သရဲနီတစ်သင်းလုံးကို တစ်ယောက်တည်းနဲ့ ဒုက္ခပေးခဲ့တဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူးဒန်းနစ်ကို ယူနိုက်တက်ခေါ်ယူတော့မှာလား…

၂၀၁၉ ခုနှစ် မက်ဒရစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကလပ်ဘရုချ် အသင်းရဲ့

၂၁နှစ်သား နိုက်ဂျီးရီးယား ကစားသမားလေးတစ်ယောက်ဟာ

ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို တစ်ပွဲထဲ နှစ် ဂိုးသွင်းယူခဲ့သလို ဂိုးသွင်းပြီးချိန်မှာ

ရော်နယ်ဒိုရဲ့ ပုံစံအတိုင်း အောင်ပွဲခံခဲ့တာကို မှတ်မိကြပါသေးလား။

သူက ရော်နယ်ဒိုကို လေးစားအားကျတဲ့ ဖန်တစ်ယောက်ပေါ့…

ပွဲပြီးချိန်မှာ သတင်းထောက်တွေက “ခင်ဗျား ဘာကြောင့် စီရော်နယ်ဒိုလို

ဂိုးသွင်းအောင်ပွဲခံတဲ့ ပုံစံမျိုး လိုက်လုပ်ရတာလဲ? ” လို့မေးခဲ့ချိန်မှာလည်း

သူက ” ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရော်နယ်ဒိုကို

သဘောကျတဲ့ ဖန်တစ်ယောက်ပါ။

ကမ္ဘာပေါ်က ကစားသမားတွေထဲမှာ သူက ကျွန်တော်အကြိုက်ဆုံး

ကစားသမားပါ။ သူ ရီးရဲလ်က ထွက်သွားတော့

ကျွန်တော် မပျော်တော့ပါဘူး။ ဒါကြောင့် အားလုံး တစ်ခုခုကို

သတိရ လွမ်းဖွယ်ဖြစ်သွားအောင်

ကျွန်တော် ရော်နယ်ဒိုရဲ့ စတိုင်အတိုင်း အောင်ပွဲခံလိုက်တာပါ။” ဆိုပြီး

ပြန်ဖြေခဲ့တဲ့သူ… သူ့နာမည်က အီမန်နူရယ်ဒန်းနစ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ဆိုလ်းရှားရဲ့ယူနိုက်တက်နည်းပြဘဝနောက်ဆုံးပွဲစဉ်ဖြစ်စေခဲ့တဲ့

ဝက်ဖို့ဒ်အသင်းကို (၄-၁) ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲက နောက်ဆုံးမိနစ်မှာ

သွင်းဂိုးရယူသွားခဲ့တဲ့ ကစားသမားဟာ အီမန်နူရယ်ဒန်းနစ်ပါပဲ။

ယူနိုက်တက်နဲ့ကစားခဲ့တဲ့ ပွဲစဉ်တစ်ခုလုံးမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်ပြီး

ယူနိုက်တက်ခံစစ်တစ်ခုလုံးကို သူ့တစ်ယောက်တည်းအားနဲ့

ထိုးဖောက်မွှေနှောက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

အခုယူနိုက်တက်ရဲ့ ယူနိုက်တက်နည်းပြရန်နစ်ခ်ရဲ့ ခေါ်ယူဖို့

ပစ်မှတ်ထားနေတဲ့ကစားသမားစာရင်းမှာ ဒီ နိုက်ဂျီးရီးယားသားလေးပါဝင်လာခဲ့ပါတယ်။

သတင်းမှာလည်း ဒီကစားသမားနဲ့ ယူနိုက်တက် ရဲ့

အကြောင်းတွေကို ဖော်ပြလာခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းနဲ့ အနာဂတ်မသေချာဖြစ်နေတဲ့ ကာဗာနီရဲ့နေရာမှာ

အစားထိုးဖို့အတွက် ဒန်းနစ်ကို ခေါ်ယူလိုနေတာဖြစ်ပြီး

နည်းပြရန်နစ်ခ်က စောင့်ကြည့်ကစားသမားတွေထဲမှာ

ဒန်းနစ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။

ဒီနိုက်ဂျီးရီးယားလက်ရွေးစင်ဟာ အခုဆိုရင် အသက်(၂၄)နှစ်ရှိနေပြီဖြစ်သလို

ပြီးခဲ့တဲ့ နွေရာသီကမှ ကလပ်ဘရုချ်အသင်းကနေ ဝက်ဖို့ဒ်အသင်းဆီ

ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ

အသင်းအတွက်ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ်(၁၅)ပွဲမှာ၊

(၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်အထိပြုလုပ်ထားသူပါ။

တိုက်စစ်မှူးအဖြစ်သာမက တိုက်စစ်နေရာစုံမှာကစားနိုင်တာကြောင့်

ယူနိုက်တက်နည်းပြရန်နစ်ခ်ရဲ့နည်းစနစ်တွေနဲ့ အဆင်ပြေနိုင်မယ့်

ကစားသမားတစ်ဦးလို့သတ်မှတ်ရမှာလည်းဖြစ်ပါတယ်။ အခုအချိန်မှာ

ယူနိုက်တက်အသင်းမှာ သူ့ရဲ့အိုင်ဒေါ ရော်နယ်ဒိုရှိနေတာကြောင့်

ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အတူတွဲကစားနိုင်မယ့်

အခွင့်အရေးလည်းရှိနေတာကြောင့်

မကြာခင်အချိန်မှာ ဒန်းနစ်ယူနိုက်တက်ကိုရောက်လာတော့မလားဆိုတာက

ယူနိုက်တက်ပရိသတ်တွေ သိချင်နေမယ့် အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။

zawgyi

သရဲနီတစ္သင္းလုံးကို တစ္ေယာက္တည္းနဲ႔ ဒုကၡေပးခဲ့တဲ့ ဝက္ဖို႔ဒ္တိုက္စစ္မႉးဒန္းနစ္ကို ယူႏိုက္တက္ေခၚယူေတာ့မွာလား…

၂၀၁၉ ခုႏွစ္ မက္ဒရစ္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကလပ္ဘ႐ုခ်္ အသင္းရဲ႕

၂၁ႏွစ္သား ႏိုက္ဂ်ီးရီးယား ကစားသမားေလးတစ္ေယာက္ဟာ

ရီးရဲလ္မက္ဒရစ္အသင္းဘက္ကို တစ္ပြဲထဲ ႏွစ္ ဂိုးသြင္းယူခဲ့သလို ဂိုးသြင္းၿပီးခ်ိန္မွာ

ေရာ္နယ္ဒိုရဲ႕ ပုံစံအတိုင္း ေအာင္ပြဲခံခဲ့တာကို မွတ္မိၾကပါေသးလား။

သူက ေရာ္နယ္ဒိုကို ေလးစားအားက်တဲ့ ဖန္တစ္ေယာက္ေပါ့…

ပြဲၿပီးခ်ိန္မွာ သတင္းေထာက္ေတြက “ခင္ဗ်ား ဘာေၾကာင့္ စီေရာ္နယ္ဒိုလို

ဂိုးသြင္းေအာင္ပြဲခံတဲ့ ပုံစံမ်ိဳး လိုက္လုပ္ရတာလဲ? ” လို႔ေမးခဲ့ခ်ိန္မွာလည္း

သူက ” ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ေရာ္နယ္ဒိုကို

သေဘာက်တဲ့ ဖန္တစ္ေယာက္ပါ။

ကမာၻေပၚက ကစားသမားေတြထဲမွာ သူက ကြၽန္ေတာ္အႀကိဳက္ဆုံး

ကစားသမားပါ။ သူ ရီးရဲလ္က ထြက္သြားေတာ့

ကြၽန္ေတာ္ မေပ်ာ္ေတာ့ပါဘူး။ ဒါေၾကာင့္ အားလုံး တစ္ခုခုကို

သတိရ လြမ္းဖြယ္ျဖစ္သြားေအာင္

ကြၽန္ေတာ္ ေရာ္နယ္ဒိုရဲ႕ စတိုင္အတိုင္း ေအာင္ပြဲခံလိုက္တာပါ။” ဆိုၿပီး

ျပန္ေျဖခဲ့တဲ့သူ… သူ႔နာမည္က အီမန္ႏူရယ္ဒန္းနစ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက ဆိုလ္းရွားရဲ႕ယူႏိုက္တက္နည္းျပဘဝေနာက္ဆုံးပြဲစဥ္ျဖစ္ေစခဲ့တဲ့

ဝက္ဖို႔ဒ္အသင္းကို (၄-၁) ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲက ေနာက္ဆုံးမိနစ္မွာ

သြင္းဂိုးရယူသြားခဲ့တဲ့ ကစားသမားဟာ အီမန္ႏူရယ္ဒန္းနစ္ပါပဲ။

ယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ ပြဲစဥ္တစ္ခုလုံးမွာလည္း ေျခစြမ္းျပကစားႏိုင္ခဲ့သူလည္းျဖစ္ၿပီး

ယူႏိုက္တက္ခံစစ္တစ္ခုလုံးကို သူ႔တစ္ေယာက္တည္းအားနဲ႔

ထိုးေဖာက္ေမႊေႏွာက္ကစားခဲ့သူလည္းျဖစ္ပါတယ္။

အခုယူႏိုက္တက္ရဲ႕ ယူႏိုက္တက္နည္းျပရန္နစ္ခ္ရဲ႕ ေခၚယူဖို႔

ပစ္မွတ္ထားေနတဲ့ကစားသမားစာရင္းမွာ ဒီ ႏိုက္ဂ်ီးရီးယားသားေလးပါဝင္လာခဲ့ပါတယ္။

သတင္းမွာလည္း ဒီကစားသမားနဲ႔ ယူႏိုက္တက္ ရဲ႕

အေၾကာင္းေတြကို ေဖာ္ျပလာခဲ့ၾကပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ အနာဂတ္မေသခ်ာျဖစ္ေနတဲ့ ကာဗာနီရဲ႕ေနရာမွာ

အစားထိုးဖို႔အတြက္ ဒန္းနစ္ကို ေခၚယူလိုေနတာျဖစ္ၿပီး

နည္းျပရန္နစ္ခ္က ေစာင့္ၾကည့္ကစားသမားေတြထဲမွာ

ဒန္းနစ္ရဲ႕စြမ္းေဆာင္ရည္ကို သေဘာက်ေနပါတယ္။

ဒီႏိုက္ဂ်ီးရီးယားလက္ေ႐ြးစင္ဟာ အခုဆိုရင္ အသက္(၂၄)ႏွစ္ရွိေနၿပီျဖစ္သလို

ၿပီးခဲ့တဲ့ ေႏြရာသီကမွ ကလပ္ဘ႐ုခ်္အသင္းကေန ဝက္ဖို႔ဒ္အသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ေပမယ့္ အခ်ိန္တိုအတြင္းမွာပဲ

အသင္းအတြက္ေျခစြမ္းျပကစားေနၿပီး ပရီးမီးယားလိဂ္(၁၅)ပြဲမွာ၊

(၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္အထိျပဳလုပ္ထားသူပါ။

တိုက္စစ္မႉးအျဖစ္သာမက တိုက္စစ္ေနရာစုံမွာကစားႏိုင္တာေၾကာင့္

ယူႏိုက္တက္နည္းျပရန္နစ္ခ္ရဲ႕နည္းစနစ္ေတြနဲ႔ အဆင္ေျပႏိုင္မယ့္

ကစားသမားတစ္ဦးလို႔သတ္မွတ္ရမွာလည္းျဖစ္ပါတယ္။ အခုအခ်ိန္မွာ

ယူႏိုက္တက္အသင္းမွာ သူ႔ရဲ႕အိုင္ေဒါ ေရာ္နယ္ဒိုရွိေနတာေၾကာင့္

ယူႏိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့မယ္ဆိုရင္ အတူတြဲကစားႏိုင္မယ့္

အခြင့္အေရးလည္းရွိေနတာေၾကာင့္

မၾကာခင္အခ်ိန္မွာ ဒန္းနစ္ယူႏိုက္တက္ကိုေရာက္လာေတာ့မလားဆိုတာက

ယူႏိုက္တက္ပရိသတ္ေတြ သိခ်င္ေနမယ့္ အေၾကာင္းအရာတစ္ခုျဖစ္ေနပါတယ္။