ခြေစွမ်းပြသနေသလို

ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေမှာ ၃ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးပြီး ကြောက်မက်ဖွယ်ခြေစွမ်းပြထားနိုင်သူပါ။

ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်းမှာ လိဒ်ယူနိုက်တက်အသင်းအားကစားဒါရိုက်တာဗစ်တာအော်တာဟာ နယ်သာလန်အထိလာရောက်ပြီး

ဂတ်ခ်ပိုကို ယူရိုသန်း ၄၀ နဲ့ခေါ်ဖို့ချိတ်ဆက်ခဲ့ပေမဲ့ ကစားသမားဘက်က အီလန်ရုဒ်ကိုပြောင်းရွှေ့ဖို့ဆန္ဒမရှိခဲ့ပါဘူး။

စကိုင်းစပေါ့ဂျာနယ်လစ် ဒရာမက်ရှက်ရှ်က “အာဆင်နယ်ဟာ ဂတ်ခ်ပိုကိုစိတ်ဝင်စားသူတွေထဲကတစ်သင်းဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာ လတစ်လျှောက်လုံးမှာ ညာခြမ်းတိုက်စစ်ကဦးစားပေးအနေအထားလို့ထင်ပါတယ်” လို့ အသိပေးသွားခဲ့ပါတယ်။

အောက်တိုဘာအစောပိုင်းမှာတော့ နယ်သာလန်အခြေ စိုက်သတင်းစာ Voetbal International က ပီအက်ဗွီအသင်းဟာ ဘဏ္ဍာရေးအခြေအနေကြောင့်

ဇူလိုင်လမတိုင်ခင်မှာ သူတို့ရဲ့ထိပ်တန်းကြယ်ပွင့်တစ်ဦးကို ရောင်းချသွား လိမ့်မယ်လို့ရေးသား ဖော်ပြခဲ့ပါတယ်။

ဂတ်ခ်ပိုဟာ မန်ယူကိုပြောင်းရွှေ့လိမ့်မယ်လို့ ဆက်တိုက်ရေပန်း စားခဲ့သူဖြစ်ပေမဲ့ လက်ရှိမှာတော့ သရဲနီတွေဟာ ဒီကစားသမားရဖို့အတွက် ဇန်နဝါ ရီစျေးကွက်မှာ အာဆင်နယ်နဲ့ပြိုင်ဆိုင်ရပါလိမ့်မယ်။

(Zawgyi)

သရဲနီပစ္မွတ္ ဂတ္ခ္ပိုေနာက္ကိုအာဆင္နယ္လိုက္ေနၿပီလို႔ စကိုင္းစေပါ့ဂ်ာနယ္လစ္ ဒရာမက္ရွက္ရွ္ အသိေပး

အာဆင္နယ္အသင္းဟာသြင္းဂိုးေတြအတြက္ၿပီးျပည့္စုံတဲ့ ပီအက္ဗြီတိုက္စစ္မႉးဂတ္ခ္ပိုကို ဇန္နဝါရီေစ်းကြက္မွာေခၚယူႏိုင္ဖို႔အတြက္ စတင္ႀကိဳးစားေနၿပီျဖစ္တယ္။

ေတာင္ပံကစားအျဖစ္ေရာ၊ တိုက္စစ္မႉးအျဖစ္ပါကစားႏိုင္တဲ့ နယ္သာလန္ၾကယ္ပြင့္ဟာ ဒီရာသီ ပီအက္ဗြီအတြက္ လိဂ္ပြဲစဥ္ ၁၁ပြဲ မွာ ၉ဂိုးသြင္း၊

၉ႀကိမ္ဖန္တီးၿပီး အေကာင္းဆုံး ေျခစြမ္းျပသေနသလို ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္ေတြမွာ ၃ဂိုးသြင္း၊ ၂ႀကိမ္ဖန္တီးၿပီး ေၾကာက္မက္ဖြယ္ေျခစြမ္းျပထားႏိုင္သူပါ။

ၿပီးခဲ့တဲ့စက္တင္ဘာလ အတြင္းမွာ လိဒ္ယူႏိုက္တက္အသင္းအားကစားဒါ႐ိုက္တာဗစ္တာေအာ္တာဟာ နယ္သာလန္အထိလာေရာက္ၿပီး ဂတ္ခ္ပိုကို ယူ႐ိုသန္း ၄၀ နဲ႔ေခၚဖို႔ခ်ိတ္ဆက္ခဲ့ေပမဲ့ ကစားသမားဘက္က အီလန္႐ုဒ္ကိုေျပာင္းေ႐ႊ႕ဖို႔ဆႏၵမရွိခဲ့ပါဘူး။

စကိုင္းစေပါ့ဂ်ာနယ္လစ္ ဒရာမက္ရွက္ရွ္က “အာဆင္နယ္ဟာ ဂတ္ခ္ပိုကိုစိတ္ဝင္စားသူေတြထဲကတစ္သင္းျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ကာ လတစ္ေလွ်ာက္လုံးမွာ ညာျခမ္းတိုက္စစ္ကဦးစားေပးအေနအထားလို႔ထင္ပါတယ္” လို႔ အသိေပးသြားခဲ့ပါတယ္။

ေအာက္တိုဘာအေစာပိုင္းမွာေတာ့ နယ္သာလန္အေျခ စိုက္သတင္းစာ Voetbal International က ပီအက္ဗြီအသင္းဟာ ဘ႑ာေရးအေျခအေနေၾကာင့္ ဇူလိုင္လမတိုင္ခင္မွာ သူတို႔ရဲ႕ထိပ္တန္းၾကယ္ပြင့္တစ္ဦးကို ေရာင္းခ်သြား လိမ့္မယ္လို႔ေရးသား ေဖာ္ျပခဲ့ပါတယ္။

ဂတ္ခ္ပိုဟာ မန္ယူကိုေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ဆက္တိုက္ေရပန္း စားခဲ့သူျဖစ္ေပမဲ့ လက္ရွိမွာေတာ့ သရဲနီေတြဟာ ဒီကစားသမားရဖို႔အတြက္ ဇန္နဝါ ရီေစ်းကြက္မွာ အာဆင္နယ္နဲ႔ၿပိဳင္ဆိုင္ရပါလိမ့္မယ္။