သရဲနီစိတ်ဓာတ်ကို ခင်ဗျားတို့ မြင်ပြီမဟုတ်လားဆိုတဲ့ တန်ဟတ်

ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် ၉၀+၄ မိနစ်ရောက်မှ ချေပဂိုး သွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ မဆုတ်မနစ် ဇွဲလုံ့လကြီးစွာနဲ့ ကြိုးစားအားထုတ် မှုအပေါ် မန်ယူနည်းပြ တန်ဟတ်က ချီးမွမ်းသွားခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ် ပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ ပွဲချိန် ၈၇ မိနစ် ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရတော့မလို ဖြစ်ခဲ့ပေမယ့် မန်ယူက နောက်ကနေလိုက်ပြီး အလျှော့မပေးတမ်း ကစားခဲ့တာကြောင့် သရဲနီတွေဟာ သရေတစ်မှတ်နဲ့ အိမ်ပြန်ခွင့်ရခဲ့တယ်။

ဒါကြောင့် ဒီပွဲမှာ အလျှော့မပေးဘဲ ကြိုးစားအားထုတ်သွားခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေကို နည်းပြ တန်ဟတ်က အခုလိုချီးမွမ်းခဲ့ပါတယ်။

‘’ကျွန်တော်အသင်းကို ကြီးမားတဲ့ ချီးမွမ်းမှု လုပ်ရမယ်။ ၁၀ ရက်အတွင်း ၄ ပွဲမြောက် ကစားပြီး ပြန်လာနိုင်ခဲ့တာ။ အသင်းရဲ့ စိတ်ဓာတ်ကို ခင်ဗျား တွေ့ပြီမဟုတ်လား။

ပွဲတွေဆက်တိုက်ရှိနေ တာကို သူတို့ ဘယ်လိုလုပ်သွားလဲဆိုတာလေ။ တကယ်ကို ကောင်းတယ်။ ပထမပိုင်းမှာ ရက်ရှ်ဖို့ဒ် အပိုင်အခွင့်အရေး နှစ်ကြိမ် ရခဲ့တယ်။

အန်တိုနီရဲ့ ကန်ချက်ကလည်း ပုတ်ထုတ်တာ ခံလိုက်ရတယ်။ အဲဒီလို အခါမျိုးတွေမှာ ဂိုးသွင်းထားရမှာပါ။

ဘာကြောင့်လဲဆိုတော့ အသင်းကြီးတစ်သင်းနဲ့ ကစား တဲ့အခါ အခွင့်အရေး ၃ ကြိမ် လောက်ရတယ်ဆိုတာက မဟာအခွင့်အရေး ကြီးပါပဲ။ ဂိုးသွင်းရမှာ။ ပထမပိုင်း မပြီးခင် ၈ မိနစ်လောက်မှာ ကျွန်တော်တို့ အခက်ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ခံစစ်နဲ့ပတ်သက်ပြီး ဘာမှ အခက်အခဲမရှိတော့ဘူး။

ဒုတိယပိုင်းမှာ ကျွန်တော်တို့လည်း အခွင့်အရေး တွေ မဖန်တီးနိုင်ခဲ့သလို ချဲလ်ဆီးကလည်း မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါက မျှတတဲ့ ရလဒ်ပါ။

တစ်မှတ်မှ မရခဲ့ရင်သာပဲ ကျွန်တော် စိတ်ပျက်မှာ ဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရှုံးနဲ့ မထိုက်တန်လို့ပါ’’ လို့ တန်ဟတ်က ချဲလ်ဆီးနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံ ကစားသမား ဗာရာနီရဲ့ အခြေအနေကိုတော့ အတိအကျ မပြောနိုင်သေးဘူး လို့ တန်ဟတ်က ပြောဆိုခဲ့ပြီး ၂၄ နာရီအတွင်း အဖြေသိရမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

သရဲနီစိတ္ဓာတ္ကို ခင္ဗ်ားတို႔ ျမင္ၿပီမဟုတ္လားဆိုတဲ့ တန္ဟတ္

ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ပြဲခ်ိန္ ၉၀+၄ မိနစ္ေရာက္မွ ေခ်ပဂိုး သြင္းႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ မဆုတ္မနစ္ ဇြဲလုံ႔လႀကီးစြာနဲ႔ ႀကိဳးစားအားထုတ္ မႈအေပၚ မန္ယူနည္းျပ တန္ဟတ္က ခ်ီးမြမ္းသြားခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ ပြဲစဥ္မွာ အိမ္ရွင္ခ်ဲလ္ဆီးဟာ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပြဲခ်ိန္ ၈၇ မိနစ္ ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး အႏိုင္ရေတာ့မလို ျဖစ္ခဲ့ေပမယ့္ မန္ယူက ေနာက္ကေနလိုက္ၿပီး အေလွ်ာ့မေပးတမ္း ကစားခဲ့တာေၾကာင့္ သရဲနီေတြဟာ သေရတစ္မွတ္နဲ႔ အိမ္ျပန္ခြင့္ရခဲ့တယ္။

ဒါေၾကာင့္ ဒီပြဲမွာ အေလွ်ာ့မေပးဘဲ ႀကိဳးစားအားထုတ္သြားခဲ့တဲ့ ယူႏိုက္တက္အသင္းသားေတြကို နည္းျပ တန္ဟတ္က အခုလိုခ်ီးမြမ္းခဲ့ပါတယ္။ ‘’ကြၽန္ေတာ္အသင္းကို ႀကီးမားတဲ့ ခ်ီးမြမ္းမႈ လုပ္ရမယ္။ ၁၀ ရက္အတြင္း ၄ ပြဲေျမာက္ ကစားၿပီး ျပန္လာႏိုင္ခဲ့တာ။

အသင္းရဲ႕ စိတ္ဓာတ္ကို ခင္ဗ်ား ေတြ႕ၿပီမဟုတ္လား။ ပြဲေတြဆက္တိုက္ရွိေန တာကို သူတို႔ ဘယ္လိုလုပ္သြားလဲဆိုတာေလ။

တကယ္ကို ေကာင္းတယ္။ ပထမပိုင္းမွာ ရက္ရွ္ဖို႔ဒ္ အပိုင္အခြင့္အေရး ႏွစ္ႀကိမ္ ရခဲ့တယ္။ အန္တိုနီရဲ႕ ကန္ခ်က္ကလည္း ပုတ္ထုတ္တာ ခံလိုက္ရတယ္။ အဲဒီလို အခါမ်ိဳးေတြမွာ ဂိုးသြင္းထားရမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ အသင္းႀကီးတစ္သင္းနဲ႔ ကစား တဲ့အခါ အခြင့္အေရး ၃ ႀကိမ္ ေလာက္ရတယ္ဆိုတာက မဟာအခြင့္အေရး ႀကီးပါပဲ။ ဂိုးသြင္းရမွာ။ ပထမပိုင္း မၿပီးခင္ ၈ မိနစ္ေလာက္မွာ ကြၽန္ေတာ္တို႔ အခက္ႀကဳံခဲ့ရတယ္။ ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ခံစစ္နဲ႔ပတ္သက္ၿပီး ဘာမွ အခက္အခဲမရွိေတာ့ဘူး။

ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔လည္း အခြင့္အေရး ေတြ မဖန္တီးႏိုင္ခဲ့သလို ခ်ဲလ္ဆီးကလည္း မဖန္တီးႏိုင္ခဲ့ပါဘူး။ ဒါက မွ်တတဲ့ ရလဒ္ပါ။ တစ္မွတ္မွ မရခဲ့ရင္သာပဲ ကြၽန္ေတာ္ စိတ္ပ်က္မွာ ျဖစ္ပါတယ္။

ဘာ ေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အရႈံးနဲ႔ မထိုက္တန္လို႔ပါ’’ လို႔ တန္ဟတ္က ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။

ဒဏ္ရာရသြားခဲ့တဲ့ ေနာက္ခံ ကစားသမား ဗာရာနီရဲ႕ အေျခအေနကိုေတာ့ အတိအက် မေျပာႏိုင္ေသးဘူး လို႔ တန္ဟတ္က ေျပာဆိုခဲ့ၿပီး ၂၄ နာရီအတြင္း အေျဖသိရမယ္လို႔လည္း ေျပာ ဆိုသြားခဲ့ပါတယ္။