
အဲဗာတန်အသင်းဟာ ယူနိုက်တက်မှာ နေရာရဖို့ရုန်းကန်နေရတဲ့
ဗန်ဒီဘိခ်ကို အငှားခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အစောပိုင်းကာလများတွင် ပဲလေ့စ်အသင်းကိုပြောင်းရွေ့ဖို့
သတင်းထွက်ပေါ်ခဲ့သော်လည်း နည်းပြသစ် ဖြစ်လာတဲ့
ဖရန့် လမ်းပတ်ကြောင့် ဗန်ဒီဘိခ် အနေနဲ့ အဲဗာတန်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အဲဗာတန် ဟာ နယ်သာလန်ကွင်းလယ်လူအတွက်
လုပ်ခလစာအပြည့်အဝပေးချေမှာဖြစ်ပြီးဇွန်လ အထိ
အငှားခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ
ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ ယူနိုက်တက်ထံ
ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး
ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။
ဗန်ဒီဘိခ်ဟာ အေဂျက်မှာ ရှိနေစဉ်က အသင်းရဲ့
အဓိက ကွင်းလယ်လူ တစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့်
ကြံ့ခိုင်မှု အသားပေး ကစားလေ့ ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ
ရောက်လာချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့
ရုန်းကန်နေရပြီး ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်လည်း မရထားပါဘူး။
ဒါကြောင့်ပဲ ဗန်ဒီဘိခ်ဟာ သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ
ခြေစွမ်းပြ ကစားနိုင်ကြောင်းကို ပြသချင်တာကြောင့်
သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးမယ့် ပရီးမီးယားလိဂ်
အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ စိတ်ရှည်ရှည်နဲ့ အခွင့်အရေးစောင့်ခဲ့ပါသေးတယ်။
နည်းပြတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားပေမယ့်
သူကတော့ အရန်ခုံပေါ်မှာပဲ ထိုင်နေရတာဖြစ်ပြီး၊
အခုတော့ တကယ် သရဲနီဂျာစီ ချွတ်လိုက်ပါပြီ။
zawgyi
သရဲနီဂ်ာစီ ခြၽတ္လိုက္ၿပီး အဲဗာတန္ဆီသြားၿပီျဖစ္တဲ့ ဗန္ဒီဘိခ္
အဲဗာတန္အသင္းဟာ ယူႏိုက္တက္မွာ ေနရာရဖို႔႐ုန္းကန္ေနရတဲ့
ဗန္ဒီဘိခ္ကို အငွားေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အေစာပိုင္းကာလမ်ားတြင္ ပဲေလ့စ္အသင္းကိုေျပာင္းေ႐ြ႕ဖို႔
သတင္းထြက္ေပၚခဲ့ေသာ္လည္း နည္းျပသစ္ ျဖစ္လာတဲ့
ဖရန႔္ လမ္းပတ္ေၾကာင့္ ဗန္ဒီဘိခ္ အေနနဲ႔ အဲဗာတန္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
အဲဗာတန္ ဟာ နယ္သာလန္ကြင္းလယ္လူအတြက္
လုပ္ခလစာအျပည့္အဝေပးေခ်မွာျဖစ္ၿပီးဇြန္လ အထိ
အငွားေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အသက္ ၂၄ႏွစ္ အ႐ြယ္ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ
ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ေအဂ်က္ကေန ယူႏိုက္တက္ထံ
ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၈သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး
ယူႏိုက္တက္နဲ႔ ၂၀၂၅ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူပါ။
ဗန္ဒီဘိခ္ဟာ ေအဂ်က္မွာ ရွိေနစဥ္က အသင္းရဲ႕
အဓိက ကြင္းလယ္လူ တစ္ဦး အျဖစ္ ေျခစြမ္းျပ ကစားႏိုင္ခဲ့ေပမယ့္
ႀကံ့ခိုင္မႈ အသားေပး ကစားေလ့ ရွိတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ
ေရာက္လာခ်ိန္မွာေတာ့ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ဖို႔
႐ုန္းကန္ေနရၿပီး ယူႏိုက္တက္မွာ ပုံမွန္ ပြဲထြက္ခြင့္လည္း မရထားပါဘူး။
ဒါေၾကာင့္ပဲ ဗန္ဒီဘိခ္ဟာ သူက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ
ေျခစြမ္းျပ ကစားႏိုင္ေၾကာင္းကို ျပသခ်င္တာေၾကာင့္
သူ႔ကို ပုံမွန္ ပြဲထြက္ခြင့္ ေပးမယ့္ ပရီးမီးယားလိဂ္
အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာပါ။
ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ စိတ္ရွည္ရွည္နဲ႔ အခြင့္အေရးေစာင့္ခဲ့ပါေသးတယ္။
နည္းျပေတြ တစ္ေယာက္ၿပီး တစ္ေယာက္ေျပာင္းသြားေပမယ့္
သူကေတာ့ အရန္ခုံေပၚမွာပဲ ထိုင္ေနရတာျဖစ္ၿပီး၊
အခုေတာ့ တကယ္ သရဲနီဂ်ာစီ ခြၽတ္လိုက္ပါၿပီ။