
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ





လိဂ်-၁ ကလပ် ချာလ်တန်ကို အန်တိုနီရဲ့အလှပဆုံးသွင်းဂိုး
တစ်ဂိုးအပါအဝင် ၃ဂိုး ပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်





တက်လှမ်းခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ဆောင်းရာသီ
အားလပ်ရက်အပြီးပွဲစဉ်တွေမှာ ယူနိုက်တက်ရဲ့အဆင့်အတန်းကို
ထပ်မံသက်သေပြလိုက်ဖြစ်တယ်။ တစ်ဖက်မှာတော့ နည်းပြ





ဒင်းဟိုလ်ဒန်ဟာ ချာလ်တန်အသင်းကို ၅ပွဲ မြောက်တာဝန်ယူမှုသာ
ရှိသေးပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့ပေမဲ့





ရင်ခုန်စရာခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ နယ်သာလန်သား
တန်ဟတ်ဟာ ချာလ်တန်ရဲ့ကစားပေါက်ကို အတော်လေး
သဘောကျခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တန်ဟတ်ဟာ ချာလ်တန်





နည်းပြကို သူ့ရဲ့ရုံးခန်းအထိခေါ်ပြီး ဘီယာအတူသောက်ခဲ့သလို
ဇနီးသည်အတွက် ဝိုင်တစ်လုံးလက်ဆောင်ထည့်ပေးလိုက်ပါသေးတယ်။





ပွဲပြီးအင်တာဗျူးမှာ ဒင်းဟိုလ်ဒန်က “ဂိမ်းပြီးတဲ့နောက်
သူ့ရုံးခန်းထဲလာဖို့ တန်ဟတ်က ဖိတ်ခေါ်ခဲ့တယ်။
ကျွန်တော်တို့ ဘီယာအတူသောက်ခဲ့ပြီး ကျွန်တော့်ဇနီးအတွက်





ဝိုင်တစ်လုံးနဲ့ ရက်ရှ်ဖို့ဒ်အင်္ကျီတစ်ထည်လက်ဆောင်ပေးလိုက်ပါတယ်။
ဒီထက်ပိုပြီးအရေးကြီးတာကတော့ သူက ကျွန်တော့်ကို





ကာရင်တန်လေ့ကျင့်ရေးကွင်းလာဖို့ဖိတ်ခေါ်ခဲ့တယ်။
ဒါဟာ လူငယ်နည်းပြတစ်ယောက်အတွက် တန်ဖိုးဖြတ်လို့
မရတဲ့အရာပါ” လို့ ဖွင့်ဟခဲ့ပါတယ်။ ချာလ်တန်နည်းပြ





ဒင်းဟိုလ်ဒန်ဟာ ယူနိုက်တက်အမာခံပရိတ်တစ်ယောက်ဖြစ်ပြီး
တစ်ရာသီစာလက်မှတ်ကို ကိုင်ဆောင်ထားသူဖြစ်ပါတယ်။





ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ပြိုင်ဘက်နည်းပြတစ်ယောက်အဖြစ်
လာရောက်ခွင့်ရတာက သူ့အတွက်မဟာအခွင့်အရေးလိုဖြစ်ခဲ့ပြီး
တန်ဟတ်ကလည်း နွေးထွေးစွာကြိုဆိုခဲ့တာဖြစ်တယ်။





zawgyi
သရဲနီေထာက္ခံသူ ခ်ာလ္တန္နည္းျပကို အိုးလ္ထရက္ဖို႔ဒ္ေရာက္ခိုက္မွာ တန္ဟတ္ အလန္းစား ဂုဏ္ျပဳေပးခဲ့





ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္မွာ
လိဂ္-၁ ကလပ္ ခ်ာလ္တန္ကို အန္တိုနီရဲ႕အလွပဆုံးသြင္းဂိုး
တစ္ဂိုးအပါအဝင္ ၃ဂိုး ျပတ္အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္





တက္လွမ္းခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့ ေဆာင္းရာသီ
အားလပ္ရက္အၿပီးပြဲစဥ္ေတြမွာ ယူႏိုက္တက္ရဲ႕အဆင့္အတန္းကို





ထပ္မံသက္ေသျပလိုက္ျဖစ္တယ္။ တစ္ဖက္မွာေတာ့ နည္းျပ
ဒင္းဟိုလ္ဒန္ဟာ ခ်ာလ္တန္အသင္းကို ၅ပြဲ ေျမာက္တာဝန္ယူမႈသာ
ရွိေသးၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးေပါက္ရွာမေတြ႕ခဲ့ေပမဲ့





ရင္ခုန္စရာေျခစြမ္းမ်ိဳးျပသႏိုင္ခဲ့ပါတယ္။ နယ္သာလန္သား
တန္ဟတ္ဟာ ခ်ာလ္တန္ရဲ႕ကစားေပါက္ကို အေတာ္ေလး





သေဘာက်ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ တန္ဟတ္ဟာ ခ်ာလ္တန္
နည္းျပကို သူ႔ရဲ႕႐ုံးခန္းအထိေခၚၿပီး ဘီယာအတူေသာက္ခဲ့သလို
ဇနီးသည္အတြက္ ဝိုင္တစ္လုံးလက္ေဆာင္ထည့္ေပးလိုက္ပါေသးတယ္။





ပြဲၿပီးအင္တာဗ်ဴးမွာ ဒင္းဟိုလ္ဒန္က “ဂိမ္းၿပီးတဲ့ေနာက္
သူ႔႐ုံးခန္းထဲလာဖို႔ တန္ဟတ္က ဖိတ္ေခၚခဲ့တယ္။





ကြၽန္ေတာ္တို႔ ဘီယာအတူေသာက္ခဲ့ၿပီး ကြၽန္ေတာ့္ဇနီးအတြက္
ဝိုင္တစ္လုံးနဲ႔ ရက္ရွ္ဖို႔ဒ္အက်ႌတစ္ထည္လက္ေဆာင္ေပးလိုက္ပါတယ္။
ဒီထက္ပိုၿပီးအေရးႀကီးတာကေတာ့ သူက ကြၽန္ေတာ့္ကို





ကာရင္တန္ေလ့က်င့္ေရးကြင္းလာဖို႔ဖိတ္ေခၚခဲ့တယ္။
ဒါဟာ လူငယ္နည္းျပတစ္ေယာက္အတြက္ တန္ဖိုးျဖတ္လို႔





မရတဲ့အရာပါ” လို႔ ဖြင့္ဟခဲ့ပါတယ္။ ခ်ာလ္တန္နည္းျပ
ဒင္းဟိုလ္ဒန္ဟာ ယူႏိုက္တက္အမာခံပရိတ္တစ္ေယာက္ျဖစ္ၿပီး
တစ္ရာသီစာလက္မွတ္ကို ကိုင္ေဆာင္ထားသူျဖစ္ပါတယ္။





ဒါေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို ၿပိဳင္ဘက္နည္းျပတစ္ေယာက္အျဖစ္
လာေရာက္ခြင့္ရတာက သူ႔အတြက္မဟာအခြင့္အေရးလိုျဖစ္ခဲ့ၿပီး





တန္ဟတ္ကလည္း ေႏြးေထြးစြာႀကိဳဆိုခဲ့တာျဖစ္တယ္။